နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ဆိုတာ ဘာလဲ

နိုင်ငံများတွင် လူမျိုးအသီးသီးတို့၏ ပင်ကိုယ် ဘာသာစကား၊ အတီးအမှုတ်အကအခုန်၊ ကဗျာ၊ ဂီတ၊ အနုပညာ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် စိတ်နေစိတ်ထားတို့ကို ပေါင်းစပ်ခြုံငုံပြီး အဆိုပါနိုင်ငံများ၏ ယဉ်ကျေးမှုအဖြစ် သတ်မှတ်ကြသည်။

ဘာသာစကားမဖွံ့ဖြိုး မတိုးတက်ခဲ့သော နိုင်ငံငယ်များတွင် အခြားတိုးတက်ဖွံ့ဖြိုးပြီးသော နိုင်ငံများရဲ့ ယဉ်ကျေးမှုအစဉ်အလာများ လွှမ်းမိုးကြမည်မှာ သဘာဝဖြစ်သည်။ ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလားများ ရှိလျှင်တောင်မှ အခြားသော အင်အားကြီးနိုင်ငံများမှ ယဉ်ကျေးမှုများ ရောယှက်လာနိုင်သေးသည်။

မြန်မာနိုင်ငံမှာ ကိုယ့်လူမျိုးအသီးသီးအလိုက် ယဉ်ကျေးမှုများရှိကြသည်။ သီဆိုကခုန်မှုပညာထွန်းကားခဲ့ပြီး ယနေ့ချိန်မှာ တန်ဖိုးထား ထိန်းသိမ်းမှု လျော့ကျလာကြတယ်။ မျိုးဆက်သစ်များကလည်း လက်ဆင့်ကမ်းမသင်ယူလိုကြသလို ပညာရှင်များကလည်း လိုက်လျောညီထွေဖြစ်မယ့် ခေတ်သစ်ပုံစံမြန်မာ့ယဉ်ကျေးမှု ဆိုကရေးတီးပညာရပ်များကို တီထွင်ဖို့ အားမထည့်နိုင်ဖြစ်နေသည်။

မြန်မာ့ယဉ်ကျေးမှု အဆို၊ အက၊ အတီး၊ အရေး၊ အနုပညာများမတိုးတက်ဘဲ ရပ်တန့်ခြင်းဟာ –
၁။ အစိုးရမှ ကောင်းစွာမထောက်ပံ့နိုင်ခြင်း၊

၂။ ပညာရှင်များသည် ခေတ်နှင့် လိုက်လျောညီထွေဖြစ်မည့် ပုံစံများထည့်သွင်းပေါင်းစပ်နိုင်စွမ်းမရှိခြင်း၊

၃။ ရှေးရိုးစွဲသမားများက မြန်မာ့ယဉ်ကျေးမှုကို အတိတ်က ပုံစံတွေအတိုင်းပဲ ဆက်ရှိနေစေချင်ကြခြင်း

၎။ အင်အားကြီးနိုင်ငံတကာမှ ယဉ်ကျေးမှုများ ထိုးဖောက်မှုကို ခံရခြင်း၊

၅။ လူငယ်မျိုးဆက်သစ်များအနေဖြင့် ကရမှာရှက်၊ ဆိုရမှာရှက်၊ ကိုယ့်ယဉ်ကျေးမှုကိုဖော်ပြရမှာရှက်ကြပြီး နိုင်ငံတကာက ယဉ်ကျေးမှုများနောက်ကို လိုက်ပါသွားခြင်း တို့ကြောင့် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာများ ပျက်စီးပျောက်ကွယ်ခြင်းဟာ အဆိုပါနိုင်ငံ၏ အမျိုးသားရေးလက္ခဏာများ ပျောက်ကွယ်ခြင်းဖြစ်သည်။ကိုယ်ပိုင်စံနှုန်းများ မရှိတော့သည့်ဘ၀ရောက်ရပေသည်။ သို့ဖြစ်၍ မိဘများသည် မိမိတို့ ရင်သွေးများအား မြန်မာ့ယဉ်ကျေးမှု အဆိုအကအတီးအခုံ သိအောင်သင်ကြားပေးပါ။ အားပေးပါ။

မိမိတို့ရိုးရာကိုယ်ပိုင်ယဉ်ကျေးမှုဘက်မှာလည်း မရှက်ပါစေနှင့်။ နိုင်ငံနှင့်လူမျိုးကို ကိုယ်စားပြုသော အနုပညာများကို ဆက်လက်ထိန်းသိမ်းပါ။ ခေတ်နှင့်အညီတိုးတက်အောင် ပေါင်းစပ်ပါ။ နိုင်ငံတကာယဉ်ကျေးမှုကိုလည်း လေ့လာအားထုတ်ပါ။ ဘယ်ဘက်ကိုမှ မလွှတ်လိုက်ပါနဲ့။

မြန်မာအက က ရင်ပဲ ရှက်စရာလိုလို၊ မြန်မာသံစဉ်ဆိုရင်ပဲ တောသား တောသူလိုအကြည့်မျိုးကြည့်ကြသလို မျိုးရိုးမစစ်မှန် ထိန်းသိမ်းရကောင်းမှန်း မသိကြတော့ဘူး။ ကိုယ့်နိုင်ငံရိုးရာဝတ်စုံကိုလည်း ဖော်ထုတ်ထိန်းသိမ်းပါ။ ၀တ်သင့်သည့်နေရာတွင် ၀တ်ပါ။ ဘောင်းဘီရှည်၊ အတိုကိုလည်း ၀တ်သင့်သည့်နေရာတွင်ဝတ်ပါ။

မြန်မာနိုင်ငံသားမှန်ရင် ရှေးကယဉ်ကျေးမှုတွေကိုလည်း မြတ်နိုးရမယ်။ နိုင်ငံတကာယဉ်ကျေးမှုကိုလည်း မြန်မာတွေနဲ့ကိုက်အောင် ပုံစံဖော်နိုင်ရမည်။ အမျိုးသားရေးလက္ခဏာများ ဆက်လက်ကျန်ရှိကြစေရေး ကိုယ်တိုင်လည်း မြန်မာ့ယဉ်ကျေးမှုအနုပညာကို ချစ်ပါ။ နားထောင်ကြည့်ရှုပါ။ အနောက်တိုင်းယဉ်ကျေးမှု အနုပညာကိုလည်း ခံစားပါ…………………………………….

မာရီယို

Share သွားပေးပါမိတ်ဆွေ

Add a Comment

Your email address will not be published. Required fields are marked *