ႏိုင္ငံျခားသားအျဖစ္ ခံယူထားသည့္ NCA လက္မွတ္ထိုးအဖြဲ႕ ေခါင္းေဆာင္အခ်ိဳ႕အား ႏိုင္ငံသားျပန္လည္ ခံယူရန္ အစိုးရတိုက္တြန္း

Posted on

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ထိုးထား သည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္မ်ားအနက္ ႏိုင္ငံျခားသားအျဖစ္ ခံယူထားသည့္ ေခါင္းေဆာင္မ် ာအားး ျမန္မာႏိုင္ငံသား ျပန္လည္ခံယူရန္ အစိုးရက တိုက္တြန္းထားေၾကာင္း သိရသည္။လြန္ခဲ့ေသာရက္ပိုင္းက ေနျပည္ေတာ္၌ အစိုးရႏွင့္ တိုင္းရင္းသား အဖြဲ႕ ေခါင္းေဆာင္မ်ား ေတြ႕ဆုံစဥ္ကပင္ အထက္ပါအတိုင္း တိုက္တြန္းမႈရွိသည္ဟု သိရေၾကာင္း ရွမ္းလက္နက္ကိုင္အဖြဲ႕(RCSS) အႀကံေပး ဦးခြန္းေဆက ေျပာၾကားခဲ့သည္။

‘‘ႏိုင္ငံျခားသား လက္မွတ္ကိုင္တဲ့သူေတြဆို ျဖစ္ႏိုင္လို႔ရွိရင္ေတာ့ ႏိုင္ငံသား လက္မွတ္ျပန္ကိုင္ ဖို႔ တိုက္တြန္းတယ္ဆိုၿပီး ေျပာတာရွိတယ္။ တကယ္လို႔ ႏိုင္ငံျခားမွာ ပညာေတာ္သင္ၿပီး အေႂကြးတင္လို႔ရွိရင္လည္း အကုန္လုံးဆပ္ေပးမယ္လို႔ ေျပာတယ္။ အစိုးရဘက္က ေျပာတာေပါ့’’ဟု ဦးခြန္းေဆက ေျပာၾကားသည္။

တိုင္းရင္းသား အဖြဲ႕ ေခါင္းေဆာင္မ်ားသည္ ႏိုင္ငံေရး လႈပ္ရွားမႈအပါအဝင္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အျခားႏိုင္ငံသား အျဖစ္ ခံယူထားသူမ်ား ရွိရာ အခ်ိဳ႕သည္လည္း ျမန္မာႏိုင္ငံသားအျဖစ္ ျပန္လည္ခံယူၿပီး ႏိုင္ငံသား ကတ္ရရွိၿပီး ျဖစ္သည္။

တစ္ဖက္တြင္လည္း ႏိုင္ငံျခားသားခံယူထားသည့္ NCA လက္မွတ္ထိုးအဖြဲ႕တစ္ခု၏ ဥကၠ႒တစ္ဦးကို အစိုးရက ျပည္ဝင္ခြင့္ပိတ္ပင္ထားေၾကာင္း သတင္းမ်ားထြက္ေပၚေနရာ ယင္းကိစၥ မဟုတ္မွန္ေၾကာင္း သမၼတ႐ုံးေျပာေရး ဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက တိုင္းရင္းသား အဖြဲ႕အစည္းမ်ားထံ ျပန္လည္ရွင္းျပထားသည္ဟု သိရေၾကာင္း ဦးခြန္းေဆက ေျပာ သည္။

NCA လက္မွတ္ထိုးထား သည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ားမွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး (KNU)၊ ခ်င္းအမ်ိဳးသားတပ္ဦး (CNF)၊ ရခိုင္ျပည္ လြတ္ ေျမာက္ေရးပါတီ (ALP)၊ မြန္ျပည္သစ္ပါတီ (NSMP)၊ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး (LDU)၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး (ABSDF)၊ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS)၊ ပအိုဝ္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO)၊ကရင္လက္နက္ကိုင္ အဖြဲ႕မ်ားျဖစ္သည့္ KNU/KNLA- ၿငိမ္းခ်မ္းေရးေကာင္စီႏွင့္ DKBA အဖြဲ႕ တို႔ ျဖစ္သည္။

ယင္းအနက္ ABSDF အဖြဲ႕ကမူ ၎တို႔အဖြဲ႕ဝင္မ်ားကို ႏိုင္ငံျခားသားအျဖစ္ ခံယူျခင္းမျပဳရန္စည္းကမ္း သတ္မွတ္ထားသကဲ့သို႔ RCSS ေခါင္းေဆာင္မ်ား အေနျဖင့္လည္း ႏိုင္ငံသား လက္မွတ္ ျပန္လည္ ကိုင္ေဆာင္ၿပီးျဖစ္ ေၾကာင္း သတင္းရရွိသည္။

===============

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအနက် နိုင်ငံခြားသားအဖြစ် ခံယူထားသည့် ခေါင်းဆောင်မျ ာအားး မြန်မာနိုင်ငံသား ပြန်လည်ခံယူရန် အစိုးရက တိုက်တွန်းထားကြောင်း သိရသည်။လွန်ခဲ့သောရက်ပိုင်းက နေပြည်တော်၌ အစိုးရနှင့် တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံစဉ်ကပင် အထက်ပါအတိုင်း တိုက်တွန်းမှုရှိသည်ဟု သိရကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS) အကြံပေး ဦးခွန်းဆေက ပြောကြားခဲ့သည်။

‘‘နိုင်ငံခြားသား လက်မှတ်ကိုင်တဲ့သူတွေဆို ဖြစ်နိုင်လို့ရှိရင်တော့ နိုင်ငံသား လက်မှတ်ပြန်ကိုင် ဖို့ တိုက်တွန်းတယ်ဆိုပြီး ပြောတာရှိတယ်။ တကယ်လို့ နိုင်ငံခြားမှာ ပညာတော်သင်ပြီး အကြွေးတင်လို့ရှိရင်လည်း အကုန်လုံးဆပ်ပေးမယ်လို့ ပြောတယ်။ အစိုးရဘက်က ပြောတာပေါ့’’ဟု ဦးခွန်းဆေက ပြောကြားသည်။

တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်များသည် နိုင်ငံရေး လှုပ်ရှားမှုအပါအဝင် အကြောင်း အမျိုးမျိုးကြောင့် အခြားနိုင်ငံသား အဖြစ် ခံယူထားသူများ ရှိရာ အချို့သည်လည်း မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူပြီး နိုင်ငံသား ကတ်ရရှိပြီး ဖြစ်သည်။

တစ်ဖက်တွင်လည်း နိုင်ငံခြားသားခံယူထားသည့် NCA လက်မှတ်ထိုးအဖွဲ့တစ်ခု၏ ဥက္ကဋ္ဌတစ်ဦးကို အစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်ထားကြောင်း သတင်းများထွက်ပေါ်နေရာ ယင်းကိစ္စ မဟုတ်မှန်ကြောင်း သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက တိုင်းရင်းသား အဖွဲ့အစည်းများထံ ပြန်လည်ရှင်းပြထားသည်ဟု သိရကြောင်း ဦးခွန်းဆေက ပြော သည်။

NCA လက်မှတ်ထိုးထား သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NSMP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ကရင်လက်နက်ကိုင် အဖွဲ့များဖြစ်သည့် KNU/KNLA- ငြိမ်းချမ်းရေးကောင်စီနှင့် DKBA အဖွဲ့ တို့ ဖြစ်သည်။

ယင်းအနက် ABSDF အဖွဲ့ကမူ ၎င်းတို့အဖွဲ့ဝင်များကို နိုင်ငံခြားသားအဖြစ် ခံယူခြင်းမပြုရန်စည်းကမ်း သတ်မှတ်ထားသကဲ့သို့ RCSS ခေါင်းဆောင်များ အနေဖြင့်လည်း နိုင်ငံသား လက်မှတ် ပြန်လည် ကိုင်ဆောင်ပြီးဖြစ် ကြောင်း သတင်းရရှိသည်။