ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္တြင္ ေသဆုံးသူ ၄၅ ဦး ထပ္တိုးလာခဲ့ၿပီး စုစုေပါင္းေသဆုံးသူအေရအတြက္ ၃၀၄ ဦးအထိ ရွိလာခဲ့

Posted on

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ တ႐ုတ္နိုင္ငံအလယ္ပိုင္း ဟူေဘးျပည္နယ္တြင္ ေသဆုံးသူ ၄၅ ဦး ထပ္တိုးလာခဲ့ၿပီး ေဖေဖာ္ဝါရီ ၁ ရက္ေန႔အထိ ေသဆုံးသူအေရအတြက္ စုစုေပါင္းမွာ ၃၀၄ ဦးအထိ ရွိ လာၿပီျဖစ္ေၾကာင္း တ႐ုတ္နိုင္ငံပိုင္ ႐ုပ္သံဌာနက သတင္းထုတ္ျပန္ခဲ့သည္။ေရာဂါကူးစက္ျဖစ္ပြားမႈ စတင္ရာ ဟူေဘးျပည္နယ္တြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁,၉၂၁ ဦးထပ္တိုးလာခဲ့ၿပီး ထိုျပည္နယ္တစ္ခုတည္းတြင္ပင္ ဗိုင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္စုစုေပါင္း ၉,၀၇၄ ဦးအထိ ရွိလာေၾကာင္း သိရသည္။

တ႐ုတ္တစ္နိုင္ငံလုံးတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ အေရအတြက္မွာ ၁၄,၃၀၀ ေက်ာ္ထိရွိေနၿပီျဖစ္သည္။ ဗိုင္းရပ္စ္ပိုးေၾကာင့္ နိုင္ငံအတြင္း၌ လူေသဆုံးမႈ အမ်ားဆုံးႏွင့္ကူးစက္ခံရမႈအမ်ားဆုံး ေဒသမွာ လူဦးေရ ထူထပ္သိပ္သည္းေသာ ဟူေဘးျပည္နယ္ျဖစ္သည္။ကိုရိုနာဗိုင္းရပ္စ္သည္ လူဦးေရ ၁၁ သန္းေက်ာ္ေနထိုင္ရာ ဝူဟန္ၿမိဳ႕၌ ၿပီးခဲ့သည့္ ဒီဇင္ဘာလတြင္ စတင္ကူးစက္ပ်ံ႕ႏွံ့ခဲ့ျခင္းျဖစ္ၿပီး ေဒသဆိုင္ရာအာဏာပိုင္မ်ားက ဗိုင္းရပ္စ္ကူးစက္ပ်ံႏွံ့မႈ ထိန္းခ်ဳပ္ျခင္းအား အလြန္ ေႏွးေကြးစြာ လုပ္ေဆာင္ေနျခင္းေၾကာင့္ ဝူဟန္ၿမိဳ႕ရွိ ကြန္ျမဴနစ္ပါတီဝင္ထိပ္တန္း တာဝန္ရွိသူတစ္ဦးက ၎၏အျပစ္မကင္းသည့္ ခံစားခ်က္ကို ဖြင့္ဟခဲ့သည္။

သဘာဝေတာရိုင္းတိရစၧာန္မ်ားကို ေရာင္းခ်သည့္ ဝူဟန္ၿမိဳ႕ အသားေစ်းတစ္ခုမွ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ့ခဲ့ျခင္း ျဖစ္သည္ဟု ယူဆထားၾကသည္။ ၿပီးခဲ့သည့္ သီတင္းပတ္တြင္ တ႐ုတ္ဗဟိုအစိုးရအဖြဲ႕က ဟူ ေဘးျပည္နယ္အနီးတစ္ဝိုက္ႏွင့္ ဝူဟန္ၿမိဳ႕ကို ပိတ္ဆို႔ခဲ့ၿပီး ျပည္သူမ်ားအား နိုင္ငံရပ္ျခား ခရီးသြားေရာက္ျခင္းကို ပိတ္ပင္တားျမစ္ခဲ့သည္။

နိုင္ငံ ၂၀ ေက်ာ္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ားျဖစ္ပြားလာျခင္းႏွင့္အတူ ဗိုင္းရပ္စ္ကူးစက္ျပန႔္ပြားမႈကို ကမၻာ့က်န္းမာေရး အဖြဲ႕အစည္း (WHO) က ကမၻာလုံးဆိုင္ရာ က်န္းမာေရး အေရးေပၚအေျခအေနေၾက ညာထားသည္။ သို႔ေသာ္ WHO အေနျဖင့္ နိုင္ငံတကာကုန္သြယ္မႈ သို႔မဟုတ္ အျပည္ျပည္ဆိုင္ရာ ခရီးသြားလာမႈတို႔ကို ကန႔္သတ္မႈမ်ား လုပ္ေဆာင္ရန္ အႀကံျပဳမထားေၾကာင္း ထုတ္ျပန္ခဲ့သည္။

လူေသဆုံးမႈမ်ားလာေသာ ကိုရိုနာဗိုင္း ရပ္စ္ကူးစက္ျပန႔္ပြားမႈကို တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ ထိန္းခ်ဳပ္၊ တိုက္ဖ်က္ရာတြင္ အကူအညီတိုးျမႇင့္ေပးအပ္ေနေသာ တ႐ုတ္ဗဟိုဘဏ္က နိုင္ငံ့စီးပြားေရးစနစ္အတြင္းသို႔ ဘ႑ာေငြ ယြမ္ ၁.၂ ထရီလ်ံ (ေဒၚလာ ၁၇၃ ဘီလ်ံ) ထည့္သြင္းမည္ဟု ေဖေဖာ္ဝါရီ ၂ ရက္တြင္ ထုတ္ျပန္ခဲ့သည္။ကူးစက္ေရာဂါျဖစ္ပြားေနသည့္ ကာလအတြင္း ေငြေၾကးေစ်းကြက္တည္ၿငိမ္ေစရန္၊ ဘဏ္စနစ္တြင္ သင့္တင့္မၽွတေသာ၊ ႂကြယ္ဝေသာ ေငြေပၚလြယ္မႈကို ထိန္းသိမ္းထားရန္အတြက္ ယြမ္ေငြ ၁.၂ ထရီလ်ံ ထည့္သြင္းမည္ ျဖစ္ေၾကာင္း တ႐ုတ္ျပည္သူ႔ဗဟိုဘဏ္ (PBOC) က ေၾကညာခဲ့သည္။

ဘဏ္စနစ္၏ ေငြျပန္ေပၚလြယ္မႈကို ေယဘုယ်ခန႔္မွန္းပါက ယြမ္ဘီလ်ံ ၉၀၀ (ေဒၚလာ ၁၂၉ ဘီလ်ံ) ရွိလိမ့္မည္ျဖစ္ၿပီး ၿပီးခဲ့သည့္ႏွစ္ထက္ ေငြပမာဏပိုမ်ားလိမ့္ မည္ျဖစ္ေၾကာင္း PBOC က ဆိုသည္။ေဆးဝါးကုမၸဏီမ်ားကဲ့သို႔ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ့မႈတိုက္ဖ်က္ေရးတြင္ အကူအညီေပးေနၾကေသာ စီးပြားေရးလုပ္ငန္းမ်ားကို ေငြေၾကးႏွင့္ေခ်းေငြေထာက္ပံ့ျခင္းမ်ား တိုးျမႇင့္လုပ္ေဆာင္မည့္ စီမံခ်က္မ်ားကို PBOC က ေဖေဖာ္ဝါရီ ၁ ရက္တြင္ ထုတ္ျပန္ ေၾကညာခဲ့သည္။

ref:Eleven Media

Unicode

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်တွင် သေဆုံးသူ ၄၅ ဦး ထပ်တိုးလာခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့အထိ သေဆုံးသူအရေအတွက် စုစုပေါင်းမှာ ၃၀၄ ဦးအထိ ရှိ လာပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံဌာနက သတင်းထုတ်ပြန်ခဲ့သည်။ရောဂါကူးစက်ဖြစ်ပွားမှု စတင်ရာ ဟူဘေးပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၉၂၁ ဦးထပ်တိုးလာခဲ့ပြီး ထိုပြည်နယ်တစ်ခုတည်းတွင်ပင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်စုစုပေါင်း ၉,၀၇၄ ဦးအထိ ရှိလာကြောင်း သိရသည်။

တရုတ်တစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်မှာ ၁၄,၃၀၀ ကျော်ထိရှိနေပြီဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကြောင့် နိုင်ငံအတွင်း၌ လူသေဆုံးမှု အများဆုံးနှင့်ကူးစက်ခံရမှုအများဆုံး ဒေသမှာ လူဦးရေ ထူထပ်သိပ်သည်းသော ဟူဘေးပြည်နယ်ဖြစ်သည်။ကိုရိုနာဗိုင်းရပ်စ်သည် လူဦးရေ ၁၁ သန်းကျော်နေထိုင်ရာ ဝူဟန်မြို့၌ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စတင်ကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး ဒေသဆိုင်ရာအာဏာပိုင်များက ဗိုင်းရပ်စ်ကူးစက်ပျံနှံ့မှု ထိန်းချုပ်ခြင်းအား အလွန် နှေးကွေးစွာ လုပ်ဆောင်နေခြင်းကြောင့် ဝူဟန်မြို့ရှိ ကွန်မြူနစ်ပါတီဝင်ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ၎င်း၏အပြစ်မကင်းသည့် ခံစားချက်ကို ဖွင့်ဟခဲ့သည်။

သဘာဝတောရိုင်းတိရစ္ဆာန်များကို ရောင်းချသည့် ဝူဟန်မြို့ အသားစျေးတစ်ခုမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်ဗဟိုအစိုးရအဖွဲ့က ဟူ ဘေးပြည်နယ်အနီးတစ်ဝိုက်နှင့် ဝူဟန်မြို့ကို ပိတ်ဆို့ခဲ့ပြီး ပြည်သူများအား နိုင်ငံရပ်ခြား ခရီးသွားရောက်ခြင်းကို ပိတ်ပင်တားမြစ်ခဲ့သည်။

နိုင်ငံ ၂၀ ကျော်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများဖြစ်ပွားလာခြင်းနှင့်အတူ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေကြေ ညာထားသည်။ သို့သော် WHO အနေဖြင့် နိုင်ငံတကာကုန်သွယ်မှု သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုတို့ကို ကန့်သတ်မှုများ လုပ်ဆောင်ရန် အကြံပြုမထားကြောင်း ထုတ်ပြန်ခဲ့သည်။

လူသေဆုံးမှုများလာသော ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ပြန့်ပွားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းချုပ်၊ တိုက်ဖျက်ရာတွင် အကူအညီတိုးမြှင့်ပေးအပ်နေသော တရုတ်ဗဟိုဘဏ်က နိုင်ငံ့စီးပွားရေးစနစ်အတွင်းသို့ ဘဏ္ဍာငွေ ယွမ် ၁.၂ ထရီလျံ (ဒေါ်လာ ၁၇၃ ဘီလျံ) ထည့်သွင်းမည်ဟု ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ငွေကြေးစျေးကွက်တည်ငြိမ်စေရန်၊ ဘဏ်စနစ်တွင် သင့်တင့်မျှတသော၊ ကြွယ်ဝသော ငွေပေါ်လွယ်မှုကို ထိန်းသိမ်းထားရန်အတွက် ယွမ်ငွေ ၁.၂ ထရီလျံ ထည့်သွင်းမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့ဗဟိုဘဏ် (PBOC) က ကြေညာခဲ့သည်။

ဘဏ်စနစ်၏ ငွေပြန်ပေါ်လွယ်မှုကို ယေဘုယျခန့်မှန်းပါက ယွမ်ဘီလျံ ၉၀၀ (ဒေါ်လာ ၁၂၉ ဘီလျံ) ရှိလိမ့်မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ထက် ငွေပမာဏပိုများလိမ့် မည်ဖြစ်ကြောင်း PBOC က ဆိုသည်။ဆေးဝါးကုမ္ပဏီများကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတိုက်ဖျက်ရေးတွင် အကူအညီပေးနေကြသော စီးပွားရေးလုပ်ငန်းများကို ငွေကြေးနှင့်ချေးငွေထောက်ပံ့ခြင်းများ တိုးမြှင့်လုပ်ဆောင်မည့် စီမံချက်များကို PBOC က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ref:Eleven Media