ဝူဟန္က ျပန္ေရာက္လာတဲ့ ေက်ာင္းသူ တစ္ဦး ေရးထားတဲ့ “ရင္ဘတ္နဲ႕ေရးတဲ့စာ”

Posted on

အေျခေနေတြကေတာ့ အားလုံးသိၿပီးၾကမွာပါ။ အစကေန မေျပာေတာ့ပါဘူး။ အခု ခံစားခ်က္ကိုေျပာရရင္ ဟိုကိုျပန္မသြားခ်င္ေတာ့ဘူး။ တကၠသိုလ္ေတြတက္တုန္းက ေက်ာင္းပိတ္လို႔ အိမ္ျပန္ရင္ ေက်ာင္းမျပန္သြားခ်င္တာမ်ိဳးေပါ့။အစက ျဖစ္ခါစက ေခ်ာက္ခ်ားခဲ့တယ္။ တုန္လႈပ္ခဲ့တယ္။ ေသမွာေၾကာက္လို႔မဟုတ္ဘူး။ အဲ ေသမွာေၾကာက္လို႔ဆိုဦးေတာ့… မီဒီယာထက္က စကားလုံးေတြ၊ပို႔စ္ေတြ(မမွန္ေပမယ့္)က အေဖာ္မဲ့ေစခဲ့တယ္။ နာက်င္ေစခဲ့တယ္။ တကယ္ေတာ့ ကိုယ္က ေဖးမမႈကိုေမွ်ာ္လင့္ခဲ့တာ။ စာနာမႈကို ေတာင့္တခဲ့တာ။

ဗဟုသုတရ ေစမည့္ ရွားပါး အေၾကာင္းအရာမ်ား တင္ဆက္ ေပးတဲ့ Youtube Channel ေလးျဖစ္လို႕ Subscribe လုပ္ထားၾကပါအံုးေနာ္ 1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ ရန္ကုန္တကၠသိုလ္ရဲ့ အ ေၾကာင္းရာ အခ်ိဳ႕ပါဝင္ပါသည္။

အံကိုႀကိတ္ ျဖစ္သမွ်အေၾကာင္းအ‌ေကာင္းလို႔ေတြး၊ အားလုံးဟာေကာင္းဖို႔ျဖစ္လာတာလို႔ခံယူ အားျပန္ထူခဲ့တယ္။ ေနာက္ေတာ့ ေနာက္ဆုံးေတာ့ ျပည္သူေတြ၊တာဝန္ရွိလူႀကီးေတြက ကိုယ္ေတြကို ဆုေတာင္းေပးၾကတယ္၊ ေမတၱာပို႔ေပးၾကတယ္၊ ျပန္ေခၚဖို႔ႀကိဳးစားၾကတယ္။ ျပန္ေခၚမယ္၊ ျပန္ေခၚဖို႔စီစဥ္ေနတယ္။ အဲသတင္းၾကား႐ုံနဲ႔ အားေတြတက္၊ သတၱိေတြျပန္ရွိ။ ဘယ္ေလာက္ထိ က်မတို႔ေတြ သတၱိေတြရွိခဲ့ၾကလည္း၊ ခြန္းအားေတြရွိခဲ့ၾကလည္း……။

ႏိုင္ငံတကာ အလယ္မွာ ျမန္မာဆိုတာ ျပလိုက္တာပဲ။ အတူတူေ႐ႊ႕ရင္ ေ႐ြ႕တယ္ဆိုတာျပလိုက္တာပဲ။ ျပည္သူေတြရဲ႕ ‌ႀကိဳဆိုမႈ၊အစိုးရရဲ႕ ႏိုင္ငံသား‌ေတြအေပၚ တာဝန္ေက်မႈေတြနဲ႔ေပါင္းၿပီး စုေပါင္းၿပီးတြန္းလိုက္တာ ေ႐ြ႕သြားတယ္။ အမ်ားႀကီးေ႐ြ႕သြားတယ္။ ကမာၻနဲ႔ခ်ီၿပီး ေ႐ြ႕သြားတာ။

ျပန္လာရမယ့္ေန႔မွာ အေဆာင္ကထြက္ေတာ့ ဝိုင္းၾကည့္ၾကတယ္။ Congratulations လုပ္ၾကတယ္။ ေက်းဇူးလို႔ ျပန္ေျပာရတာ ဒီတစ္ခါ အရသာအရွိဆုံးပဲ။မျပန္ရသူေတြအတြက္ စိတ္မေကာင္းေပမယ့္ သူတို႔ေတြေရွ႕မွာ ေခါင္းကိုေမာ့၊ ရင္ကိုေကာ့ၿပီးအထုပ္ဆြဲၿပီးထြက္လာလိုက္တယ္။ (အရပ္ေတာင္ ၆ေပေလာက္ထိရွည္သြားတယ္)ငါးထပ္ကေန ေအာက္ကို ဘယ္လိုေရာက္သြားမွန္းမသိလိုက္ဘူး။

ဝူဟန္ေလဆိပ္မွာ စစ္စရာရွိတာစစ္ၿပီး ထြက္လာေတာ့ တ႐ုတ္စံေတာ္ခ်ိန္ မနက္ ၁နာရီခြဲခါနီးေပါ့။ ေလယာဥ္ထဲဝင္ဖို႔(တက္ဖို႔) သြားေတာ့ ေလယာဥ္မႉးႀကီးေတြက ေလယာဥ္ေခါင္းခန္းထဲကေန လက္ရမ္းျပၾကတယ္။ သူတို႔လည္း ကိုယ္ျမန္မာျပည္သူျပည္သား ေမာင္နမေတြကို လာေခၚရတာ ေပ်ာ္ေနၾကတာေနမွာ။ ကိုယ္ေတြလည္း လက္ျပန္ရမ္းျပရတာ ကိုယ့္မိဘက လာႀကိဳလို႔ ေပ်ာ္ရသလိုမ်ိဳးပဲ။ ေပ်ာ္တယ္ဆိုတာေလ။ အေပ်ာ္ဆုံးပဲ။ အေပါ့ပါးဆုံးေျခလွမ္းေတြနဲ႔ ေလယာဥ္ေပၚတက္ရတာ အရသာရွိလိုက္တာ။

ေလယာဥ္‌ကိုလည္း safe ျဖစ္ေအာင္ သတ္မွတ္ေနရာမွာ ထိုင္ရၿပီး က်န္ထိုင္ခုံမ်ားကို ခုံေတြျဖဳတ္ထားၿပီး ပလက္စတစ္အုပ္ၿပီး ႀကိဳးခ်ည္ထားတယ္။ အိမ္သာကိုလည္း သတ္မွတ္အိမ္သာမွာသာ သုံးဖို႔ လမ္းၫႊန္ထားတယ္။ volunteerေတြလည္း ဝတ္စုံအျပည့္နဲ႔။

မနက္ ေလးနာရီ ငါးမိနစ္မွာ မႏၲေလးေလဆိပ္ကို ဆိုက္တယ္။ ကန္ေတာ္နဒီေဆး႐ုံသြားဖို႔ သက္ဆိုင္ရာ ကားေတြေပၚတက္ၿပီးထြက္လာေတာ့ ငါးနာရီထိုးခါနီးၿပီ။ ေဆး႐ုံကို ၆နာရီေက်ာ္မွာေရာက္ၿပီး ေဆး႐ုံအေဆာင္ထဲမဝင္ခင္ အပူခ်ိန္စစ္တယ္။

အခန္းထဲေရာက္ေတာ့ ေတြ႕ၿပီ။ ‌ေစတနာေတြ။ အစိုးရရဲ႕ ႏိုင္ငံသား‌ေတြေပၚထားတဲ့ေစတနာေတြ။ ျပည္သူေတြရဲ႕ကမ္းတဲ့လက္ေတြ။ အို ထိတယ္။ အရႈိက္ကို ထိတယ္။ မ်က္ရည္ေတာင္ဝဲရပါတယ္ ျမန္မာျပည္ႀကီးရယ္။

ဘာေတြေတြ႕လည္းသိလား။ ကုတင္ေပၚမွာ အသင့္ခင္းထားတဲ့ အိပ္ယာ၊ ‌ေစာင္အထူ၊ တဘက္၂ထည္၊ စားစရာအစုံ။ ပန္းကန္ဇြန္း၊ဓာတ္ဘူး၊ေရသန႔္။ေပၚကာရီစြက္အခ်ိဳရည္ အစုံအစုံ……ပါပဲ။ လိုအပ္တာေတြကို မိုက္နဲ႔ လမ္းၫႊန္ၿပီး မနက္စာကို နန္းႀကီးသုပ္ေကြၽးပါတယ္။ အိုး အေပ်ာ္ဆုံးပဲ။ နန္ႀကီးသုပ္စားရလို႔။

ေရးရရင္ ကုန္ႏိုင္ဖြယ္မရွိပါ။ လာေရာက္ေခၚယူေပးပါ‌ေသာ ႏိုင္ငံေတာ္ပိုင္Myanmar National Airlinesႏွင့္volunteer မ်ား၊ အစစအရာရာပံ့ပိုးေပးၾကပါေသာ ႏိုင္ငံသူႏိုင္ငံသားမ်ား၊ စီစဥ္ေဆာင္႐ြက္ေပးပါေသာ အႀကီးအကဲမ်ားအားလုံးကို ေက်းဇူးတင္ပါတယ္ရွင္။

ေဖ့စဘြတ္မွျဖစ္ေစ messenger မွျဖစ္ေစ, phone မွ ျဖစ္‌ေစ ဆုေတာင္းေပး၊ ကူညီေပးၾကသူမ်ားအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။ ေက်းဇူးတင္ထိုက္သူအားလုံးကို ေက်းဇူးတင္ပါတယ္ရွင္။

ျပန္ေရာက္ေရာက္ခ်င္း မိသားစုနဲ႔ဆက္သြယ္လို႔ရေအာင္ ကူညီေပးေသာ MPT ကိုလည္းေက်းဇူးတင္ပါတယ္။ စကားမစပ္ mpt ဖုန္းနံပါတ္ေလး‌ေတြကလည္းလွတယ္။ အပူး‌ေလးေတြ။ (အခုေတာင္ mpt wifi free နဲ႔ ပို႔စ္တင္ေနတာ)

အခုေတာ့ ျမန္မာျပည္ႀကီးက ေကြၽးေသာ ေမတၱာစာေတြ စားၿပီး Quarantine ၁၄ ရက္ကို ေပ်ာ္႐ႊင္က်န္းမာစြာ ေနေနပါတယ္။

ခ်စ္ရပါတယ္ ျမန္မာျပည္ႀကီးရယ္။ I am really proud of being Myanmar.

Aye Myat Thu

Unicode

အခြေနေတွေကတော့ အားလုံးသိပြီးကြမှာပါ။ အစကနေ မပြောတော့ပါဘူး။ အခု ခံစားချက်ကိုပြောရရင် ဟိုကိုပြန်မသွားချင်တော့ဘူး။ တက္ကသိုလ်တွေတက်တုန်းက ကျောင်းပိတ်လို့ အိမ်ပြန်ရင် ကျောင်းမပြန်သွားချင်တာမျိုးပေါ့။အစက ဖြစ်ခါစက ချောက်ချားခဲ့တယ်။ တုန်လှုပ်ခဲ့တယ်။ သေမှာကြောက်လို့မဟုတ်ဘူး။ အဲ သေမှာကြောက်လို့ဆိုဦးတော့… မီဒီယာထက်က စကားလုံးတွေ၊ပို့စ်တွေ(မမှန်ပေမယ့်)က အဖော်မဲ့စေခဲ့တယ်။ နာကျင်စေခဲ့တယ်။ တကယ်တော့ ကိုယ်က ဖေးမမှုကိုမျှော်လင့်ခဲ့တာ။ စာနာမှုကို တောင့်တခဲ့တာ။

အံကိုကြိတ် ဖြစ်သမျှအကြောင်းအ‌ကောင်းလို့တွေး၊ အားလုံးဟာကောင်းဖို့ဖြစ်လာတာလို့ခံယူ အားပြန်ထူခဲ့တယ်။ နောက်တော့ နောက်ဆုံးတော့ ပြည်သူတွေ၊တာဝန်ရှိလူကြီးတွေက ကိုယ်တွေကို ဆုတောင်းပေးကြတယ်၊ မေတ္တာပို့ပေးကြတယ်၊ ပြန်ခေါ်ဖို့ကြိုးစားကြတယ်။ ပြန်ခေါ်မယ်၊ ပြန်ခေါ်ဖို့စီစဉ်နေတယ်။ အဲသတင်းကြားရုံနဲ့ အားတွေတက်၊ သတ္တိတွေပြန်ရှိ။ ဘယ်လောက်ထိ ကျမတို့တွေ သတ္တိတွေရှိခဲ့ကြလည်း၊ ခွန်းအားတွေရှိခဲ့ကြလည်း……။

နိုင်ငံတကာ အလယ်မှာ မြန်မာဆိုတာ ပြလိုက်တာပဲ။ အတူတူရွှေ့ရင် ရွေ့တယ်ဆိုတာပြလိုက်တာပဲ။ ပြည်သူတွေရဲ့ ‌ကြိုဆိုမှု၊အစိုးရရဲ့ နိုင်ငံသား‌တွေအပေါ် တာဝန်ကျေမှုတွေနဲ့ပေါင်းပြီး စုပေါင်းပြီးတွန်းလိုက်တာ ရွေ့သွားတယ်။ အများကြီးရွေ့သွားတယ်။ ကမ္ဘာနဲ့ချီပြီး ရွေ့သွားတာ။

ပြန်လာရမယ့်နေ့မှာ အဆောင်ကထွက်တော့ ဝိုင်းကြည့်ကြတယ်။ Congratulations လုပ်ကြတယ်။ ကျေးဇူးလို့ ပြန်ပြောရတာ ဒီတစ်ခါ အရသာအရှိဆုံးပဲ။မပြန်ရသူတွေအတွက် စိတ်မကောင်းပေမယ့် သူတို့တွေရှေ့မှာ ခေါင်းကိုမော့၊ ရင်ကိုကော့ပြီးအထုပ်ဆွဲပြီးထွက်လာလိုက်တယ်။ (အရပ်တောင် ၆ပေလောက်ထိရှည်သွားတယ်)ငါးထပ်ကနေ အောက်ကို ဘယ်လိုရောက်သွားမှန်းမသိလိုက်ဘူး။

ဝူဟန်လေဆိပ်မှာ စစ်စရာရှိတာစစ်ပြီး ထွက်လာတော့ တရုတ်စံတော်ချိန် မနက် ၁နာရီခွဲခါနီးပေါ့။ လေယာဉ်ထဲဝင်ဖို့(တက်ဖို့) သွားတော့ လေယာဉ်မှူးကြီးတွေက လေယာဉ်ခေါင်းခန်းထဲကနေ လက်ရမ်းပြကြတယ်။ သူတို့လည်း ကိုယ်မြန်မာပြည်သူပြည်သား မောင်နမတွေကို လာခေါ်ရတာ ပျော်နေကြတာနေမှာ။ ကိုယ်တွေလည်း လက်ပြန်ရမ်းပြရတာ ကိုယ့်မိဘက လာကြိုလို့ ပျော်ရသလိုမျိုးပဲ။ ပျော်တယ်ဆိုတာလေ။ အပျော်ဆုံးပဲ။ အပေါ့ပါးဆုံးခြေလှမ်းတွေနဲ့ လေယာဉ်ပေါ်တက်ရတာ အရသာရှိလိုက်တာ။

လေယာဉ်‌ကိုလည်း safe ဖြစ်အောင် သတ်မှတ်နေရာမှာ ထိုင်ရပြီး ကျန်ထိုင်ခုံများကို ခုံတွေဖြုတ်ထားပြီး ပလက်စတစ်အုပ်ပြီး ကြိုးချည်ထားတယ်။ အိမ်သာကိုလည်း သတ်မှတ်အိမ်သာမှာသာ သုံးဖို့ လမ်းညွှန်ထားတယ်။ volunteerတွေလည်း ဝတ်စုံအပြည့်နဲ့။

မနက် လေးနာရီ ငါးမိနစ်မှာ မန္တလေးလေဆိပ်ကို ဆိုက်တယ်။ ကန်တော်နဒီဆေးရုံသွားဖို့ သက်ဆိုင်ရာ ကားတွေပေါ်တက်ပြီးထွက်လာတော့ ငါးနာရီထိုးခါနီးပြီ။ ဆေးရုံကို ၆နာရီကျော်မှာရောက်ပြီး ဆေးရုံအဆောင်ထဲမဝင်ခင် အပူချိန်စစ်တယ်။

အခန်းထဲရောက်တော့ တွေ့ပြီ။ ‌စေတနာတွေ။ အစိုးရရဲ့ နိုင်ငံသား‌တွေပေါ်ထားတဲ့စေတနာတွေ။ ပြည်သူတွေရဲ့ကမ်းတဲ့လက်တွေ။ အို ထိတယ်။ အရှိုက်ကို ထိတယ်။ မျက်ရည်တောင်ဝဲရပါတယ် မြန်မာပြည်ကြီးရယ်။

ဘာတွေတွေ့လည်းသိလား။ ကုတင်ပေါ်မှာ အသင့်ခင်းထားတဲ့ အိပ်ယာ၊ ‌စောင်အထူ၊ တဘက်၂ထည်၊ စားစရာအစုံ။ ပန်းကန်ဇွန်း၊ဓာတ်ဘူး၊ရေသန့်။ပေါ်ကာရီစွက်အချိုရည် အစုံအစုံ……ပါပဲ။ လိုအပ်တာတွေကို မိုက်နဲ့ လမ်းညွှန်ပြီး မနက်စာကို နန်းကြီးသုပ်ကျွေးပါတယ်။ အိုး အပျော်ဆုံးပဲ။ နန်ကြီးသုပ်စားရလို့။

ရေးရရင် ကုန်နိုင်ဖွယ်မရှိပါ။ လာရောက်ခေါ်ယူပေးပါ‌သော နိုင်ငံတော်ပိုင်Myanmar National Airlinesနှင့်volunteer များ၊ အစစအရာရာပံ့ပိုးပေးကြပါသော နိုင်ငံသူနိုင်ငံသားများ၊ စီစဉ်ဆောင်ရွက်ပေးပါသော အကြီးအကဲများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

ဖေ့စဘွတ်မှဖြစ်စေ messenger မှဖြစ်စေ, phone မှ ဖြစ်‌စေ ဆုတောင်းပေး၊ ကူညီပေးကြသူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

ပြန်ရောက်ရောက်ချင်း မိသားစုနဲ့ဆက်သွယ်လို့ရအောင် ကူညီပေးသော MPT ကိုလည်းကျေးဇူးတင်ပါတယ်။ စကားမစပ် mpt ဖုန်းနံပါတ်လေး‌တွေကလည်းလှတယ်။ အပူး‌လေးတွေ။ (အခုတောင် mpt wifi free နဲ့ ပို့စ်တင်နေတာ)

အခုတော့ မြန်မာပြည်ကြီးက ကျွေးသော မေတ္တာစာတွေ စားပြီး Quarantine ၁၄ ရက်ကို ပျော်ရွှင်ကျန်းမာစွာ နေနေပါတယ်။

ချစ်ရပါတယ် မြန်မာပြည်ကြီးရယ်။ I am really proud of being Myanmar.

Aye Myat Thu

1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ တခ်ိန္က အေရွ႕ ေတာင္အာရွရဲ႕ အ ေကာင္းဆံုးတကၠသိုလ္ (သို႕) ရန္ကုန္တကၠသိုလ္ အ ေၾကာင္း