အစၥေရးေမာင္းသူမဲ့ ဒ႐ုန္း(Drone) တစ္စင္းကို ႐ုရွား ပစ္ခ်

Posted on

ဆီးရီးယားေဝဟင္ပိုင္နက္ထဲ ေရာက္ေနတဲ့ အစၥေရး စစ္တပ္က ဒ႐ုန္းတစ္စင္း ပစ္ခ်ခံရေၾကာင္း အစၥေရး႐ုပ္သံ 12th ခ်န္နယ္ကို ကိုးကားၿပီး အစၥေရး သတင္းထုတ္ျပန္ေရးအဖြဲ႕က ေဖာ္ျပခဲ့ပါတယ္။ခုလို အစၥေရးဒ႐ုန္း ပစ္ခ်ခံရတဲ့ သတင္းကို 12th ခ်န္နယ္က Telegram မွ ဆီးရီးယားသတင္းရင္းျမစ္အခ်ိဳ႕ကို ကိုးကားၿပီး ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။အဲဒီ အစၥေရး႐ုပ္သံမွာ ေဖာ္ျပခ်က္အရ ဂိုလန္ကုန္းျမင့္မွာ တပ္စြဲထားတဲ့ ႐ုရွားစစ္တပ္က အစၥေရးဒ႐ုန္းကို ပစ္ခ်တာလို႔ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

“ဆီးရီးယား ေလပိုင္နက္ထဲမွာ အစၥေရးဒ႐ုန္း ေရာက္ေနတာ တစ္မိနစ္ခြဲေတာင္ မရွိတဲ့ အခ်ိန္မွာ ပစ္ခ်ခံရတာပါ။ ေအာ္တိုမစ္တစ္လက္နက္စနစ္နဲ႔ ပစ္ခ်တာ ျဖစ္ေပမယ့္ ဆီးရီးယားရဲ့ ေလေၾကာင္းရန္ကာ စနစ္က ဒ႐ုန္းကို တြက္ခ်က္ေထာက္လွမ္းတာမ်ိဳး မရွိခဲ့ဘဲ ပစ္ခ်ခံရတာပါ။”လို႔ အဆိုပါ ႐ုပ္သံသတင္းက ေဖာ္ျပပါတယ္။

အေၾကာင္းခ်င္းရာအခ်ိဳ႕ေၾကာင့္ အစၥေရးဒ႐ုန္းယာဥ္ေတြကို တိုက္ခိုက္ရာမွာ ဆီးရီးယားက ေလေၾကာင္းရန္ကာစနစ္နဲ႔ မသုံးရတာေၾကာင့္ အေျခအေနက ႐ုရွားစစ္တပ္ရဲ့ လက္ခ်က္လို႔ စြပ္စြဲစရာ ျဖစ္လာပါတယ္။

တစ္ခ်ိန္တည္းမွာပဲ အစၥေရးမီဒီယာဟာ နိုင္ငံတစ္နိုင္ငံရဲ့ အခ်ဳပ္အျခာကို ခ်ိဳးေဖာက္ၿပီး ဆီးရီးယား ေလပိုင္နက္ထဲ အဆိုပါ ဒ႐ုန္း ဘာေၾကာင့္ ေရာက္ရွိေနသလဲဆိုတာကို ေဖာ္ျပျခင္း မရွိပါ။ဒ႐ုန္းရဲ့ အမ်ိဳးအစားကိုလည္း ေဖာ္ျပျခင္း မရွိေပမယ့္ အတည္မျပဳနိုင္တဲ့ သတင္းေတြအရ ေထာက္လွမ္းေရးဒ႐ုန္းျဖစ္တယ္လို႔ ဆိုၾကပါတယ္။

Rf; Bulgarian Military.com
Writer- ေမာင္သံဆင့္(XYZ News)

================

ဆီးရီးယားဝေဟင်ပိုင်နက်ထဲ ရောက်နေတဲ့ အစ္စရေး စစ်တပ်က ဒရုန်းတစ်စင်း ပစ်ချခံရကြောင်း အစ္စရေးရုပ်သံ 12th ချန်နယ်ကို ကိုးကားပြီး အစ္စရေး သတင်းထုတ်ပြန်ရေးအဖွဲ့က ဖော်ပြခဲ့ပါတယ်။ခုလို အစ္စရေးဒရုန်း ပစ်ချခံရတဲ့ သတင်းကို 12th ချန်နယ်က Telegram မှ ဆီးရီးယားသတင်းရင်းမြစ်အချို့ကို ကိုးကားပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။အဲဒီ အစ္စရေးရုပ်သံမှာ ဖော်ပြချက်အရ ဂိုလန်ကုန်းမြင့်မှာ တပ်စွဲထားတဲ့ ရုရှားစစ်တပ်က အစ္စရေးဒရုန်းကို ပစ်ချတာလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

“ဆီးရီးယား လေပိုင်နက်ထဲမှာ အစ္စရေးဒရုန်း ရောက်နေတာ တစ်မိနစ်ခွဲတောင် မရှိတဲ့ အချိန်မှာ ပစ်ချခံရတာပါ။ အော်တိုမစ်တစ်လက်နက်စနစ်နဲ့ ပစ်ချတာ ဖြစ်ပေမယ့် ဆီးရီးယားရဲ့ လေကြောင်းရန်ကာ စနစ်က ဒရုန်းကို တွက်ချက်ထောက်လှမ်းတာမျိုး မရှိခဲ့ဘဲ ပစ်ချခံရတာပါ။”လို့ အဆိုပါ ရုပ်သံသတင်းက ဖော်ပြပါတယ်။

အကြောင်းချင်းရာအချို့ကြောင့် အစ္စရေးဒရုန်းယာဉ်တွေကို တိုက်ခိုက်ရာမှာ ဆီးရီးယားက လေကြောင်းရန်ကာစနစ်နဲ့ မသုံးရတာကြောင့် အခြေအနေက ရုရှားစစ်တပ်ရဲ့ လက်ချက်လို့ စွပ်စွဲစရာ ဖြစ်လာပါတယ်။

တစ်ချိန်တည်းမှာပဲ အစ္စရေးမီဒီယာဟာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာကို ချိုးဖောက်ပြီး ဆီးရီးယား လေပိုင်နက်ထဲ အဆိုပါ ဒရုန်း ဘာကြောင့် ရောက်ရှိနေသလဲဆိုတာကို ဖော်ပြခြင်း မရှိပါ။ဒရုန်းရဲ့ အမျိုးအစားကိုလည်း ဖော်ပြခြင်း မရှိပေမယ့် အတည်မပြုနိုင်တဲ့ သတင်းတွေအရ ထောက်လှမ်းရေးဒရုန်းဖြစ်တယ်လို့ ဆိုကြပါတယ်။

Rf; Bulgarian Military.com
Writer- မောင်သံဆင့်(XYZ News)