ဗီယက္နမ္ေလတပ္ ရုရွားထံမွ Yak -130 ေလ့က်င့္ေရး ေလယာဥ္မ်ားဝယ္ယူမည္

Posted on

ဗီယက္နမ္ျပည္သူ႔ တပ္မေတာ္ေလတပ္သည္ Yak-130 တိုက္ေလယာဥ္မ်ားအား မွာယူခဲ့ေၾကာင္း ရုရွားႏိုင္ငံအေျခစိုက္ Vedomosti Business သတင္းစာတြင္ တရားဝင္ေဖာ္ျပခဲ့သည္။ အေမရိကန္ေဒၚလာ သန္း ၃၅၀ တန္ေၾကးရွိေသာ တိုက္ေလယာဥ္အေရာင္းအဝယ္စာခ်ဳပ္တစ္ခုအား ဗီယက္နမ္ႏိုင္ငံႏွင့္ ရုရွားႏိုင္ငံတို႔အၾကားခ်ဳပ္ဆိုခဲ့သည္ဟုသတင္းတြင္ေဖာ္ျပခဲ့သည္။ ၄င္းစာခ်ဳပ္အရ ဗီယက္နမ္သည္ Yak-130 တိုက္ေလယာဥ္ ၁၂ စီးအား လက္ခံရရွိသြားမည္ျဖစ္သည္။ သတင္းစာ၏အဆိုအရ ဗီယက္နမ္သည္ အဆိုပါတိုက္ေလယာဥ္အေရာင္းအဝယ္ျဖစ္ေျမာက္ေရးအတြက္ ၂၀၁၉ ခုႏွစ္ကတည္းက ေဆြးေႏြးေနခဲ့သည္ဟု ဆိုထားပါသည္။

ရုရွားႏိုင္ငံႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔သည္ မူဝါဒ တူညီေသာ ႏိုင္ငံမ်ားျဖစ္ၾကသည္။ ထို႔အျပင္ ဗီယက္နမ္ႏိုင္ငံသည္ ရုရွား၏ အႀကီးမားဆံုးေသာ လက္နက္ဝယ္ယူသူေဖာက္သည္ႏိုင္ငံတစ္ခုလည္းျဖစ္ေလသည္။ ၄င္း၏ တပ္ဖြဲ႔အတြင္း ရုရွားႏိုင္ငံထုတ္လက္နက္မ်ားစြာအသံုးျပဳလွ်က္ရွိၿပီး ေလတပ္ႏွင့္ ေရတပ္တို႔တြင္ ပိုမိုသိသာထင္ရွားစြာအသံုးျပဳေနသည္။ ဗီယက္နမ္ေလတပ္သည္ တိုက္ပြဲဝင္သမိုင္းေၾကာင္းေကာင္းမြန္လွေသာေလတပ္ႀကီးျဖစ္သည္။ ယေန႔မ်က္ေမွာက္ေခတ္တြင္လည္း ဗီယက္နမ္ေလတပ္သည္ ရုရွားႏိုင္ငံလုပ္ Sukhoi Su-30 တိုက္ေလယာဥ္မ်ားျဖင့္ ေက်ာရိုးျပဳထားေသာ ေလတပ္ျဖစ္သည္။

Yak-130 တိုက္ေလယာဥ္သည္ Subsonic Advanced Jet Trainer ျဖစ္သည္။ အေမာင္းသင္တိုက္ခိုက္ေရးေလယာဥ္ျဖစ္ၿပီး ေလယာဥ္မွဴးမ်ားအားေလ့က်င့္ရာတြင္ အဓိကအသံုးျပဳေလသည္။ ၄င္းတြင္ပါဝင္ေသာစနစ္မ်ားသည္ ရုရွားႏိုင္ငံထုတ္ မ်ိဳးဆက္သစ္တိုက္ေလယာဥ္မ်ားျဖစ္ေသာ Su-30SM , Su-35 , Su-57 ႏွင့္ Mig-35 တိုက္ေလယာဥ္မ်ားအတြက္ ၾကားခံေလ့က်င့္ေရးတိုက္ေလယာဥ္အျဖစ္အသံုးျပဳႏိုင္ေလသည္။ ထို႔အျပင္ တိုက္ခိုက္ေရးတာဝန္အတြက္လည္း ပဲ့ထိန္းမဲ့ႏွင့္ ပဲ့ထိန္းလက္နက္မ်ားတပ္ဆင္ႏိုင္စြမ္းရွိၿပီး အေပါ့စားတိုက္ခိုက္ေရးတာဝန္မ်ားအားထမ္းေဆာင္ႏိုင္ေလသည္။

ယခုကဲ့သို႔ Yak-130 တန္းျမင့္ အေမာင္းသင္ေလယာဥ္ မ်ားဝယ္ယူမႈေၾကာင့္ ဗီယက္နမ္ေလတပ္သည္ အနာဂါတ္တြင္ ရုရွားႏိုင္ငံထုတ္ မ်ိဳးဆက္သစ္တိုက္ေလယာဥ္မ်ားထပ္မံဝယ္ယူႏိုင္ေခ်ရွိသည္ဟု ခန္႔မွန္းရသည္။ မၾကာေသးမီကလည္း ဗီယက္နမ္ေလတပ္အေနျဖင့္ Su-57 Talon ကိုယ္ေပ်ာက္တိုက္ေလယာဥ္အားဝယ္ယူရန္စိတ္ဝင္စားေနသည္ဟု သတင္းမ်ားထြက္ေပၚလာဖူးေလသည္။ ထို႔ေၾကာင့္ ဗီယက္နမ္ေလတပ္အေနျဖင့္ ယခုကတည္းက ၄င္း၏ မ်ိဳးဆက္သစ္ပိုင္းေလာ့မ်ားေမြးထုတ္ေပးေရးအတြက္ ႀကိဳတင္ အစီအမံမ်ားခ်မွတ္ေနျခင္းျဖစ္ႏိုင္ေပသည္။

Yak-130 တိုက္ေလယာဥ္သည္ ကမ႓ာေပၚတြင္ လူစိတ္ဝင္စားမႈအမ်ားဆံုး ရုရွားထုတ္ အေမာင္းသင္ေလယာဥ္ျဖစ္ေလသည္။ ရုရွားေလတပ္၏ အဓိက အေမာင္းသင္ဂ်က္တိုက္ေလယာဥ္ျဖစ္ၿပ ယေန႔အခ်ိန္ထိ ျပည္ပနိုင္ငံငါးခုသို႔ ေရာင္းခ်ထားေပသည္။ ထို႔ေၾကာင့္ ယခုဗီယက္နမ္သည္ ေျခာက္ႏိုင္ငံေျမာက္ Yak-130 အသံုးျပဳသူျဖစ္လာေတာ့မည္ဟုဆိုႏိုင္ပါသည္။

ref: TheFifthWave

Unicode

ဗီယက်နမ်ပြည်သူ့ တပ်မတော်လေတပ်သည် Yak-130 တိုက်လေယာဉ်များအား မှာယူခဲ့ကြောင်း ရုရှားနိုင်ငံအခြေစိုက် Vedomosti Business သတင်းစာတွင် တရားဝင်ဖော်ပြခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၃၅၀ တန်ကြေးရှိသော တိုက်လေယာဉ်အရောင်းအဝယ်စာချုပ်တစ်ခုအား ဗီယက်နမ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြားချုပ်ဆိုခဲ့သည်ဟုသတင်းတွင်ဖော်ပြခဲ့သည်။ ၄င်းစာချုပ်အရ ဗီယက်နမ်သည် Yak-130 တိုက်လေယာဉ် ၁၂ စီးအား လက်ခံရရှိသွားမည်ဖြစ်သည်။ သတင်းစာ၏အဆိုအရ ဗီယက်နမ်သည် အဆိုပါတိုက်လေယာဉ်အရောင်းအဝယ်ဖြစ်မြောက်ရေးအတွက် ၂၀၁၉ ခုနှစ်ကတည်းက ဆွေးနွေးနေခဲ့သည်ဟု ဆိုထားပါသည်။

ရုရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် မူဝါဒ တူညီသော နိုင်ငံများဖြစ်ကြသည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံသည် ရုရှား၏ အကြီးမားဆုံးသော လက်နက်ဝယ်ယူသူဖောက်သည်နိုင်ငံတစ်ခုလည်းဖြစ်လေသည်။ ၄င်း၏ တပ်ဖွဲ့အတွင်း ရုရှားနိုင်ငံထုတ်လက်နက်များစွာအသုံးပြုလျှက်ရှိပြီး လေတပ်နှင့် ရေတပ်တို့တွင် ပိုမိုသိသာထင်ရှားစွာအသုံးပြုနေသည်။ ဗီယက်နမ်လေတပ်သည် တိုက်ပွဲဝင်သမိုင်းကြောင်းကောင်းမွန်လှသောလေတပ်ကြီးဖြစ်သည်။ ယနေ့မျက်မှောက်ခေတ်တွင်လည်း ဗီယက်နမ်လေတပ်သည် ရုရှားနိုင်ငံလုပ် Sukhoi Su-30 တိုက်လေယာဉ်များဖြင့် ကျောရိုးပြုထားသော လေတပ်ဖြစ်သည်။

Yak-130 တိုက်လေယာဉ်သည် Subsonic Advanced Jet Trainer ဖြစ်သည်။ အမောင်းသင်တိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး လေယာဉ်မှူးများအားလေ့ကျင့်ရာတွင် အဓိကအသုံးပြုလေသည်။ ၄င်းတွင်ပါဝင်သောစနစ်များသည် ရုရှားနိုင်ငံထုတ် မျိုးဆက်သစ်တိုက်လေယာဉ်များဖြစ်သော Su-30SM , Su-35 , Su-57 နှင့် Mig-35 တိုက်လေယာဉ်များအတွက် ကြားခံလေ့ကျင့်ရေးတိုက်လေယာဉ်အဖြစ်အသုံးပြုနိုင်လေသည်။ ထို့အပြင် တိုက်ခိုက်ရေးတာဝန်အတွက်လည်း ပဲ့ထိန်းမဲ့နှင့် ပဲ့ထိန်းလက်နက်များတပ်ဆင်နိုင်စွမ်းရှိပြီး အပေါ့စားတိုက်ခိုက်ရေးတာဝန်များအားထမ်းဆောင်နိုင်လေသည်။

ယခုကဲ့သို့ Yak-130 တန်းမြင့် အမောင်းသင်လေယာဉ် များဝယ်ယူမှုကြောင့် ဗီယက်နမ်လေတပ်သည် အနာဂါတ်တွင် ရုရှားနိုင်ငံထုတ် မျိုးဆက်သစ်တိုက်လေယာဉ်များထပ်မံဝယ်ယူနိုင်ချေရှိသည်ဟု ခန့်မှန်းရသည်။ မကြာသေးမီကလည်း ဗီယက်နမ်လေတပ်အနေဖြင့် Su-57 Talon ကိုယ်ပျောက်တိုက်လေယာဉ်အားဝယ်ယူရန်စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်လာဖူးလေသည်။ ထို့ကြောင့် ဗီယက်နမ်လေတပ်အနေဖြင့် ယခုကတည်းက ၄င်း၏ မျိုးဆက်သစ်ပိုင်းလော့များမွေးထုတ်ပေးရေးအတွက် ကြိုတင် အစီအမံများချမှတ်နေခြင်းဖြစ်နိုင်ပေသည်။

Yak-130 တိုက်လေယာဉ်သည် ကမ႓ာပေါ်တွင် လူစိတ်ဝင်စားမှုအများဆုံး ရုရှားထုတ် အမောင်းသင်လေယာဉ်ဖြစ်လေသည်။ ရုရှားလေတပ်၏ အဓိက အမောင်းသင်ဂျက်တိုက်လေယာဉ်ဖြစ်ပြ ယနေ့အချိန်ထိ ပြည်ပနိုင်ငံငါးခုသို့ ရောင်းချထားပေသည်။ ထို့ကြောင့် ယခုဗီယက်နမ်သည် ခြောက်နိုင်ငံမြောက် Yak-130 အသုံးပြုသူဖြစ်လာတော့မည်ဟုဆိုနိုင်ပါသည်။

ref: TheFifthWave