ဖေဖေ ေအာင္လအန္ဆန္းရဲ႕ ျပဳစုပ်ိဳးေထာင္မႈနဲ႔ ဖိုက္တာတစ္ေယာက္ အျဖစ္နဲ႔ ျမင္ေတြ႕ရဦးမယ့္ ေအာင္ဒီး

Posted on

ျမန္မာ့ဂုဏ္ေဆာင္ MMA ခ်န္ပီယံ ဖိုက္တာႀကီး ေအာင္လအန္ဆန္း ကေတာ့ သားျဖစ္သူကို ေလ့က်င့္ေပးေနၿပီး “ေနာက္ ၁၅ ႏွစ္ဆိုရင္ သားေလး ေအာင္ဒီး ONE Championship မွာယွဥ္ၿပိဳင္ထိုးသတ္ဖို႔ အတြက္ အဆင္သင့္ျဖစ္ေနေလာက္ပါၿပီ ” လို႔ ဆိုထားပါတယ္။ ပရိသတ္ႀကီးကေရာ သားေလး ေအာင္ဒီးကို အားေပးၾကမွာလား……..

ထို႕ျပင္ ေအာင္လအန္ဆန္းသည္ ခ်င္းတိုင္းရင္းသား တီရယ္ထန္အား Crazy 88 ကိုယ္ခံပညာသိုင္းေပါင္းစုံေလ့က်င့္ေရးစင္တာတြင္ ကိုယ္ခံပညာ သိုင္းေပါင္းစုံေလ့က်င္မႈမ်ားစြာသင္ၾကားေပးခဲ့ၿပီး အေပ်ာ္တမ္း ကစားသမား တစ္ဦးအဆင့္မွ ပေရာ္ဖက္ရွင္နယ္ ကစားသမားတစ္ဦးျဖစ္သည္အထိ လမ္းျပေပးခဲ့သည္။

“ထန္က အလုပ္အေပၚမွာလည္း ႀကိဳးႀကိဳးစားစား ျပင္းျပင္းထန္ထန္လုပ္တယ္။ ဒီအေပၚမွာ အာ႐ုံစူးစိုက္ထားတာမို႔ တစ္ခ်ိန္မွာ ေအာင္ျမင္မႈရမွာပါ။ တစ္ေန႔ေန႔မွာ သူဟာ ကမၻာ့ခ်န္ပီယံ ျဖစ္လာပါလိမ့္မယ္” ဟု ေအာင္လအန္ဆန္းက မွတ္ခ်က္ေပးခဲ့သည္။

=================

မြန်မာ့ဂုဏ်ဆောင် MMA ချန်ပီယံ ဖိုက်တာကြီး အောင်လအန်ဆန်း ကတော့ သားဖြစ်သူကို လေ့ကျင့်ပေးနေပြီး “နောက် ၁၅ နှစ်ဆိုရင် သားလေး အောင်ဒီး ONE Championship မှာယှဉ်ပြိုင်ထိုးသတ်ဖို့ အတွက် အဆင်သင့်ဖြစ်နေလောက်ပါပြီ ” လို့ ဆိုထားပါတယ်။ ပရိသတ်ကြီးကရော သားလေး အောင်ဒီးကို အားပေးကြမှာလား…

ထို့ပြင် အောင်လအန်ဆန်းသည် ချင်းတိုင်းရင်းသား တီရယ်ထန်အား Crazy 88 ကိုယ်ခံပညာသိုင်းပေါင်းစုံလေ့ကျင့်ရေးစင်တာတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံလေ့ကျင်မှုများစွာသင်ကြားပေးခဲ့ပြီး အပျော်တမ်း ကစားသမား တစ်ဦးအဆင့်မှ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးဖြစ်သည်အထိ လမ်းပြပေးခဲ့သည်။

“ထန်က အလုပ်အပေါ်မှာလည်း ကြိုးကြိုးစားစား ပြင်းပြင်းထန်ထန်လုပ်တယ်။ ဒီအပေါ်မှာ အာရုံစူးစိုက်ထားတာမို့ တစ်ချိန်မှာ အောင်မြင်မှုရမှာပါ။ တစ်နေ့နေ့မှာ သူဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာပါလိမ့်မယ်” ဟု အောင်လအန်ဆန်းက မှတ်ချက်ပေးခဲ့သည်။