ဗစ္တိုးရီးယားအမႈတြင္ ကိုေအာင္ႀကီးကို တရား႐ုံးမွ တရားရွင္လႊတ္ေပးလိုုက္ျပီ

Posted on

ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီး စြပ္စြဲ ဖမ္းဆီးခံေနရတဲ့ ယာဥ္ေမာင္း ကိုေအာင္ႀကီးကို တရားသူႀကီးက ျပန္လႊတ္ေပးလိုက္ပါတယ္။တရားလိုျပသက္ေသေတြ မကုန္ခင္မွာဘဲ ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီး ျပစ္မႈက်ဴးလြန္တယ္လို႔ စြပ္စြဲခံရသူ ေအာင္ႀကီးကို ျပစ္မႈက်ဴးလြန္ဖို႔ မျဖစ္နိုင္ဘူးလို႔ သုံးသပ္ၿပီး တရားသူႀကီးက ဒီဇင္ဘာ ၁၈ ရက္ေန႔ ႐ုံးခ်ိန္းမွာ ျပန္လႊတ္ေပးလိုက္တာပါ။

တရားေသလႊတ္လိုက္တာမဟုတ္ဘဲ မေက်နပ္ရင္ ဥပေဒအရာရွိေတြအေနနဲ႔ အထက္ကို တက္နိုင္တယ္လို႔ သူရဲ့ေရွ႕ေနျဖစ္သူ ေဒၚစုဒါလီေအာင္က ေျပာပါတယ္။၂၀၁၉ ခုႏွစ္ေမလက ေနျပည္ေတာ္မွာ ရွိတဲ့ Wisdom hill မူႀကိဳေက်ာင္းမွာ ေက်ာင္းတက္ေနတဲ့ မိန္းကေလးငယ္တဦး လိင္အၾကမ္းဖက္ခံရမႈ ျဖစ္ပြားခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး မူႀကိဳေက်ာင္းရဲ့ ယာဥ္ေမာင္းျဖစ္သူ ကိုေအာင္ႀကီးကို ဖမ္းဆီးခဲ့ၿပီး ႐ုံးတင္စြဲဆိုဖို႔ သက္ေသမလုံေလာက္တဲ့အတြက္ ျပန္လႊတ္ေပးခဲ့ၿပီး ဇြန္လလယ္မွာ ျပန္လည္ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ေက်ာင္းအုပ္ခ်ဳပ္ေရးမႉးရဲ့ ယာဥ္ေမာင္း ကိုေအာင္ႀကီးကို ဗစ္တိုးရီးယားအမႈမွာ သံသယရွိမႈနဲ႔ ဖမ္းဆီးခံထားရတာ ၆ လအၾကာမွာ ျပန္လည္လြတ္ေျမာက္လာတာပါ။

ဒီေန႔ ေက်ာင္းလုံျခဳံေရးကင္မရာမွတ္တမ္းစစ္ေဆးေတြ႕ရွိခ်က္ေတြကို တရား႐ုံးကို တင္ျပခဲ့တယ္လို႔လည္း ဥပေဒအက်ိဴးေဆာင္ေတြကေျပာပါတယ္။ ဖ်က္ထားတဲ့ မွတ္တမ္း တခ်ိဳ႕ကိုလည္း ျပန္လည္ ေဖာ္ထုတ္ ၾကည့္ရႈနိုင္ခဲ့ၿပီး ဗီဒီယိုဖိုင္ေတြထဲမွာ ဘာေတြပါေနတယ္ဆိုတာေတာ့ မသိရေသးပါဘူး။

၂၀၁၉ ခုႏွစ္ ဇူလိုင္ ၅ ရက္ေန႔က သမၼတ အိမ္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ သက္ေသခိုင္လုံတာေၾကာင့္ ကိုေအာင္ႀကီးကို တရားစြဲခဲ့တာဆိုၿပီး ဒုရဲခ်ဳပ္က သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။

ref:DVB

==============

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးခံနေရတဲ့ ယာဉ်မောင်း ကိုအောင်ကြီးကို တရားသူကြီးက ပြန်လွှတ်ပေးလိုက်ပါတယ်။တရားလိုပြသက်သေတွေ မကုန်ခင်မှာဘဲ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူ အောင်ကြီးကို ပြစ်မှုကျူးလွန်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပြီး တရားသူကြီးက ဒီဇင်ဘာ ၁၈ ရက်နေ့ ရုံးချိန်းမှာ ပြန်လွှတ်ပေးလိုက်တာပါ။

တရားသေလွှတ်လိုက်တာမဟုတ်ဘဲ မကျေနပ်ရင် ဥပဒေအရာရှိတွေအနေနဲ့ အထက်ကို တက်နိုင်တယ်လို့ သူရဲ့ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်က ပြောပါတယ်။၂၀၁၉ ခုနှစ်မေလက နေပြည်တော်မှာ ရှိတဲ့ Wisdom hill မူကြိုကျောင်းမှာ ကျောင်းတက်နေတဲ့ မိန်းကလေးငယ်တဦး လိင်အကြမ်းဖက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မူကြိုကျောင်းရဲ့ ယာဉ်မောင်းဖြစ်သူ ကိုအောင်ကြီးကို ဖမ်းဆီးခဲ့ပြီး ရုံးတင်စွဲဆိုဖို့ သက်သေမလုံလောက်တဲ့အတွက် ပြန်လွှတ်ပေးခဲ့ပြီး ဇွန်လလယ်မှာ ပြန်လည်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း ကိုအောင်ကြီးကို ဗစ်တိုးရီးယားအမှုမှာ သံသယရှိမှုနဲ့ ဖမ်းဆီးခံထားရတာ ၆ လအကြာမှာ ပြန်လည်လွတ်မြောက်လာတာပါ။

ဒီနေ့ ကျောင်းလုံခြုံရေးကင်မရာမှတ်တမ်းစစ်ဆေးတွေ့ရှိချက်တွေကို တရားရုံးကို တင်ပြခဲ့တယ်လို့လည်း ဥပဒေအကျိူးဆောင်တွေကပြောပါတယ်။ ဖျက်ထားတဲ့ မှတ်တမ်း တချို့ကိုလည်း ပြန်လည် ဖော်ထုတ် ကြည့်ရှုနိုင်ခဲ့ပြီး ဗီဒီယိုဖိုင်တွေထဲမှာ ဘာတွေပါနေတယ်ဆိုတာတော့ မသိရသေးပါဘူး။

၂၀၁၉ ခုနှစ် ဇူလိုင် ၅ ရက်နေ့က သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သက်သေခိုင်လုံတာကြောင့် ကိုအောင်ကြီးကို တရားစွဲခဲ့တာဆိုပြီး ဒုရဲချုပ်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ref:DVB