“ကိုရိုနာဗိုင္းရပ္စ္ပိုး ေဆးဝါးမ်ား ရွိေသာ္လည္း မတ္လ မကုန္မီ တစ္ကမၻာလုံး ပ်ံ႕ႏွံ့နိုင္”ဟု RAS အႀကီးအကဲဆို

Posted on

ကိုရိုနာဗိုင္းရပ္စ္ ပိုးသည္ ယခု ပ်ံ႕ႏွံ့ျဖစ္ပြားမႈ ႏႈန္းထားအတိုင္း ဆက္လက္သြားေနမည္ ဆိုပါက မတ္လမကုန္မီ တစ္ကမၻာလုံး ပ်ံ႕ႏွံ့သြားမည္ဟု ႐ုရွားသိပၸံအကယ္ဒမီ RAS အႀကီးအကဲက ယုံၾကည္ ေျပာဆိုသည္။

“ဒီ ေရာဂါပိုးဟာ အေတာ္ေလး အႏၲရာယ္ႀကီးပါတယ္။ ပ်ံ႕ႏွံ့ျဖစ္ပြားႏႈန္း ဆပြားတိုးျမင့္ေနတယ္။ ေနာက္တစ္လမွာ ဒီ ႏႈန္းအတိုင္း ပ်ံ႕ႏွံ့ေနမယ္ဆိုရင္ တစ္ကမၻာလုံး ပ်ံ႕ႏွံ့တဲ့အထိ ႀကီးထြားလာနိုင္တယ္။”ဟု RAS အႀကီးအကဲ အလက္ဆန္ဒါးဆာဂ်ီးက ဇန္နဝါရီ ၂၇ ရက္၌ သတင္းေထာက္မ်ားအား ေျပာသည္။

ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီး WHO အေနျဖင့္ ယင္းေရာဂါပိုးႏွင့္ ပတ္သက္ၿပီး ယခုထက္မက ပိုမိုလုပ္ေဆာင္သင့္သည္ဟုလည္း ၎က ဆိုသည္။အေကာင္းဖက္က ရႈျမင္လၽွင္ ယင္းေရာဂါပိုး ကူးစက္မႈကို ကုသနိုင္သည့္ ေဆးဝါးေပါင္း ၃၀ ခန႔္ ရွိထားသည္ဟု ႐ုရွ ဗဟိုက်န္းမာေရး စစ္ေဆးေရးမႉးေဟာင္း ေဒါက္တာ ဂ်န္နာဒီက ေျပာသည္။

“အားလုံး စိုးရိမ္ပူပန္မႈ ေျပေပ်ာက္ဖို႔ ေျပာရမယ္ဆိုရင္ေတာ့ လက္ရွိမွာ ဒီ ေရာဂါပိုးကို ကုသနိုင္တဲ့ ေဆးဝါး ၃၀ ခန႔္ ရွိထားတယ္။ အဲဒီထဲကမွ ေဆးဝါး ၁၂ မ်ိဳးဟာ HIV ကို ကုသရာမွာ သုံးတဲ့ ေဆးဝါးေတြ ျဖစ္တယ္။”ဟု လက္ရွိ၌ ဒူးမား အမ်ိဳးသားလႊတ္ေတာ္အမတ္တစ္ဦးျဖစ္သည့္ ဂ်န္နာဒီက ေျပာခဲ့သည္။

ကိုရိုနာဗိုင္းရပ္စ္ပိုးသည္ လက္ရွိအထိ ႐ုရွ၌ ျဖစ္ပြားသည္ကို မေတြ႕ရေသးေသာ္လည္း နိုင္ငံ၏ နယ္စပ္ တ႐ုတ္ဖက္ျခမ္းတြင္ ေရာဂါပိုး ကူးစက္မႈ သတင္းမ်ား ရရွိထားေၾကာင္း ႐ုရွအာဏာပိုင္မ်ားက ေျပာသည္။

အဆိုပါ ကိုရိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားပုံရွိသည့္ ဝူဟန္ၿမိဳ႕ေတာ္၏ ျပည္နယ္ ဟူေဘးတြင္ ေက်ာင္းသား ၇၅ ဦး အပါအဝင္ ႐ုရွနိုင္ငံသား ၁၄၀ ရွိေနေၾကာင္း ေပက်င္းရွိ ႐ုရွသံ႐ုံးက ထုတ္ျပန္ထားေသာ္လည္း ၎တို႔အား ကယ္ထုတ္ေရး အားခ်င္းအစီအစဥ္ ရွိမရွိကိုမူ ေျပာဆိုျခင္း မရွိေသးေပ။

ref:mizzima

Unicode

ကိုရိုနာဗိုင်းရပ်စ် ပိုးသည် ယခု ပျံ့နှံ့ဖြစ်ပွားမှု နှုန်းထားအတိုင်း ဆက်လက်သွားနေမည် ဆိုပါက မတ်လမကုန်မီ တစ်ကမ္ဘာလုံး ပျံ့နှံ့သွားမည်ဟု ရုရှားသိပ္ပံအကယ်ဒမီ RAS အကြီးအကဲက ယုံကြည် ပြောဆိုသည်။

“ဒီ ရောဂါပိုးဟာ အတော်လေး အန္တရာယ်ကြီးပါတယ်။ ပျံ့နှံ့ဖြစ်ပွားနှုန်း ဆပွားတိုးမြင့်နေတယ်။ နောက်တစ်လမှာ ဒီ နှုန်းအတိုင်း ပျံ့နှံ့နေမယ်ဆိုရင် တစ်ကမ္ဘာလုံး ပျံ့နှံ့တဲ့အထိ ကြီးထွားလာနိုင်တယ်။”ဟု RAS အကြီးအကဲ အလက်ဆန်ဒါးဆာဂျီးက ဇန်နဝါရီ ၂၇ ရက်၌ သတင်းထောက်များအား ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO အနေဖြင့် ယင်းရောဂါပိုးနှင့် ပတ်သက်ပြီး ယခုထက်မက ပိုမိုလုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။အကောင်းဖက်က ရှုမြင်လျှင် ယင်းရောဂါပိုး ကူးစက်မှုကို ကုသနိုင်သည့် ဆေးဝါးပေါင်း ၃၀ ခန့် ရှိထားသည်ဟု ရုရှ ဗဟိုကျန်းမာရေး စစ်ဆေးရေးမှူးဟောင်း ဒေါက်တာ ဂျန်နာဒီက ပြောသည်။

“အားလုံး စိုးရိမ်ပူပန်မှု ပြေပျောက်ဖို့ ပြောရမယ်ဆိုရင်တော့ လက်ရှိမှာ ဒီ ရောဂါပိုးကို ကုသနိုင်တဲ့ ဆေးဝါး ၃၀ ခန့် ရှိထားတယ်။ အဲဒီထဲကမှ ဆေးဝါး ၁၂ မျိုးဟာ HIV ကို ကုသရာမှာ သုံးတဲ့ ဆေးဝါးတွေ ဖြစ်တယ်။”ဟု လက်ရှိ၌ ဒူးမား အမျိုးသားလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဂျန်နာဒီက ပြောခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လက်ရှိအထိ ရုရှ၌ ဖြစ်ပွားသည်ကို မတွေ့ရသေးသော်လည်း နိုင်ငံ၏ နယ်စပ် တရုတ်ဖက်ခြမ်းတွင် ရောဂါပိုး ကူးစက်မှု သတင်းများ ရရှိထားကြောင်း ရုရှအာဏာပိုင်များက ပြောသည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပုံရှိသည့် ဝူဟန်မြို့တော်၏ ပြည်နယ် ဟူဘေးတွင် ကျောင်းသား ၇၅ ဦး အပါအဝင် ရုရှနိုင်ငံသား ၁၄၀ ရှိနေကြောင်း ပေကျင်းရှိ ရုရှသံရုံးက ထုတ်ပြန်ထားသော်လည်း ၎င်းတို့အား ကယ်ထုတ်ရေး အားချင်းအစီအစဉ် ရှိမရှိကိုမူ ပြောဆိုခြင်း မရှိသေးပေ။

ref:mizzima