လွည္းကူးျမိဳ႕နယ္ ၾကာကန္ေက်းရြာ မွာ ၃ ေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြား

Posted on

လွည္းကူးၿမိဳ႕နယ္၊ ၾကာကန္ေက်း႐ြာ၊ ၾကာကန္လမ္းသစ္မွာ ယေန႕ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ မနက္အေစာပိုင္းက သုံးေလာင္းၿပိဳင္လူသတ္မႈျဖစ္ပြားခဲ့တယ္လို႔ လွည္းကူးရဲစခန္းက သိရပါတယ္။ေသဆုံးသူေတြဟာ အမ်ိဳးသားသုံးေယာက္ျဖစ္ၿပီး သူတို႔ေတြရဲ႕႐ုပ္အေလာင္းေတြကိုေတာ့ က႐ုဏာရွင္အသင္း နိဗၺာန္ယာဥ္အဖြဲ႕က သြားေရာက္သယ္ယူခဲ့ၿပီး လွည္းကူးေဆး႐ုံကိုပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ဗဟုသုတရ ေစမည့္ ရွားပါး အေၾကာင္းအရာမ်ား တင္ဆက္ ေပးတဲ့ Youtube Channel ေလးျဖစ္လို႕ Subscribe လုပ္ထားၾကပါအံုးေနာ္ 1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ ရန္ကုန္တကၠသိုလ္ရဲ့ အ ေၾကာင္းရာ အခ်ိဳ႕ပါဝင္ပါသည္။

“ျဖစ္စဥ္ကေတာ့မွန္ပါတယ္။ ေလာေလာဆယ္စခန္းက တာဝန္ရွိသူေတြလည္း တရားခံဖမ္းဆီးရမိေရးအတြက္ ႀကိဳးစားၿပီး လုပ္ေဆာင္ေနပါတယ္။ တရားခံမဖမ္းမိေသးေတာ့ ဘာမွအတိအက်ေျပာလို႔မရေသးပါဘူး” လို႔ လွည္းကူးရဲစခန္းက တာဝန္ရွိသူတစ္ေယာက္က ေျပာခဲ့တယ္လို႕သိရပါတယ္။

“ကြၽန္ေတာ္တို႔ဆီကို သတင္းဝင္တာက မနက္(၆)နာရီေလာက္မွာ သတင္းဝင္လာတာပါ။ ေသဆုံးသူေတြဟာ အမႊာညီအစ္ကိုႏွစ္ေယာက္အသက္(၂၇)ႏွစ္နဲ႔ သူတို႔ရဲ႕ေယာက္ဖ အသက္(၃၀) ႏွစ္ေတြပါ” လို႔ သြားေရာက္ ကူညီေပးခဲ့တဲ့ က႐ုဏာရွင္အသင္းက ကိုဝင္းထြဋ္က ေျပာခဲ့တယ္လို႕ သိရပါတယ္။

အခုခ်ိန္မွာ တရားခံဖမ္းဆီးရမိေရးအတြက္ေဆာင္႐ြက္ေနၿပီး လူသတ္မႈပုဒ္မ (၃၀၂) ရဲ႕ အမႈဖြင့္ထားၿပီး (ပ)နံပါတ္ေတာ့ မထြက္ေသးဘူးလို႔ လွည္းကူးရဲစခန္းက သိရပါတယ္။

ref:Omedia

Unicode

လှည်းကူးမြို့နယ်၊ ကြာကန်ကျေးရွာ၊ ကြာကန်လမ်းသစ်မှာ ယနေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ မနက်အစောပိုင်းက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ လှည်းကူးရဲစခန်းက သိရပါတယ်။သေဆုံးသူတွေဟာ အမျိုးသားသုံးယောက်ဖြစ်ပြီး သူတို့တွေရဲ့ရုပ်အလောင်းတွေကိုတော့ ကရုဏာရှင်အသင်း နိဗ္ဗာန်ယာဉ်အဖွဲ့က သွားရောက်သယ်ယူခဲ့ပြီး လှည်းကူးဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ဖြစ်စဉ်ကတော့မှန်ပါတယ်။ လောလောဆယ်စခန်းက တာဝန်ရှိသူတွေလည်း တရားခံဖမ်းဆီးရမိရေးအတွက် ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ တရားခံမဖမ်းမိသေးတော့ ဘာမှအတိအကျပြောလို့မရသေးပါဘူး” လို့ လှည်းကူးရဲစခန်းက တာဝန်ရှိသူတစ်ယောက်က ပြောခဲ့တယ်လို့သိရပါတယ်။

“ကျွန်တော်တို့ဆီကို သတင်းဝင်တာက မနက်(၆)နာရီလောက်မှာ သတင်းဝင်လာတာပါ။ သေဆုံးသူတွေဟာ အမွှာညီအစ်ကိုနှစ်ယောက်အသက်(၂၇)နှစ်နဲ့ သူတို့ရဲ့ယောက်ဖ အသက်(၃၀) နှစ်တွေပါ” လို့ သွားရောက် ကူညီပေးခဲ့တဲ့ ကရုဏာရှင်အသင်းက ကိုဝင်းထွဋ်က ပြောခဲ့တယ်လို့ သိရပါတယ်။

အခုချိန်မှာ တရားခံဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်နေပြီး လူသတ်မှုပုဒ်မ (၃၀၂) ရဲ့ အမှုဖွင့်ထားပြီး (ပ)နံပါတ်တော့ မထွက်သေးဘူးလို့ လှည်းကူးရဲစခန်းက သိရပါတယ်။

ref:Omedia

1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ တခ်ိန္က အေရွ႕ ေတာင္အာရွရဲ႕ အ ေကာင္းဆံုးတကၠသိုလ္ (သို႕) ရန္ကုန္တကၠသိုလ္ အ ေၾကာင္း