ေဒၚနယ္ထရမ့္ကို သမၼတရာထူးက ဖယ္ရွားသင့္/မသင့္ကို ေဖေဖာ္ဝါရီ (၅) ရက္မွာ လႊတ္ေတာ္တြင္ ဆုံးျဖတ္မည္

Posted on

ဖေဖာ္ဝါရီလ ၅ ရက္ေန႔တြင္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ကို ရာထူးက ဖယ္ရွားသင့္/မသင့္ကို ဆီးနိတ္လႊတ္ေတာ္တြင္ စီရင္ခ်က္ခ်မွာ ျဖစ္ေၾကာင္း သိရသည္။ သမၼတ ေဒၚနယ္ထရမ့္ကို အျပစ္ရွိေၾကာင္း စြဲဆိုခ်က္အေပၚ ဆီးနိတ္မွာ သီတင္း ၂ ပတ္ၾကာ စစ္ေဆးၾကားနာမႈမွာ သက္ေသအေထာက္ အထားသစ္ေတြ ရွိတယ္ဆိုၿပီး ဒီမိုကရက္တစ္ပါတီက မ်က္ျမင္သက္ေသထြက္ဆိုသူ ထပ္မံတင္ သြင္းတာကို ဆီးနိတ္က မဲခြဲပယ္ခ်အၿပီးမွာ စီရင္ခ်က္ခ်ဖို႔ကို ဆုံးျဖတ္လိုက္တာျဖစ္သည္။

ဗဟုသုတရ ေစမည့္ ရွားပါး အေၾကာင္းအရာမ်ား တင္ဆက္ ေပးတဲ့ Youtube Channel ေလးျဖစ္လို႕ Subscribe လုပ္ထားၾကပါအံုးေနာ္ 1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ ရန္ကုန္တကၠသိုလ္ရဲ့ အ ေၾကာင္းရာ အခ်ိဳ႕ပါဝင္ပါသည္။

သမၼတ ထရမ့္ကို ရာထူးအာဏာ အလြဲသုံးစားမႈနဲ႔ လႊတ္ေတာ္ကို စြက္ဖက္ျခယ္လွယ္မႈေတြအတြက္ ဒီမိုကရက္တစ္ေတြ ႀကီးစိုးရာ ေအာက္လႊတ္ေတာ္မွာ မဲခြဲအတည္ျပဳၿပီး အျပစ္ရွိေၾကာင္း စြဲခ်က္တင္လာတာကို ရီပတ္ဘရီကန္ ႀကီးစိုးရာ ဆီးနိတ္လႊတ္ေတာ္မွာ တရားစီရင္ၾကားနာခဲ့တာ ျဖစ္ၿပီး အမွန္တကယ္ အျပစ္ရွိေၾကာင္း စီရင္ခ်က္ ခ်ခံရပါက ထရမ့္အေနနဲ႔ ရာထူးက ဖယ္ရွားခံရမွာ ျဖစ္ေပမယ့္ ဆီးနိတ္မွာက ထရမ့္ရဲ႕ ရီပတ္ဘရီကန္ပါတီက ႀကီးစိုးထားတာ ျဖစ္သည္။

သမၼတ ထရမ့္ဟာ ၎ရဲ႕ ႏိုင္ငံေရးၿပိဳင္ဖက္ကို အက်င့္ပ်က္ျခစားမႈနဲ႔ ေၾကညာႏိုင္ဖို႔ ယူကရိန္းႏိုင္ငံကို ဖိအားေပးခဲ့တယ္လို႔ စြဲခ်က္တင္ခံထားရတာ ျဖစ္ပါတယ္။ထရမ့္ဟာ ယူကရိန္းကို ေထာက္ပံ့တဲ့ စစ္ေရးအကူအညီေတြကို လက္ကိုင္တုတ္လုပ္ၿပီး ၿပိဳင္ဖက္ ဂ်ိဳးဘိုင္ဒင္ရဲ႕ ယူကရိန္းက စီးပြားေရးလုပ္ငန္းေတြမွာ အက်င့္ပ်က္ျခစားမႈ ရွိတယ္ဆိုတာကို စုံစမ္းစစ္ေဆးေပးဖို႔ ရာထူးအာဏာကို အလြဲသုံးစားလုပ္ကာ ဖိအားေပးခဲ့တယ္လို႔ စြဲဆိုခံထားရတာ ျဖစ္သည္။

ref:mizzima

Unicode

ဖဖော်ဝါရီလ ၅ ရက်နေ့တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ရာထူးက ဖယ်ရှားသင့်/မသင့်ကို ဆီးနိတ်လွှတ်တော်တွင် စီရင်ချက်ချမှာ ဖြစ်ကြောင်း သိရသည်။ သမ္မတ ဒေါ်နယ်ထရမ့်ကို အပြစ်ရှိကြောင်း စွဲဆိုချက်အပေါ် ဆီးနိတ်မှာ သီတင်း ၂ ပတ်ကြာ စစ်ဆေးကြားနာမှုမှာ သက်သေအထောက် အထားသစ်တွေ ရှိတယ်ဆိုပြီး ဒီမိုကရက်တစ်ပါတီက မျက်မြင်သက်သေထွက်ဆိုသူ ထပ်မံတင် သွင်းတာကို ဆီးနိတ်က မဲခွဲပယ်ချအပြီးမှာ စီရင်ချက်ချဖို့ကို ဆုံးဖြတ်လိုက်တာဖြစ်သည်။

သမ္မတ ထရမ့်ကို ရာထူးအာဏာ အလွဲသုံးစားမှုနဲ့ လွှတ်တော်ကို စွက်ဖက်ခြယ်လှယ်မှုတွေအတွက် ဒီမိုကရက်တစ်တွေ ကြီးစိုးရာ အောက်လွှတ်တော်မှာ မဲခွဲအတည်ပြုပြီး အပြစ်ရှိကြောင်း စွဲချက်တင်လာတာကို ရီပတ်ဘရီကန် ကြီးစိုးရာ ဆီးနိတ်လွှတ်တော်မှာ တရားစီရင်ကြားနာခဲ့တာ ဖြစ်ပြီး အမှန်တကယ် အပြစ်ရှိကြောင်း စီရင်ချက် ချခံရပါက ထရမ့်အနေနဲ့ ရာထူးက ဖယ်ရှားခံရမှာ ဖြစ်ပေမယ့် ဆီးနိတ်မှာက ထရမ့်ရဲ့ ရီပတ်ဘရီကန်ပါတီက ကြီးစိုးထားတာ ဖြစ်သည်။

သမ္မတ ထရမ့်ဟာ ၎င်းရဲ့ နိုင်ငံရေးပြိုင်ဖက်ကို အကျင့်ပျက်ခြစားမှုနဲ့ ကြေညာနိုင်ဖို့ ယူကရိန်းနိုင်ငံကို ဖိအားပေးခဲ့တယ်လို့ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။ထရမ့်ဟာ ယူကရိန်းကို ထောက်ပံ့တဲ့ စစ်ရေးအကူအညီတွေကို လက်ကိုင်တုတ်လုပ်ပြီး ပြိုင်ဖက် ဂျိုးဘိုင်ဒင်ရဲ့ ယူကရိန်းက စီးပွားရေးလုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှု ရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးပေးဖို့ ရာထူးအာဏာကို အလွဲသုံးစားလုပ်ကာ ဖိအားပေးခဲ့တယ်လို့ စွဲဆိုခံထားရတာ ဖြစ်သည်။

ref:mizzima

1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ တခ်ိန္က အေရွ႕ ေတာင္အာရွရဲ႕ အ ေကာင္းဆံုးတကၠသိုလ္ (သို႕) ရန္ကုန္တကၠသိုလ္ အ ေၾကာင္း