မန္ခ်က္စတာယူႏိုက္တက္ CEO ရဲ႕ ေနအိမ္ကို ပရိသတ္က မီးခိုးဗုံးျဖင့္ တိုက္ခိုက္

Posted on

အသင္းရဲ႕ လက္ရွိအေျခအေနကို လက္ခံနိုင္ျခင္းမရွိတဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဆိုးသြမ္းပရိသတ္ေတြဟာ အမႈေဆာင္အရာရွိခ်ဳပ္ အက္ဒ္ဝုဒ္ဝက္ရဲ့ ေနအိမ္ကို မီးခိုးဗုံးေတြနဲ႔ တိုက္ခိုက္ခဲ့သလို နံရံေတြကိုလည္း စပေရးေတြ ဖ်န္းၿပီး ဖ်က္ဆီးခဲ့ၾကပါတယ္။မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေနာက္ဆုံးႏွစ္ပြဲမွာ ဘန္ေလကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ေပမယ့္ အက္ဖ္ေအဖလားမွာ ထရန္မာရီကို အနိုင္ယူထားနိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ယူနိုက္တက္ ပရိသတ္ေတြကေတာ့ ပိုင္ရွင္ ေဂလဇာမိသားစုနဲ႔ အမႈေဆာင္ အရာရွိခ်ဳပ္ အက္ဒ္ဝုဒ္ဝက္တို႔ကို အသင္းကေန ထြက္သြားၾကဖို႔ သီခ်င္းသီဆို ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။မေန႔ညမွာေတာ့ ခ်က္ရွ္ရွိုင္းယားျပည္နယ္မွာရွိတဲ့ ဝုဒ္ရဲ့ ေပါင္ ၂ သန္းတန္ေၾကးရွိတဲ့ စံအိမ္ႀကီးကို ေဒါသတႀကီး တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။

တိုက္ခိုက္ဖ်က္ဆီးခဲ့တဲ့ ပရိသတ္ေတြဟာ ဝုဒ္ကို သတ္ပစ္ခ်င္ေလာက္ေအာင္ ေဒါသျဖစ္ေနၾကၿပီး အသင္းဘက္ကေတာ့ က်ဴးလြန္ခဲ့သူေတြကို အသင္းပရိသတ္အျဖစ္ကေန တသက္တာ ပိတ္ပင္သြားမယ္လို႔ ထုတ္ျပန္ ေၾကညာထားပါတယ္။

ref:DVB

Unicode

အသင်းရဲ့ လက်ရှိအခြေအနေကို လက်ခံနိုင်ခြင်းမရှိတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဆိုးသွမ်းပရိသတ်တွေဟာ အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝက်ရဲ့ နေအိမ်ကို မီးခိုးဗုံးတွေနဲ့ တိုက်ခိုက်ခဲ့သလို နံရံတွေကိုလည်း စပရေးတွေ ဖျန်းပြီး ဖျက်ဆီးခဲ့ကြပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးနှစ်ပွဲမှာ ဘန်လေကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် အက်ဖ်အေဖလားမှာ ထရန်မာရီကို အနိုင်ယူထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ယူနိုက်တက် ပရိသတ်တွေကတော့ ပိုင်ရှင် ဂေလဇာမိသားစုနဲ့ အမှုဆောင် အရာရှိချုပ် အက်ဒ်ဝုဒ်ဝက်တို့ကို အသင်းကနေ ထွက်သွားကြဖို့ သီချင်းသီဆို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။မနေ့ညမှာတော့ ချက်ရှ်ရှိုင်းယားပြည်နယ်မှာရှိတဲ့ ဝုဒ်ရဲ့ ပေါင် ၂ သန်းတန်ကြေးရှိတဲ့ စံအိမ်ကြီးကို ဒေါသတကြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ပရိသတ်တွေဟာ ဝုဒ်ကို သတ်ပစ်ချင်လောက်အောင် ဒေါသဖြစ်နေကြပြီး အသင်းဘက်ကတော့ ကျူးလွန်ခဲ့သူတွေကို အသင်းပရိသတ်အဖြစ်ကနေ တသက်တာ ပိတ်ပင်သွားမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

ref:DVB