Myanmar Idol မှာ ခဏခဏ ငိုနေတဲ့ သူတွေကို ဝေဖန် မှတ်ချက်ပြုစကား ပြောလိုက်တဲ့ ဇော်ဝင်းထွဋ်

Posted on

အောက်တွင် ဗွီဒီယို တင်ထားပေးပါသည်။ မြန်မာနိုင်ငံရဲ့ ရော့ခ်အင်ရိုးဘုရင်ကြီးလို့ တင်စားကြတဲ့ အဆိုတော် ဇော်ဝင်းထွဋ်ဟာဆိုရင် ဂီတကို ရူးသွပ်ခုံမင်သူတစ်ဦးဖြစ်သလို သူ့ရဲ့ သြရှရှ မာန်ပါပါ အသံကြောင့်လည်း ပရိသတ်တွေက ယနေ့တိုင် သည်းသည်းလှုပ် အားပေးရတဲ့အထိ အောင်မြင်မှု ရရှိထားတဲ့ ဝါရင့် အဆိုတော် တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာဆိုရင် သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီးတော့ သားနဲ့သမီးက မွေးတဲ့ မြေးတွေနဲ့ပဲ သာယာဖွယ်အချိန်တွေကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

သူကတော့ လက်ရှိမှာ ဂီတနဲ့ပတ်သတ်ဆက်နွယ်တဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ MyanmarIdol ကိုတော့ မက်မက်မောမော မဟုတ်ပေမယ့် မိသားစုတွေ ကြည့်နေတဲ့အခါ ဖြတ်သွားဖြတ်လာအနေနဲ့တော့ ကြည့်ဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒီအစီအစဉ်က တော့ ဂီတလောကကို ဝင်ချင်သူတွေအတွက် တံခါးပေါက်တစ်ခုဖြစ်သလို ၊ ကိုယ့်အစွမ်းအစကို ထုတ်ဖော်ပြသနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။ လူငယ်လေးတွေဖြစ်ပေမယ့် အဆိုတော်ကြတဲ့ ကလေးတွေလည်းတွေ့ရတာကြောင့် သူက ချီး မွမ်းစကားဆိုပါတယ်။

ဒါပေမယ့် လူငယ်တွေက အခုလို စင်ပေါ်ရောက်လာချိန်မှာ စိတ်လှုပ်ရှားပြီး ခနခနငိုတာတော့ မကောင်းဘူးလို့ သတိပေးစကားဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းကို ထုတ်ပြဖို့ထက် ကိုယ့်အနုပညာအစွမ်းကိုသာ ထုတ်ပြ ဖို့ သင့်တဲ့နေရာမို့ ငယ်သူတွေ အနေနဲ့ သတိထားသင့်တယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် အခုလို ပြိုင်ပွဲတွေမှာ အနိုင်ရပြီး ပရိသတ်အားပေးပြီးတော့ နောက်ပိုင်းမှာ ဂီတနယ်ပယ်ကနေ မှေးမှိန်သွားတဲ့သူတွေအတွက် မီဒီယာမေးမြန်းမှုအပေါ်မှာတော့မျိုးစေ့တစ်စေ့ဟာ အပင်ပေါက်မယ်ဆိုရင် ဘယ်လို ရာသီဥတုမဆို ဘယ်လို မြေအနေ အထားမဆို တိုးထွက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့အပေါ်မှာ ကိုယ်ဟာ ဘယ်လိုမျိုးစေ့လည်းဆိုတာသာ စဉ်းစားသင့်တယ်လို့လည်း သူက ဆိုပါတယ်။

video credit:Popular Journal