ေဒါပုံၿမိဳ႕နယ္တြင္ ငွက္ႀကီးေတာင္ဓားႏွင့္ ရမ္းကားသူမွ ျပန္လည္ခုခံသျဖင့္ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးစဥ္ ေသဆုံး

Posted on

ေဒါပုံၿမိဳ႕နယ္တြင္ လမ္းေပၚထြက္၍ ငွက္ႀကီးေတာင္ ဓားျဖင့္ ရမ္းကားေနသူကို ရဲတပ္ဖြဲ႕က ထိန္းသိမ္းစဥ္ ျပန္လည္ခုခံသျဖင့္ ေသနတ္ႏွင့္ေျခာက္လွန္႔ပစ္ခတ္ခဲ့ရာမွ ေသဆုံးခဲ့မႈကို သက္ဆိုင္ရာက အမႈဖြင့္ အေရးယူထားေၾကာင္း ယေန႔ဒီဇင္ဘာ ၁၈ ရက္တြင္ သိရသည္။ျဖစ္စဥ္မွာ ဒီဇင္ဘာ ၁၇ ရက္ ည ၁၀ နာရီတြင္ ေဒါပုံၿမိဳ႕နယ္ ႏြယ္ေအးရပ္ကြက္ နဂါးနီ(၁) ကမ္းနားလမ္း၌ အမ်ိဳးသားတစ္ဦး ငွက္ႀကီးေတာင္ဓား ကိုင္ေဆာင္ၿပီး ရမ္းကားေနေၾကာင္း သတင္းအရ သက္ဆိုင္ရာက သြားေရာက္ထိန္းသိမ္းခဲ့သည္။

အဆိုပါရမ္းကားသူမွာ ႏြယ္ေအးရပ္ကြက္ေန မာမက္သလီ(ခ) တင္ဦး (၃၂)ႏွစ္ ျဖစ္ၿပီး လမ္းေပၚ၌ ရမ္းကားေနေသာေၾကာင့္ လွည့္ကင္းမီးတန္းယာဥ္ တာဝန္က်ရဲတပ္ဖြဲ႕က ထိုသို႔မျပဳမူရန္ ႏွင့္လက္နက္ခ် အဖမ္းခံရန္ သတိေပးခဲ့သည္။

မာမက္သလီ(ခ) တင္ဦးမွာ နာခံမႈမရွိဘဲ ငွက္ႀကီးေတာင္ဓားျဖင့္ ရဲတပ္သား ေဇာ္လင္းထြန္းကို လိုက္ခုတ္ခဲ့ေသာေၾကာင့္ ေဇာ္လင္းထြန္းက ေရွာင္တိမ္းစဥ္ လမ္းေဘးေရေျမာင္းအတြင္း ေျခေခ်ာ္ျပဳတ္က်ခဲ့သည္။ထိုသို႔ျပဳတ္က်ေနစဥ္ ဓားကို လက္ႏွစ္ဖက္ႏွင့္စုံကိုင္၍ ခုတ္ေန ေသာေၾကာင့္ ရဲတပ္သား ေဇာ္လင္းထြန္းက ၎လက္ထဲရွိ MA -13 အမ်ိဳးအစား ေသနတ္ျဖင့္ တစ္ခ်က္ ေျခာက္လွန္႔ ပစ္ခတ္ခဲ့သည္။

ယင္းပစ္ခတ္မႈေၾကာင့္ မာမက္သလီ၏ ဝမ္းဗိုက္တြင္ က်ည္မွန္ဒဏ္ရာရရွိကာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ တင္ပို႔ကုသစဥ္ ည ၁၁ နာရီ၌ ေသဆုံးခဲ့သည္။ေဒါပုံၿမိဳ႕မရဲစခန္းက (ပ) ၉၃၀/၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/ ၃၅၃ အရ အမႈဖြင့္ အေရးယူထားသည္။

ref:myanmar.mmtimes.com

====================

ဒေါပုံမြို့နယ်တွင် လမ်းပေါ်ထွက်၍ ငှက်ကြီးတောင်ဓားဖြင့် ရမ်းကားနေသူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းစဉ် ပြန်လည်ခုခံသောကြောင့် သေနတ်နှင့်ခြောက်လှန့်ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့မှုကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်း ယနေ့ဒီဇင်ဘာ ၁၈ ရက်တွင် သိရသည်။ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် ည ၁၀ နာရီတွင် ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် နဂါးနီ(၁) ကမ်းနားလမ်း၌ အမျိုးသားတစ်ဦး ငှက်ကြီးတောင်ဓား ကိုင်ဆောင်ပြီး ရမ်းကားနေကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်ထိန်းသိမ်းခဲ့သည်။

အဆိုပါရမ်းကားသူမှာ နွယ်အေးရပ်ကွက်နေ မာမက်သလီ(ခ) တင်ဦး (၃၂)နှစ် ဖြစ်ပြီး လမ်းပေါ်၌ ရမ်းကားနေသောကြောင့် လှည့်ကင်းမီးတန်းယာဉ် တာဝန်ကျရဲတပ်ဖွဲ့က ထိုသို့မပြုမူရန် နှင့်လက်နက်ချ အဖမ်းခံရန် သတိပေးခဲ့သည်။

မာမက်သလီ(ခ) တင်ဦးမှာ နာခံမှုမရှိဘဲ ငှက်ကြီးတောင်ဓားဖြင့် ရဲတပ်သား ဇော်လင်းထွန်းကို လိုက်ခုတ်ခဲ့သောကြောင့် ဇော်လင်းထွန်းက ရှောင်တိမ်းစဉ် လမ်းဘေးရေမြောင်းအတွင်း ခြေချော်ပြုတ်ကျခဲ့သည်။ထိုသို့ပြုတ်ကျနေစဉ် ဓားကို လက်နှစ်ဖက်နှင့်စုံကိုင်၍ ခုတ်နေ သောကြောင့် ရဲတပ်သား ဇော်လင်းထွန်းက ၎င်းလက်ထဲရှိ MA -13 အမျိုးအစား သေနတ်ဖြင့် တစ်ချက် ခြောက်လှန့် ပစ်ခတ်ခဲ့သည်။

ယင်းပစ်ခတ်မှုကြောင့် မာမက်သလီ၏ ဝမ်းဗိုက်တွင် ကျည်မှန်ဒဏ်ရာရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ည ၁၁ နာရီ၌ သေဆုံးခဲ့သည်။ဒေါပုံမြို့မရဲစခန်းက (ပ) ၉၃၀/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/ ၃၅၃ အရ အမှုဖွင့် အရေးယူထားသည်။

ref:myanmar.mmtimes.com