အီရတ္ရွိ အေမရိကန္ေလတပ္ အေျခစိုက္စခန္းႏွစ္ခု တိုက္ခိုက္ခံရမႈ ဦးေႏွာက္ထိခိုက္သူ အေမရိကန္တပ္သား (၅၀) ဦးအထိ တိုးလာ

Posted on

ဇန္နဝါရီလအေစာပိုင္း အီရန္တို႔က အီရတ္ရွိ အေမရိကန္ေလတပ္ အေျခစိုက္ စခန္းႏွစ္ခုကို ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ခဲ့မႈေၾကာင့္ ဦးေႏွာက္ထိခိုက္ဒဏ္ရာ (Traumatic Brain Injury- TBI) ခံစားေနရသည့္ အေမရိကန္တပ္ သားဦးေရသည္ ၅၀ အထိ ျမင့္တက္လာေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္က ဇန္နဝါရီ ၂၈ ရက္တြင္ ထုတ္ျပန္ခဲ့သည္။ဇန္နဝါရီ ၈ ရက္က အီရတ္အေနာက္ပိုင္းရွိ Ain al-Asad ေလတပ္စခန္းတိုက္ခိုက္ခံရမႈတြင္ အေမရိကန္တပ္သား ၃၄ ဦး ဦးေႏွာက္ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ၿပီးခဲ့သည့္အပတ္က ထုတ္ျပန္ခဲ့ေသာ္လည္း အေရအတြက္ ထပ္မံတိုးလာခဲ့ျခင္းျဖစ္သည္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္က တပ္သားတစ္ဦးမၽွ ထိခိုက္ဒဏ္ရာမရခဲ့ေၾကာင္း ကနဦးတြင္ေျပာၾကားခဲ့သျဖင့္ ဒီမိုကရက္အမတ္မ်ားက သမၼတသည္ ဒဏ္ရာမ်ားကို ေသးသိမ္ေအာင္လုပ္ေနေၾကာင္း ေဝဖန္ေျပာဆိုခဲ့ၾကသည္။

ဦးေႏွာက္ထိခိုက္ဒဏ္ရာရရွိသူ ၅၀ အနက္ ၃၁ ေယာက္မွာ အီရတ္တြင္လည္းေကာင္း တစ္ေယာက္မွာ ကူဝိတ္တြင္လည္းေကာင္း အသီးသီး ေဆးကုသမႈခံယူခဲ့ၾကၿပီး ယခုအခါ မူလတာဝန္ျပန္လည္ထမ္းေဆာင္ ေနၾကၿပီ ျဖစ္သည္။ ၁၈ ေယာက္မွာ ဂ်ာမနီတြင္ကုသလ်က္ရွိၿပီး ဒဏ္ရာရရွိသူအေရအတြက္ ထပ္မံေျပာင္းလဲနိုင္ေၾကာင္း ပင္တဂြန္ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မႉးႀကီး Thomas Campbell ကေျပာသည္။

အီရန္သည္ ထိပ္တန္း ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ဆိုေလမာနီလုပ္ႀကံခံရမႈကို လက္စားေခ်သည့္အေနျဖင့္ ဇန္နဝါရီ ၈ ရက္က အီရတ္ရွိ အေမရိကန္ေလတပ္အေျခစိုက္စခန္း ၂ ခုကို ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ခဲ့ရာတြင္ အေမရိကန္တပ္သား ၁၅၀၀ ခန႔္သည္ ႀကိဳတင္တပ္လွန႔္သတိေပးခ်က္ရရွိခဲ့ကာ အခိုင္အမာတည္ေဆာက္ထားသည့္ ကတုတ္က်င္းမ်ားတြင္ ပုန္းေအာင္းေနနိုင္ခဲ့သည္။

ref:mizzima

Unicode

ဇန်နဝါရီလအစောပိုင်း အီရန်တို့က အီရတ်ရှိ အမေရိကန်လေတပ် အခြေစိုက် စခန်းနှစ်ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ဦးနှောက်ထိခိုက်ဒဏ်ရာ (Traumatic Brain Injury- TBI) ခံစားနေရသည့် အမေရိကန်တပ် သားဦးရေသည် ၅၀ အထိ မြင့်တက်လာကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ဇန်နဝါရီ ၈ ရက်က အီရတ်အနောက်ပိုင်းရှိ Ain al-Asad လေတပ်စခန်းတိုက်ခိုက်ခံရမှုတွင် အမေရိကန်တပ်သား ၃၄ ဦး ဦးနှောက်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သော်လည်း အရေအတွက် ထပ်မံတိုးလာခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တပ်သားတစ်ဦးမျှ ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း ကနဦးတွင်ပြောကြားခဲ့သဖြင့် ဒီမိုကရက်အမတ်များက သမ္မတသည် ဒဏ်ရာများကို သေးသိမ်အောင်လုပ်နေကြောင်း ဝေဖန်ပြောဆိုခဲ့ကြသည်။

ဦးနှောက်ထိခိုက်ဒဏ်ရာရရှိသူ ၅၀ အနက် ၃၁ ယောက်မှာ အီရတ်တွင်လည်းကောင်း တစ်ယောက်မှာ ကူဝိတ်တွင်လည်းကောင်း အသီးသီး ဆေးကုသမှုခံယူခဲ့ကြပြီး ယခုအခါ မူလတာဝန်ပြန်လည်ထမ်းဆောင် နေကြပြီ ဖြစ်သည်။ ၁၈ ယောက်မှာ ဂျာမနီတွင်ကုသလျက်ရှိပြီး ဒဏ်ရာရရှိသူအရေအတွက် ထပ်မံပြောင်းလဲနိုင်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Thomas Campbell ကပြောသည်။

အီရန်သည် ထိပ်တန်း ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီလုပ်ကြံခံရမှုကို လက်စားချေသည့်အနေဖြင့် ဇန်နဝါရီ ၈ ရက်က အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်း ၂ ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာတွင် အမေရိကန်တပ်သား ၁၅၀၀ ခန့်သည် ကြိုတင်တပ်လှန့်သတိပေးချက်ရရှိခဲ့ကာ အခိုင်အမာတည်ဆောက်ထားသည့် ကတုတ်ကျင်းများတွင် ပုန်းအောင်းနေနိုင်ခဲ့သည်။

ref:mizzima