“AA အ ေပၚလႊမ္းမိုးမႈ ရွိသည့္ နိုင္ငံ၊ အဖြဲ႕အစည္းမ်ားႏွင့္သာ ေျပာဆိုေတာ့မည္”ဟု ဦးေဇာ္ေဌး ေျပာၾကား

Posted on

AA ရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အေနနဲ႔ တစုံတရာ ေျပာဆိုေတာ့မွာ မဟုတ္ဘဲ ေအေအအေပၚမွာ လႊမ္းမိုးမႈရွိတဲ့ နိုင္ငံ၊ အဖြဲ႕အစည္းေတြနဲ႔ပဲ ေျပာဆိုေတာ့မယ္လို႔ နိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္ဇန္နဝါရီ ၃၁ ရက္က ေနျပည္ေတာ္ရွိ သမၼတအိမ္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဖမ္းဆီးခံထားရသူေတြကိစၥနဲ႔ ပတ္သက္ၿပီး အခုလို ေျပာဆိုလိုက္တာပါ။

ဗဟုသုတရ ေစမည့္ ရွားပါး အေၾကာင္းအရာမ်ား တင္ဆက္ ေပးတဲ့ Youtube Channel ေလးျဖစ္လို႕ Subscribe လုပ္ထားၾကပါအံုးေနာ္ 1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ ရန္ကုန္တကၠသိုလ္ရဲ့ အ ေၾကာင္းရာ အခ်ိဳ႕ပါဝင္ပါသည္။

“ေနာက္ပိုင္းက်ရင္ ေအေအကို ၿငိမ္းခ်မ္းေရး ေကာ္မရွင္ကလည္း မေျပာေတာ့ဘူး။ ေျပာရရင္ေတာ့ အဲဒီအေပၚမွာ လႊမ္းမိုးမႈရွိတဲ့ နိုင္ငံေတြ အဖြဲ႕အစည္းေတြကိုပဲ ေျပာရမယ္။ အခုလို ေျပာတဲ့အတြက္လည္း ဖမ္းခံထားရတဲ့သူေတြ တစတစ လႊတ္လာတာ ျဖစ္တယ္။ အဲဒါေၾကာင့္ ပါတယ္” လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

အစိုးရက ဖမ္းဆီးထားတဲ့သူေတြထဲမွာ အျပစ္မဲ့သူေတြ ပါဝင္ေနတယ္ဆိုရင္ ေအေအအေနနဲ႔ NRPC ကို စာရင္းေပးတင္ျပဖို႔ ေျပာဆိုခဲ့ဖူးေၾကာင္း ဦးေဇာ္ေဌးက ေျပာပါတယ္။

“ေအေအ ေခါင္းေဆာင္ေတြကို ဘာေျပာခဲ့လဲဆိုေတာ့ ခင္ဗ်ားတို႔ဘက္က အဖမ္းခံထားရတဲ့သူေတြ ရွိတယ္၊ ဘာမွမဆိုင္ဘဲ အျပစ္မဲ့ျပည္သူေတြ ရွိတယ္ဆိုရင္ နာမည္စာရင္းေပး။ က်ေနာ္တို႔ NRPC ကို စာရင္းနဲ႔တင္ျပရင္ က်ေနာ္တို႔ ျပန္စိစစ္မယ္၊ တကယ္အျပစ္မရွိဘူးဆိုရင္ ျပန္လႊတ္ေပးမယ္။ အျပစ္ရွိရင္ေတာ့ ဥပေဒနဲ႔အညီ အေရးယူခံရမယ္လို႔ ေျပာခဲ့တယ္” လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့လက ျမန္မာနိုင္ငံကို တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ လာေရာက္လည္ပတ္ၿပီးတဲ့ေနာက္မွာ AA က ဖမ္းဆီးေခၚေဆာင္ထားတဲ့ အမ်ိဳးသားလႊတ္ေတာ္ ဦးေဝွ႕တင္းကို ျပန္လည္လႊတ္ေပးခဲ့တာကို ေတြ႕ရၿပီး ေအေအအဖြဲ႕အေပၚ တ႐ုတ္ရဲ့ ၾသဇာ အာဏာသက္ေရာက္ေနတယ္ဆိုတဲ့ ထင္ျမင္ယူဆခ်က္ေတြကိုလည္း ေတြ႕ရပါတယ္။

ref:DVB

Unicode

AA ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အနေနဲ့ တစုံတရာ ပြောဆိုတော့မှာ မဟုတ်ဘဲ အေအေအပေါ်မှာ လွှမ်းမိုးမှုရှိတဲ့ နိုင်ငံ၊ အဖွဲ့အစည်းတွေနဲ့ပဲ ပြောဆိုတော့မယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖမ်းဆီးခံထားရသူတွေကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုလိုက်တာပါ။

“နောက်ပိုင်းကျရင် အေအေကို ငြိမ်းချမ်းရေး ကော်မရှင်ကလည်း မပြောတော့ဘူး။ ပြောရရင်တော့ အဲဒီအပေါ်မှာ လွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေကိုပဲ ပြောရမယ်။ အခုလို ပြောတဲ့အတွက်လည်း ဖမ်းခံထားရတဲ့သူတွေ တစတစ လွှတ်လာတာ ဖြစ်တယ်။ အဲဒါကြောင့် ပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရက ဖမ်းဆီးထားတဲ့သူတွေထဲမှာ အပြစ်မဲ့သူတွေ ပါဝင်နေတယ်ဆိုရင် အေအေအနေနဲ့ NRPC ကို စာရင်းပေးတင်ပြဖို့ ပြောဆိုခဲ့ဖူးကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

“အေအေ ခေါင်းဆောင်တွေကို ဘာပြောခဲ့လဲဆိုတော့ ခင်ဗျားတို့ဘက်က အဖမ်းခံထားရတဲ့သူတွေ ရှိတယ်၊ ဘာမှမဆိုင်ဘဲ အပြစ်မဲ့ပြည်သူတွေ ရှိတယ်ဆိုရင် နာမည်စာရင်းပေး။ ကျနော်တို့ NRPC ကို စာရင်းနဲ့တင်ပြရင် ကျနော်တို့ ပြန်စိစစ်မယ်၊ တကယ်အပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေးမယ်။ အပြစ်ရှိရင်တော့ ဥပဒေနဲ့အညီ အရေးယူခံရမယ်လို့ ပြောခဲ့တယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်ပြီးတဲ့နောက်မှာ AA က ဖမ်းဆီးခေါ်ဆောင်ထားတဲ့ အမျိုးသားလွှတ်တော် ဦးဝှေ့တင်းကို ပြန်လည်လွှတ်ပေးခဲ့တာကို တွေ့ရပြီး အေအေအဖွဲ့အပေါ် တရုတ်ရဲ့ သြဇာ အာဏာသက်ရောက်နေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကိုလည်း တွေ့ရပါတယ်။

 

1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ တခ်ိန္က အေရွ႕ ေတာင္အာရွရဲ႕ အ ေကာင္းဆံုးတကၠသိုလ္ (သို႕) ရန္ကုန္တကၠသိုလ္ အ ေၾကာင္း