“ေသဒဏ္ ခ်မွတ္ခံထားရသည့္ လိပ္ကၽြန္း လူသတ္မႈ ထိုင္းဘုရင္ထံ အသနားခံစာတင္ထားျခင္း” တစ္ႏွစ္ အတြင္း ဆုံးျဖတ္မည္

Posted on

Zawgyi Version

ေသဒဏ္ ခ်မွတ္ခံထားရသည့္ ထိုင္းနိုင္ငံ လိပ္ကၽြန္း အမႈမွ ဝင္းႏွင့္ေဇာ္တို႔ ၂ ဦး၏ အသနားခံစာႏွင့္ ပတ္သက္ ၿပီး ထိုင္းဘုရင္ မင္းျမတ္က တစ္ႏွစ္အတြင္း ဆုံးျဖတ္သြားမည္ ျဖစ္ေၾကာင္း ဝင္းႏွင့္ေဇာ္ လြတ္ေျမာက္ေရး ကူညီ ေဆာင္ရြက္ေပးေနသူ ဦးေအာင္မ်ိဳးသန႔္က ေျပာသည္။

၂၀၁၅ ခုႏွစ္မွစတင္ကာ ေနာက္ဆုံး ထိုင္းဗဟိုတရား႐ုံးအထိ တရား႐ုံးအဆင့္ဆင့္မွ ေသဒဏ္သုံးႀကိမ္ ခ်မွတ္ခဲ့ သည့္ ကိုဝင္းေဇာ္ထြန္းႏွင့္ ကိုေဇာ္လင္းတို႔၏ ေနာက္ဆုံး အသနားခံစာကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ ၂၄ ရက္က ထိုင္းဘုရင္မင္းျမတ္ထံ ထိုင္းနိုင္ငံရွိ ျမန္မာသံ႐ုံးႏွင့္ ထိုင္းေရွ႕ေနမ်ားေကာင္စီတို႔မွ ဥပေဒပညာရွင္မ်ား က အသနားခံစာ တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးေအာင္မ်ိဳးသန႔္က “ကၽြန္ေတာ္တို႔ဘက္က တင္တဲ့ တာဝန္တစ္ခု ၿပီးသြားပါၿပီ၊ သူတို႔ဘက္ကေန ဒါကို သုံးသပ္ ဖို႔ တစ္ႏွစ္အတြင္း အခ်ိန္ယူတယ္လို႔ ေျပာပါတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ကေတာ့ တင္လိုက္တဲ့ ဆုံးျဖတ္ ထားတဲ့ အမိန႔္ကို ဘာမွ ေဆာင္ရြက္လို႔ မရေတာ့ပါဘူး။ ဘုရင္မင္းျမတ္ဆီက အမိန႔္ မခ်မခ်င္းေတာ့ ဘာမွ ေဆာင္ရြက္လို႔ မရေသးပါဘူး။ အဲဒီေတာ့ ဘုရင္က ေထာင္ဒဏ္ေျပာင္းမယ္၊ ျပစ္ဒဏ္ တစ္ခုခု ေျပာင္းမယ္ ဆိုရင္ အဲဒီအခ်ိန္က်မွ ေဆာင္ရြက္ခြင့္ ရွိပါတယ္။ အဲဒီဟာက သူတို႔နိုင္ငံရဲ့ ဥပေဒပါ၊ ဘုရင့္ဆီကို စာတင္တဲ့ ေန႔ကစၿပီးေတာ့ အက်ဳံး ဝင္ပါတယ္။ ေကာင္းေကာင္းမြန္မြန္ပဲ ထိန္းသိမ္းထားပါတယ္” ဟု ေျပာသည္။

ထိုင္းနိုင္ငံ၏ ဥပေဒအရ ေသဒဏ္ ခ်မွတ္ခံထားရေသာ အမႈမ်ားကို ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္း၊ ႏွစ္ရွည္ ေထာင္ဒဏ္မ်ိဳး ေျပာင္းလဲ စီရင္သည့္ အမႈမ်ားရွိေၾကာင္း သိရသည္။ေထာင္အတြင္း ထိန္းသိမ္းခံထားရစဥ္ သူတို႔ႏွစ္ဦး၏ တျခား လိုအပ္ခ်က္ ကိစၥမ်ားတြင္ အသုံးျပဳနိုင္ရန္အတြက္ အလႉရွင္မ်ားက တစ္ေယာက္ကို ဘတ္ေငြ ၈၀၀၀ ႏႈန္းျဖင့္ ဘတ္ေငြ ၁၆၀၀၀ ကို ေထာင္အာဏာပိုင္မ်ားဆီ အပ္ႏွံ ေပးထားေၾကာင္း ဦးေအာင္မ်ိဳးသန႔္က ေျပာသည္။

ကိုဝင္းေဇာ္ထြန္းႏွင့္ ကိုေဇာ္လင္းတို႔ ႏွစ္ဦးကို ၂၀၁၅ ခုႏွစ္၊ စက္တင္ဘာလ အတြင္းက ၿဗိတိန္နိုင္ငံသား ႏွစ္ဦး ျဖစ္သည့္ ဟန္နာဝွစ္ဒရိုက္ႏွင့္ ေဒးဗစ္မီလာတို႔ ႏွစ္ဦးကို သတ္ျဖတ္မႈ၊ ပစၥည္းလုယက္မႈ၊ အဓမၼျပဳက်င့္မႈ စသည့္ စြဲခ်က္မ်ားျဖင့္ ထိုင္းရဲမ်ားက ဖမ္းဆီး တရားစြဲဆိုခဲ့ျခင္းျဖစ္ၿပီး ေသဒဏ္အမိန႔္ခ်မွတ္ ခံထားရသူမ်ား ျဖစ္ေၾကာင္း သိရသည္။

ref:mizzima

Unicode Version

သေဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံ လိပ်ကျွန်း အမှုမှ ဝင်းနှင့်ဇော်တို့ ၂ ဦး၏ အသနားခံစာနှင့် ပတ်သက် ပြီး ထိုင်းဘုရင် မင်းမြတ်က တစ်နှစ်အတွင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဝင်းနှင့်ဇော် လွတ်မြောက်ရေး ကူညီ ဆောင်ရွက်ပေးနေသူ ဦးအောင်မျိုးသန့်က ပြောသည်။

၂၀၁၅ ခုနှစ်မှစတင်ကာ နောက်ဆုံး ထိုင်းဗဟိုတရားရုံးအထိ တရားရုံးအဆင့်ဆင့်မှ သေဒဏ်သုံးကြိမ် ချမှတ်ခဲ့ သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့၏ နောက်ဆုံး အသနားခံစာကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ထိုင်းဘုရင်မင်းမြတ်ထံ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးနှင့် ထိုင်းရှေ့နေများကောင်စီတို့မှ ဥပဒေပညာရှင်များ က အသနားခံစာ တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်မျိုးသန့်က “ကျွန်တော်တို့ဘက်က တင်တဲ့ တာဝန်တစ်ခု ပြီးသွားပါပြီ၊ သူတို့ဘက်ကနေ ဒါကို သုံးသပ် ဖို့ တစ်နှစ်အတွင်း အချိန်ယူတယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ တင်လိုက်တဲ့ ဆုံးဖြတ် ထားတဲ့ အမိန့်ကို ဘာမှ ဆောင်ရွက်လို့ မရတော့ပါဘူး။ ဘုရင်မင်းမြတ်ဆီက အမိန့် မချမချင်းတော့ ဘာမှ ဆောင်ရွက်လို့ မရသေးပါဘူး။ အဲဒီတော့ ဘုရင်က ထောင်ဒဏ်ပြောင်းမယ်၊ ပြစ်ဒဏ် တစ်ခုခု ပြောင်းမယ် ဆိုရင် အဲဒီအချိန်ကျမှ ဆောင်ရွက်ခွင့် ရှိပါတယ်။ အဲဒီဟာက သူတို့နိုင်ငံရဲ့ ဥပဒေပါ၊ ဘုရင့်ဆီကို စာတင်တဲ့ နေ့ကစပြီးတော့ အကျုံး ဝင်ပါတယ်။ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ သေဒဏ် ချမှတ်ခံထားရသော အမှုများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ နှစ်ရှည် ထောင်ဒဏ်မျိုး ပြောင်းလဲ စီရင်သည့် အမှုများရှိကြောင်း သိရသည်။ထောင်အတွင်း ထိန်းသိမ်းခံထားရစဉ် သူတို့နှစ်ဦး၏ တခြား လိုအပ်ချက် ကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက တစ်ယောက်ကို ဘတ်ငွေ ၈၀၀၀ နှုန်းဖြင့် ဘတ်ငွေ ၁၆၀၀၀ ကို ထောင်အာဏာပိုင်များဆီ အပ်နှံ ပေးထားကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦးကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ဗြိတိန်နိုင်ငံသား နှစ်ဦး ဖြစ်သည့် ဟန်နာဝှစ်ဒရိုက်နှင့် ဒေးဗစ်မီလာတို့ နှစ်ဦးကို သတ်ဖြတ်မှု၊ ပစ္စည်းလုယက်မှု၊ အဓမ္မပြုကျင့်မှု စသည့် စွဲချက်များဖြင့် ထိုင်းရဲများက ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး သေဒဏ်အမိန့်ချမှတ် ခံထားရသူများ ဖြစ်ကြောင်း သိရသည်။

ref:mizzima