ေရးၿမိဳ႕နယ္ရွိ အာဇာနည္ဗိမာန္ကို ဖ်က္ဆီးခဲ့တဲ့ တရားခံေတြအား ဖမ္းမိ

Posted on

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ရဲ့ အာဇာနည္ ဗိမာန္အား ဖ်က္ဆီးခဲ့တဲ့ လူ ၄ ေယာက္ကို ေဖေဖာ္ဝါရီ ၁ ရက္ေန႔ မြန္းလြဲပိုင္းမွာ ဖမ္းဆီးမိတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၉ ရက္ေန႔ ည ၁၀ နာရီေလာက္က အာဇာနည္ဗိမာန္ရွိ လက္ရန္း အကာအရံေတြကို လူငယ္ ၄ ဦးက အုတ္ခဲေတြနဲ႔ ရိုက္ခြဲဖ်က္ဆီးခဲ့တာျဖစ္ၿပီး ေရးၿမိဳ႕ ျမသီတာေဈးမွာ ဖမ္းဆီးမိ ခဲ့တာလို႔ ဆိုပါတယ္။

လူငယ္ေတြရဲ့ ဖ်က္ဆီးမႈဟာ ႐ုပ္ဆို အက်ည္းတန္ေစၿပီး အခုလို ရက္ပိုင္းအတြင္း ရဲတပ္ဖြဲ႕က ဖမ္းဆီးေပးလို႔ ေက်နပ္ေၾကာင္း၊ လူငယ္ေတြ လမ္းမွား ထပ္မမွားၾကဖို႔ အသိပညာေပးတာေတြ လုပ္ေဆာင္သင့္တယ္လို႔ ၿမိဳ႕ခံ ဦးျမသန္းက ေျပာပါတယ္။အာဇာနည္ဗိမာန္အား ဖ်က္ဆီးခဲ့တဲ့သူေတြဟာ အသက္ ၂၀ မွ ၂၅ ၾကားအရြယ္ေတြ ျဖစ္ပါတယ္။

ျပည္သူပိုင္ပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒပုဒ္မ ၆၁ အရ ၿမိဳ႕နယ္စည္ပင္က တရားလိုျပဳလုပ္ တိုင္တန္းထားတာပါ။အာဇာနည္ဗိမာန္အား ဖ်က္ဆီးခဲ့တဲ့ ရာဇာထြန္း၊ ပိုင္ပိုင္၊ သီဟနဲ႔ ေဇာ္ဝင္းထြဋ္တို႔ကို ေရးၿမိဳ႕မ ရဲစခန္း အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

ေနမ်ိဳးထြဋ္
ref:DVB
Photo:LKT

Unicode

မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲ့ အာဇာနည် ဗိမာန်အား ဖျက်ဆီးခဲ့တဲ့ လူ ၄ ယောက်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ဖမ်းဆီးမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ ည ၁၀ နာရီလောက်က အာဇာနည်ဗိမာန်ရှိ လက်ရန်း အကာအရံတွေကို လူငယ် ၄ ဦးက အုတ်ခဲတွေနဲ့ ရိုက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး ရေးမြို့ မြသီတာဈေးမှာ ဖမ်းဆီးမိ ခဲ့တာလို့ ဆိုပါတယ်။

လူငယ်တွေရဲ့ ဖျက်ဆီးမှုဟာ ရုပ်ဆို အကျည်းတန်စေပြီး အခုလို ရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးပေးလို့ ကျေနပ်ကြောင်း၊ လူငယ်တွေ လမ်းမှား ထပ်မမှားကြဖို့ အသိပညာပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ မြို့ခံ ဦးမြသန်းက ပြောပါတယ်။အာဇာနည်ဗိမာန်အား ဖျက်ဆီးခဲ့တဲ့သူတွေဟာ အသက် ၂၀ မှ ၂၅ ကြားအရွယ်တွေ ဖြစ်ပါတယ်။

ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆၁ အရ မြို့နယ်စည်ပင်က တရားလိုပြုလုပ် တိုင်တန်းထားတာပါ။အာဇာနည်ဗိမာန်အား ဖျက်ဆီးခဲ့တဲ့ ရာဇာထွန်း၊ ပိုင်ပိုင်၊ သီဟနဲ့ ဇော်ဝင်းထွဋ်တို့ကို ရေးမြို့မ ရဲစခန်း အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

နေမျိုးထွဋ်
ref:DVB
Photo:LKT