၀ူဟန္ျမိဳ႕ကျပန္လာတဲ့ ျမန္မာေဆးေက်ာင္းသူ ကိုယ္ေတြ႔ ကိုရိုနာ ဗိုင္းရပ္ကာကြယ္ေရး

Posted on

၀ူဟန္ၿမိဳ႕ကေန ျပန္လာတဲ့ ျမန္မာေက်ာင္းသူ၊ ေက်ာင္းသား (၅၉) ဦးလံုး က်န္းမာေရးေကာင္းမြန္ေနၿပီး၊ Coronavirus ပိုးရွိမရွိ (၁၄) ရက္ေစာင့္ၾကည့္စစ္ေဆး ခံသြားဖို႔ရွိေၾကာင္း ၀ူဟန္တကၠသိုလ္က ျပန္ေရာက္လာတဲ့ ေဆးပညာ မဟာသိပၸံေက်ာင္းသူ ေဒါက္တာ ခင္သီရိသန္႔ဇင္ က ဗီြအိုေအကို ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ သူတို႔နဲ႔ ပတ္သက္တဲ့ သတင္းအမွားတခ်ဳိ႕ ထုတ္လႊင့္ခဲ့တဲ့အေပၚမွာ အလြန္ပဲ စိတ္အေႏွာင့္ အယွက္ျဖစ္ရၿပီး သတင္းေတြကို မွန္မွန္ကန္ကန္ထုတ္ျပန္ေစခ်င္တယ္လို႔ ဆိုပါတယ္။မႏၱေလးၿမိဳ႕ ကန္ေတာ္နဒီေဆးရံုးမွာ သူတို႔ (၅၉) ဦးလံုးကို (၁၄)ရက္ၾကာ သီးသန္႔ေစာင့္ၾကည့္ေနတဲ့ အေျခအေနကို VOA မွ ေဒါက္တာ ခင္သီရိ သန္႔ဇင္ကို ဆက္သြယ္ေမးျမန္းထားတာကို ေဖာ္ျပလိုက္ပါတယ္။

ဗဟုသုတရ ေစမည့္ ရွားပါး အေၾကာင္းအရာမ်ား တင္ဆက္ ေပးတဲ့ Youtube Channel ေလးျဖစ္လို႕ Subscribe လုပ္ထားၾကပါအံုးေနာ္ 1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ ရန္ကုန္တကၠသိုလ္ရဲ့ အ ေၾကာင္းရာ အခ်ိဳ႕ပါဝင္ပါသည္။

၀ူဟန္ၿမိဳ႕ကေန ျပန္လာတဲ့ ျမန္မာေက်ာင္းသာ ေက်ာင္းသူ ၅၉ ဦးလံုး က်န္းမာေရးေကာင္းမြန္ေနၿပီး ကို႐ုိနာဗုိင္းရပ္စ္ပိုးရွိမရွိ ၁၄ ရက္ ေစာင့္ၾကည့္စစ္ေဆးခံသြားဖို႔ရွိေၾကာင္း ၀ူဟန္တကၠသိုလ္က ျပန္ေရာက္လာတဲ့ ေဆးပညာ မဟာသိပၸံေက်ာင္းသူ ေဒါက္တာ ခင္သီရိသန္႔ဇင္က ဗီြအိုေအကို ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ သူတို႔နဲ႔ပတ္သက္တဲ့ သတင္းအမွားတခ်ဳိ႕ ထုတ္လႊင့္ခဲ့တဲ့အေပၚမွာ အလြန္ပဲ စိတ္အေႏွာင့္အယွက္ျဖစ္ရၿပီး သတင္းေတြကို မွန္မွန္ကန္ကန္ ထုတ္ျပန္ေစခ်င္တယ္လို႔ ဆိုပါတယ္။မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းရာမွာ မႏၱေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံမွာ သူတို႔ ၅၉ ဦးလံုးကို ၁၄ ရက္ၾကာ သီးသန္႔ေစာင့္ၾကည့္ေနတဲ့ အေျခအေနကို မခင္သီရိသန္႔ဇင္က အခုလိုစေျပာပါတယ္။

ေဒါက္တာ ခင္သီရိသန္႔ဇင္ – “ကန္ေတာ္နဒီကို ဒီေန႔မနက္ ၆ နာရီေလာက္က ေရာက္တယ္။ ညီမတို႔ မနက္စာေကြ်းတယ္။ ေနာက္ ေရာက္ေရာက္ခ်င္းမွာ ႏွစ္ေယာက္ ႏွစ္ေယာက္ခ်င္းစီ အခန္းတခန္း၊ မိန္းကေလးေတြက အေပၚထပ္၊ ေယာက္်ားေလးေတြက ေအာက္ထပ္ အဲလုိခြဲထားတယ္။ မနက္စာ နန္းႀကီးသုပ္ေကၽြးတယ္၊ ေန႔လယ္စာလည္း သူတုိ႔ ျပင္ဆင္ထားပါတယ္။ သူတုိ႔ဘဲလ္တီးၿပီဆုိရင္ ေအာက္ကိုဆင္းယူေပးၾကပါဆုိ ညီမတုိ႔ ဆင္းယူတယ္။ ဆင္းလုိ႔ရပါၿပီဆုိမွ ညီမတုိ႔ ဆင္းတယ္။”

“ညေနပုိင္းတုိ႔ ေန႔လယ္ပိုင္းတုိ႔ဆုိလည္း အစားအေသာက္ေတြ အရမ္းေကာင္းတယ္။ ေန႔လယ္ပုိင္းဆုိလည္း ေက်ာင္းသားေတြထဲက အလွဴရွင္၊ ညီမအေဖရယ္၊ ညီမသူငယ္ခ်င္းတေယာက္ရဲ႕ အေဖရယ္၊ အဲဒါက်ေတာ့ ခုံေတြ၊ အက်ႌခ်ိတ္တုိ႔၊ ေျခသုတ္ခုံတုိ႔၊ အက်ႌနဲ႔ ထဘီနဲ႔၊ ေယာက္်ားေလးဆုိ အက်ႌနဲ႔ ပုဆုိးနဲ႔ လွဴတယ္။ ေနာက္ Energy Drink ေလးေတြ လာလွဴေပးတယ္။ ေနာက္ ဆရာဦးရဲလြင္ကိုယ္တုိင္လည္း Viber Group ဖြဲ႔ၿပီးေတာ့ ညီမတို႔ တေယာက္ခ်င္းဆီ ဘာလုိအပ္ခ်က္ရွိလဲ၊ အခန္းတခန္းမွာ ဘာေတြလုိအပ္လဲဆုိတာကို သူ အကုန္ျဖည့္ဆည္းေပးတယ္။”

အင္ၾကင္းႏိုင္ – အခုလိုသိရတဲ့အတြက္ ၀မ္းသာမိပါတယ္။ ကုိ႐ုိနာဗုိင္းရပ္စ္ပိုး အရင္ဆံုး စျပန္႔ခဲ့တဲ့ ၀ူဟန္ကေန ျပန္လာခဲ့ရတာဆိုေတာ့ ညီမတို႔ စိတ္ပိုင္းဆိုင္ရာ စိုးရိမ္၊ ထိခိုက္မႈ အေျခအေနေတြေရာ ဘယ္လိုရွိလဲ။

ေဒါက္တာ ခင္သီရိသန္႔ဇင္ – “ဟုိမွာေနရတာနဲ႔ ဒီမွာေနရတာနဲ႔ ကြာေတာ့ကြာတာေပါ့။ ဟိုမွာေနရတာေတာ့ ေၾကာက္ေနရတာေပါ့။ ကိုယ္ေတြ အျပင္ထြက္ရင္ ေရာဂါပုိးကူးမလား။ ဒီမွာေနရတာေတာ့ အဲဒီထက္ တဝက္ေလာက္နီးပါး သက္သာသြားတာေပါ့။ ဒါေပမယ့္ ညီမတုိ႔က ၁၄ ရက္ Exposure ကာလဆုိေတာ့၊ ကိုယ္ေတြကေတာ့ ေသခ်ာတယ္၊ မပါဘူး။ ဒါေပမယ့္ ၁ ရာခုိင္ႏႈန္းကေတာ့ မသိဘူး။ အဲလုိမ်ဳိး စုိးရိမ္စိတ္ကေလး ျဖစ္တယ္။ ကုိယ္ဖ်ားလုိက္ရင္ သူတုိ႔က ေဆး႐ုံပို႔မယ္ ဒီလုိမ်ဳိး စုိးရိမ္စိတ္ ရွိတဲ့အခါၾကေတာ့ နည္းနည္း Stress ေတာ့ရွိေသးတယ္။ ၁၄ ရက္ကာလၿပီးမွပဲ ညီမတို႔လည္း ေသခ်ာ စိတ္ေအးၾကရမွာေပါ့။ ဒါေပမယ့္ သူတို႔ေတြ အကုန္လုံး ဆရာဝန္ ဆရာမေတြ ဆရာဦးရဲလြင္ေရာ အကုန္လုံး အဘက္ဘက္က ညီမတုိ႔ကုိ လုိက္ျဖည့္ဆည္းေပးတဲ့အတြက္ ေတာ္ေတာ္ေလး စိတ္သက္သာရာ ရတယ္။”

အင္ၾကင္းႏိုင္ – ၀ူဟန္ကေန အထြက္မွာ ျမန္မာေက်ာင္းသားတဦးနဲ႔ ေက်ာင္းသူတဦး က်န္ခဲ့တဲ့အေၾကာင္း ေျပာျပပါဦး။ သူတို႔ ဘယ္လိုျဖစ္ၿပီး အဲဒီမွာ က်န္ခဲ့တာလဲ။

ေဒါက္တာ ခင္သီရိသန္႔ဇင္ – “သူတုိ႔ ဗုိင္းရပ္စ္ရွိလို႔ အဖ်ားတက္တာလည္း မဟုတ္ဘူး။ အဖ်ားလည္း မတက္ဘူး။ ညီမတုိ႔က အေယာက္ ၆၀ ဆုိေတာ့ Immigration ျဖတ္ဖို႔အတြက္ စီဆုိေတာ့ နံပါတ္ေတြနဲ႔ စီလိုက္ၾကတယ္။ ညီမတုိ႔က ေရွ႕ဆုံးက သြားေတာ့ အကုန္လုံးၿပီးသြားတယ္။ သူတုိ႔ေရွ႕နားေရာက္ေတာ့ ေရွ႕ကလူေတြက တီတီတီနဲ႔ တခ်ဳိ႕လူေတြ ျမည္ၾကတာရွိတယ္။ အဲဒီအခါၾကေတာ့ သူတုိ႔က နည္းနည္း Nervous ျဖစ္တာေပါ့။ ဝတ္ထားတာလည္း အက်ႌေတြက အထူႀကီးေတြ။ ေလာယဥ္ကြင္းထဲမွာလည္း အရမ္းအုိက္တဲ့အခါၾကေတာ့ Temperature နည္းနည္းျမင့္သြားတာေပါ့။ ျမင့္သြားေတာ့ သူတုိ႔က ညီမတုိ႔ကုိ ဟုိးေနာက္ကေန ျပန္စီခုိင္းတယ္။ စီခုိင္းတဲ့အခါၾကေတာ့ အဲဒါေတြကို ညီမတုိ႔ ေစာင့္ရတယ္၊ အၾကာႀကီး။ အဲဒီမွာ ေလယာဥ္ေပၚတက္တဲ့အခါၾကေတာ့ Custom မွာ နည္းနည္း ျပႆနာတက္သြားတယ္၊ သူတုိ႔ကို ေလယာဥ္ေပၚ ေပးမတက္ဘူးဆုိၿပီး။ ခုလည္း သူတို႔ႏွစ္ေယာက္ အေဆာင္ကုိ ေခ်ာေခ်ာေမာေမာ ျပန္ေရာက္သြားပါၿပီ။”

အင္ၾကင္းႏိုင္ – လက္ရွိ ကန္ေတာ္နဒီေဆး႐ုံမွာ ညီမတုိ႔ကို ဘယ္လိုပံုစံမ်ဳိးနဲ႔ ေစာင့္ၾကည့္စစ္ေဆးေနတာလဲရွင့္။

ေဒါက္တာ ခင္သီရိသန္႔ဇင္ – “ေရာဂါကာကြယ္ေရး အစီအစဥ္နဲ႔ ပတ္သက္လို႔ေတာ့ ေသေသခ်ာခ်ာ ေဆာင္ရြက္ေနပါတယ္။ ညီမတို႔ကို အၿမဲ ႏွာေခါင္းစည္း တပ္ခိုင္းထားတယ္။ သူတို႔ေတြ ဘဲလ္တီးေခၚမွ ကိုယ့္အခန္းကေန ကိုယ္ထြက္လာရပါတယ္။ အေဆာင္ထဲကို အျပင္လူ လံုး၀မ၀င္ခိုင္းဘူး။ ၀င္တယ္ဆိုရင္လည္း ဗိုင္းရပ္စ္ပိုး ကာကြယ္ေရး အထူးသီးသန္႔၀တ္စံုေတြနဲ႔ ၀င္ၾကတယ္။ တခါသံုး ဘူးေတြနဲ႔ပဲ ေကြ်းတယ္။ မနက္တခါ၊ ညတခါ အပူခ်ိန္တိုင္းတယ္။ အပူခ်ိန္တက္တယ္ဆိုရင္ ခ်က္ခ်င္းေခၚထုတ္ၿပီး သီးသန္႔ ကုသေဆာင္မွာ ထားမယ္၊ ဒါမွမဟုတ္ ေဆး႐ုံႀကီးေခၚ စစ္ေဆးမယ္လို႔ ေျပာတယ္။ ဒီေန႔ကေတာ့ ပထမဆံုးေန႔ဆိုေတာ့ အားလံုးကေတာ့ က်န္းမာေရးေကာင္းေနၾကတယ္။”

အင္ၾကင္းႏိုင္ – ညီမတို႔ကို ၁၄ ရက္ၾကာ ေစာင့္ၾကည့္ၿပီးသြားရင္ ဘာဆက္လုပ္မလဲ။ ၀ူဟန္တကၠသိုလ္မွာ ပညာဆက္သင္ေနရတဲ့ အျခအေနေတြကေရာ ဘယ္လိုျဖစ္မလဲ။

ေဒါက္တာ ခင္သီရိသန္႔ဇင္ – “ညီမတို႔ quarantine ၁၄ ရက္ ၿပီးရင္ေတာ့ အစီအစဥ္တခုေတာ့ရွိတယ္။ ဒါေပမယ့္ သိပ္ေတာ့ မေသခ်ာပါဘူး။ သုခကမၻာေဆး႐ုံကေန ညီမတို႔အကုန္လံုးကို medical check up လုပ္ေပးမယ္ဆိုတဲ့ အစီအစဥ္တခုေတာ့ရွိပါတယ္။ ေလာေလာဆယ္ေတာ့ အစီအစဥ္ဆဲြေနတုန္း ရွိပါေသးတယ္။ ေနာက္တခုက ေက်ာင္းဖြင့္တဲ့အခ်ိန္ ဘယ္အခ်ိန္ျဖစ္မယ္မွန္း မသိေသးေတာ့ သူတို႔ကေတာ့ ေဖေဖာ္၀ါရီ သို႔မဟုတ္ မတ္လ ျပန္ဖြင့္မယ္လို႔ေတာ့ ေျပာပါတယ္။ ဒါေပမယ့္ ညီမတို႔ဘက္ကက်ေတာ့ ဒီဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏိုင္ၿပီဆိုမွ ျပန္မွာပါ။ အခုေတာ့ ကိုယ့္ႏိုင္ငံမွာ ကိုယ္ပဲ ေလ့လာစရာရွိတာ ေလ့လာထားမယ္ေပါ့။ ေက်ာင္းျပန္ဖြင့္ၿပီး အားလံုးေကာင္းသြားတဲ့ အခ်ိန္ေရာက္ရင္ ျပန္သြားမွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ညီမတို႔အားလံုးလည္း ဘဲြ႔ရဖို႔နီးေနၿပီဆိုေတာ့ ရပ္လိုက္ဖို႔အတြက္က ခက္ပါတယ္။”

အင္ၾကင္းႏိုင္ – အခု ညီမတို႔ ၀ူဟန္ကျပန္လာတဲ့ ေက်ာင္းသူေက်ာင္းသားေတြနဲ႔ ပတ္သက္လို႔ သတင္းအမွားတခ်ဳိ႕ ထုတ္ျပန္ခဲ့တာ၊ ဥပမာ ဒီကေန႔ မနက္ကဆိုရင္ ရန္ကုန္ ေ၀ဘာဂီေဆး႐ုံမွာ ၀ူဟန္ကျပန္လာတဲ့ ေက်ာင္းသူေက်ာင္းသား ငါးေယာက္ ေရာက္ရွိေနတယ္ ဆိုတာမ်ဳိး၊ သတင္းအမွားေတြနဲ႔ ပတ္သက္လို႔ ညီမတို႔ဘက္က ျပင္းျပင္းထန္ထန္ကန္႔ကြက္တာ ေတြ႔ရပါတယ္။ ဒီလို သတင္းအမွားေတြက ညီမတို႔ကို ဘယ္ေလာက္ထိ ႐ုိက္ခတ္လဲ။”

ေဒါက္တာ ခင္သီရိသန္႔ဇင္ – ဟုတ္တယ္အမ။ ဒီ ေ၀ဘာဂီကိစၥကေတာ့ လံုး၀ကန္႔ကြက္ပါတယ္။ တကယ္ကို ငါတို႔မသိတာလားေပါ့၊ ငါးေယာက္ေပ်ာက္သြားတယ္ဆိုတာ၊ ကိုယ့္ဘာကိုယ္လည္း လူေတြ လိုက္စစ္ၾကတာေပါ့။ ေၾကာင္သြားတာေပါ့ေနာ္။ သူကအတည္ႀကီးလို ေျပာထားတဲ့အခါက်ေတာ့။ ဒါေပမယ့္ ညီမတို႔ဘက္ကေတာ့ အခုထက္ထိ ေသခ်ာတယ္။ ၅၉ ေယာက္လံုး ဒီမွာရွိတယ္။ အားလံုးလည္း အဖ်ားမရွိဘူး။ က်န္းမာေရးလည္း ေကာင္းေကာင္းမြန္မြန္ပဲ။ အဲဒီလို သတင္းအမွားေတြက တခါမဟုတ္ဘူး၊ ႏွစ္ခါလည္းမဟုတ္ဘူး ျဖစ္ေနတာ။ ညီမတို႔ ေခ်ာေခ်ာေမာေမာနဲ႔ ျပန္ေရာက္တယ္။ မီဒီယာေတြရဲ႕ ေက်းဇူးအမ်ားႀကီး ပါပါတယ္။ အဲဒီအတြက္လည္း ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္လည္း သတင္းအမွန္ကိုေတာ့ ျဖန္႔ေစခ်င္ပါတယ္။ သတင္းအမွားေတြ ထြက္လာတဲ့အခါက်ေတာ့ ေဆြမ်ဳိးေတြက ညီမတို႔ အခု ေစာင့္ၾကည့္ေနတဲ့ကာလမွာ မေတြ႔ရဘူးဆိုေတာ့ ဘယ္သူဘာျဖစ္လဲဆိုတာ အေမ၊ အေဖေတြကလည္း စိတ္ပူပါတယ္။ မလိုလားအပ္တာေတြလည္း ျဖစ္တဲ့အခါက်ေတာ့ ညီမတို႔ စိတ္အေႏွာင့္အယွက္ ျဖစ္ရပါတယ္။”

ref:VOA

Unicode

ဝူဟန်မြို့ကနေ ပြန်လာတဲ့ မြန်မာကျောင်းသူ၊ ကျောင်းသား (၅၉) ဦးလုံး ကျန်းမာရေးကောင်းမွန်နေပြီး၊ Coronavirus ပိုးရှိမရှိ (၁၄) ရက်စောင့်ကြည့်စစ်ဆေး ခံသွားဖို့ရှိကြောင်း ဝူဟန်တက္ကသိုလ်က ပြန်ရောက်လာတဲ့ ဆေးပညာ မဟာသိပ္ပံကျောင်းသူ ဒေါက်တာ ခင်သီရိသန့်ဇင် က ဗွီအိုအေကို ပြောပါတယ်။ တချိန်တည်းမှာပဲ သူတို့နဲ့ ပတ်သက်တဲ့ သတင်းအမှားတချို့ ထုတ်လွှင့်ခဲ့တဲ့အပေါ်မှာ အလွန်ပဲ စိတ်အနှောင့် အယှက်ဖြစ်ရပြီး သတင်းတွေကို မှန်မှန်ကန်ကန်ထုတ်ပြန်စေချင်တယ်လို့ ဆိုပါတယ်။မန္တလေးမြို့ ကန်တော်နဒီဆေးရုံးမှာ သူတို့ (၅၉) ဦးလုံးကို (၁၄)ရက်ကြာ သီးသန့်စောင့်ကြည့်နေတဲ့ အခြေအနေကို VOA မှ ဒေါက်တာ ခင်သီရိ သန့်ဇင်ကို ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

ဝူဟန်မြို့ကနေ ပြန်လာတဲ့ မြန်မာကျောင်းသာ ကျောင်းသူ ၅၉ ဦးလုံး ကျန်းမာရေးကောင်းမွန်နေပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ ၁၄ ရက် စောင့်ကြည့်စစ်ဆေးခံသွားဖို့ရှိကြောင်း ဝူဟန်တက္ကသိုလ်က ပြန်ရောက်လာတဲ့ ဆေးပညာ မဟာသိပ္ပံကျောင်းသူ ဒေါက်တာ ခင်သီရိသန့်ဇင်က ဗွီအိုအေကို ပြောပါတယ်။ တချိန်တည်းမှာပဲ သူတို့နဲ့ပတ်သက်တဲ့ သတင်းအမှားတချို့ ထုတ်လွှင့်ခဲ့တဲ့အပေါ်မှာ အလွန်ပဲ စိတ်အနှောင့်အယှက်ဖြစ်ရပြီး သတင်းတွေကို မှန်မှန်ကန်ကန် ထုတ်ပြန်စေချင်တယ်လို့ ဆိုပါတယ်။မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ သူတို့ ၅၉ ဦးလုံးကို ၁၄ ရက်ကြာ သီးသန့်စောင့်ကြည့်နေတဲ့ အခြေအနေကို မခင်သီရိသန့်ဇင်က အခုလိုစပြောပါတယ်။

ဒေါက်တာ ခင်သီရိသန့်ဇင် – “ကန်တော်နဒီကို ဒီနေ့မနက် ၆ နာရီလောက်က ရောက်တယ်။ ညီမတို့ မနက်စာကျွေးတယ်။ နောက် ရောက်ရောက်ချင်းမှာ နှစ်ယောက် နှစ်ယောက်ချင်းစီ အခန်းတခန်း၊ မိန်းကလေးတွေက အပေါ်ထပ်၊ ယောက်ျားလေးတွေက အောက်ထပ် အဲလိုခွဲထားတယ်။ မနက်စာ နန်းကြီးသုပ်ကျွေးတယ်၊ နေ့လယ်စာလည်း သူတို့ ပြင်ဆင်ထားပါတယ်။ သူတို့ဘဲလ်တီးပြီဆိုရင် အောက်ကိုဆင်းယူပေးကြပါဆို ညီမတို့ ဆင်းယူတယ်။ ဆင်းလို့ရပါပြီဆိုမှ ညီမတို့ ဆင်းတယ်။”

“ညနေပိုင်းတို့ နေ့လယ်ပိုင်းတို့ဆိုလည်း အစားအသောက်တွေ အရမ်းကောင်းတယ်။ နေ့လယ်ပိုင်းဆိုလည်း ကျောင်းသားတွေထဲက အလှူရှင်၊ ညီမအဖေရယ်၊ ညီမသူငယ်ချင်းတယောက်ရဲ့ အဖေရယ်၊ အဲဒါကျတော့ ခုံတွေ၊ အကျႌချိတ်တို့၊ ခြေသုတ်ခုံတို့၊ အကျႌနဲ့ ထဘီနဲ့၊ ယောက်ျားလေးဆို အကျႌနဲ့ ပုဆိုးနဲ့ လှူတယ်။ နောက် Energy Drink လေးတွေ လာလှူပေးတယ်။ နောက် ဆရာဦးရဲလွင်ကိုယ်တိုင်လည်း Viber Group ဖွဲ့ပြီးတော့ ညီမတို့ တယောက်ချင်းဆီ ဘာလိုအပ်ချက်ရှိလဲ၊ အခန်းတခန်းမှာ ဘာတွေလိုအပ်လဲဆိုတာကို သူ အကုန်ဖြည့်ဆည်းပေးတယ်။”

အင်ကြင်းနိုင် – အခုလိုသိရတဲ့အတွက် ဝမ်းသာမိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး အရင်ဆုံး စပြန့်ခဲ့တဲ့ ဝူဟန်ကနေ ပြန်လာခဲ့ရတာဆိုတော့ ညီမတို့ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်၊ ထိခိုက်မှု အခြေအနေတွေရော ဘယ်လိုရှိလဲ။

ဒေါက်တာ ခင်သီရိသန့်ဇင် – “ဟိုမှာနေရတာနဲ့ ဒီမှာနေရတာနဲ့ ကွာတော့ကွာတာပေါ့။ ဟိုမှာနေရတာတော့ ကြောက်နေရတာပေါ့။ ကိုယ်တွေ အပြင်ထွက်ရင် ရောဂါပိုးကူးမလား။ ဒီမှာနေရတာတော့ အဲဒီထက် တဝက်လောက်နီးပါး သက်သာသွားတာပေါ့။ ဒါပေမယ့် ညီမတို့က ၁၄ ရက် Exposure ကာလဆိုတော့၊ ကိုယ်တွေကတော့ သေချာတယ်၊ မပါဘူး။ ဒါပေမယ့် ၁ ရာခိုင်နှုန်းကတော့ မသိဘူး။ အဲလိုမျိုး စိုးရိမ်စိတ်ကလေး ဖြစ်တယ်။ ကိုယ်ဖျားလိုက်ရင် သူတို့က ဆေးရုံပို့မယ် ဒီလိုမျိုး စိုးရိမ်စိတ် ရှိတဲ့အခါကြတော့ နည်းနည်း Stress တော့ရှိသေးတယ်။ ၁၄ ရက်ကာလပြီးမှပဲ ညီမတို့လည်း သေချာ စိတ်အေးကြရမှာပေါ့။ ဒါပေမယ့် သူတို့တွေ အကုန်လုံး ဆရာဝန် ဆရာမတွေ ဆရာဦးရဲလွင်ရော အကုန်လုံး အဘက်ဘက်က ညီမတို့ကို လိုက်ဖြည့်ဆည်းပေးတဲ့အတွက် တော်တော်လေး စိတ်သက်သာရာ ရတယ်။”

အင်ကြင်းနိုင် – ဝူဟန်ကနေ အထွက်မှာ မြန်မာကျောင်းသားတဦးနဲ့ ကျောင်းသူတဦး ကျန်ခဲ့တဲ့အကြောင်း ပြောပြပါဦး။ သူတို့ ဘယ်လိုဖြစ်ပြီး အဲဒီမှာ ကျန်ခဲ့တာလဲ။

ဒေါက်တာ ခင်သီရိသန့်ဇင် – “သူတို့ ဗိုင်းရပ်စ်ရှိလို့ အဖျားတက်တာလည်း မဟုတ်ဘူး။ အဖျားလည်း မတက်ဘူး။ ညီမတို့က အယောက် ၆၀ ဆိုတော့ Immigration ဖြတ်ဖို့အတွက် စီဆိုတော့ နံပါတ်တွေနဲ့ စီလိုက်ကြတယ်။ ညီမတို့က ရှေ့ဆုံးက သွားတော့ အကုန်လုံးပြီးသွားတယ်။ သူတို့ရှေ့နားရောက်တော့ ရှေ့ကလူတွေက တီတီတီနဲ့ တချို့လူတွေ မြည်ကြတာရှိတယ်။ အဲဒီအခါကြတော့ သူတို့က နည်းနည်း Nervous ဖြစ်တာပေါ့။ ဝတ်ထားတာလည်း အကျႌတွေက အထူကြီးတွေ။ လောယဉ်ကွင်းထဲမှာလည်း အရမ်းအိုက်တဲ့အခါကြတော့ Temperature နည်းနည်းမြင့်သွားတာပေါ့။ မြင့်သွားတော့ သူတို့က ညီမတို့ကို ဟိုးနောက်ကနေ ပြန်စီခိုင်းတယ်။ စီခိုင်းတဲ့အခါကြတော့ အဲဒါတွေကို ညီမတို့ စောင့်ရတယ်၊ အကြာကြီး။ အဲဒီမှာ လေယာဉ်ပေါ်တက်တဲ့အခါကြတော့ Custom မှာ နည်းနည်း ပြဿနာတက်သွားတယ်၊ သူတို့ကို လေယာဉ်ပေါ် ပေးမတက်ဘူးဆိုပြီး။ ခုလည်း သူတို့နှစ်ယောက် အဆောင်ကို ချောချောမောမော ပြန်ရောက်သွားပါပြီ။”

အင်ကြင်းနိုင် – လက်ရှိ ကန်တော်နဒီဆေးရုံမှာ ညီမတို့ကို ဘယ်လိုပုံစံမျိုးနဲ့ စောင့်ကြည့်စစ်ဆေးနေတာလဲရှင့်။

ဒေါက်တာ ခင်သီရိသန့်ဇင် – “ရောဂါကာကွယ်ရေး အစီအစဉ်နဲ့ ပတ်သက်လို့တော့ သေသေချာချာ ဆောင်ရွက်နေပါတယ်။ ညီမတို့ကို အမြဲ နှာခေါင်းစည်း တပ်ခိုင်းထားတယ်။ သူတို့တွေ ဘဲလ်တီးခေါ်မှ ကိုယ့်အခန်းကနေ ကိုယ်ထွက်လာရပါတယ်။ အဆောင်ထဲကို အပြင်လူ လုံးဝမဝင်ခိုင်းဘူး။ ဝင်တယ်ဆိုရင်လည်း ဗိုင်းရပ်စ်ပိုး ကာကွယ်ရေး အထူးသီးသန့်ဝတ်စုံတွေနဲ့ ဝင်ကြတယ်။ တခါသုံး ဘူးတွေနဲ့ပဲ ကျွေးတယ်။ မနက်တခါ၊ ညတခါ အပူချိန်တိုင်းတယ်။ အပူချိန်တက်တယ်ဆိုရင် ချက်ချင်းခေါ်ထုတ်ပြီး သီးသန့် ကုသဆောင်မှာ ထားမယ်၊ ဒါမှမဟုတ် ဆေးရုံကြီးခေါ် စစ်ဆေးမယ်လို့ ပြောတယ်။ ဒီနေ့ကတော့ ပထမဆုံးနေ့ဆိုတော့ အားလုံးကတော့ ကျန်းမာရေးကောင်းနေကြတယ်။”

အင်ကြင်းနိုင် – ညီမတို့ကို ၁၄ ရက်ကြာ စောင့်ကြည့်ပြီးသွားရင် ဘာဆက်လုပ်မလဲ။ ဝူဟန်တက္ကသိုလ်မှာ ပညာဆက်သင်နေရတဲ့ အခြအနေတွေကရော ဘယ်လိုဖြစ်မလဲ။

ဒေါက်တာ ခင်သီရိသန့်ဇင် – “ညီမတို့ quarantine ၁၄ ရက် ပြီးရင်တော့ အစီအစဉ်တခုတော့ရှိတယ်။ ဒါပေမယ့် သိပ်တော့ မသေချာပါဘူး။ သုခကမ္ဘာဆေးရုံကနေ ညီမတို့အကုန်လုံးကို medical check up လုပ်ပေးမယ်ဆိုတဲ့ အစီအစဉ်တခုတော့ရှိပါတယ်။ လောလောဆယ်တော့ အစီအစဉ်ဆွဲနေတုန်း ရှိပါသေးတယ်။ နောက်တခုက ကျောင်းဖွင့်တဲ့အချိန် ဘယ်အချိန်ဖြစ်မယ်မှန်း မသိသေးတော့ သူတို့ကတော့ ဖေဖော်ဝါရီ သို့မဟုတ် မတ်လ ပြန်ဖွင့်မယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် ညီမတို့ဘက်ကကျတော့ ဒီဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီဆိုမှ ပြန်မှာပါ။ အခုတော့ ကိုယ့်နိုင်ငံမှာ ကိုယ်ပဲ လေ့လာစရာရှိတာ လေ့လာထားမယ်ပေါ့။ ကျောင်းပြန်ဖွင့်ပြီး အားလုံးကောင်းသွားတဲ့ အချိန်ရောက်ရင် ပြန်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ညီမတို့အားလုံးလည်း ဘွဲ့ရဖို့နီးနေပြီဆိုတော့ ရပ်လိုက်ဖို့အတွက်က ခက်ပါတယ်။”

အင်ကြင်းနိုင် – အခု ညီမတို့ ဝူဟန်ကပြန်လာတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ပတ်သက်လို့ သတင်းအမှားတချို့ ထုတ်ပြန်ခဲ့တာ၊ ဥပမာ ဒီကနေ့ မနက်ကဆိုရင် ရန်ကုန် ဝေဘာဂီဆေးရုံမှာ ဝူဟန်ကပြန်လာတဲ့ ကျောင်းသူကျောင်းသား ငါးယောက် ရောက်ရှိနေတယ် ဆိုတာမျိုး၊ သတင်းအမှားတွေနဲ့ ပတ်သက်လို့ ညီမတို့ဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်တာ တွေ့ရပါတယ်။ ဒီလို သတင်းအမှားတွေက ညီမတို့ကို ဘယ်လောက်ထိ ရိုက်ခတ်လဲ။”

ဒေါက်တာ ခင်သီရိသန့်ဇင် – ဟုတ်တယ်အမ။ ဒီ ဝေဘာဂီကိစ္စကတော့ လုံးဝကန့်ကွက်ပါတယ်။ တကယ်ကို ငါတို့မသိတာလားပေါ့၊ ငါးယောက်ပျောက်သွားတယ်ဆိုတာ၊ ကိုယ့်ဘာကိုယ်လည်း လူတွေ လိုက်စစ်ကြတာပေါ့။ ကြောင်သွားတာပေါ့နော်။ သူကအတည်ကြီးလို ပြောထားတဲ့အခါကျတော့။ ဒါပေမယ့် ညီမတို့ဘက်ကတော့ အခုထက်ထိ သေချာတယ်။ ၅၉ ယောက်လုံး ဒီမှာရှိတယ်။ အားလုံးလည်း အဖျားမရှိဘူး။ ကျန်းမာရေးလည်း ကောင်းကောင်းမွန်မွန်ပဲ။ အဲဒီလို သတင်းအမှားတွေက တခါမဟုတ်ဘူး၊ နှစ်ခါလည်းမဟုတ်ဘူး ဖြစ်နေတာ။ ညီမတို့ ချောချောမောမောနဲ့ ပြန်ရောက်တယ်။ မီဒီယာတွေရဲ့ ကျေးဇူးအများကြီး ပါပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း သတင်းအမှန်ကိုတော့ ဖြန့်စေချင်ပါတယ်။ သတင်းအမှားတွေ ထွက်လာတဲ့အခါကျတော့ ဆွေမျိုးတွေက ညီမတို့ အခု စောင့်ကြည့်နေတဲ့ကာလမှာ မတွေ့ရဘူးဆိုတော့ ဘယ်သူဘာဖြစ်လဲဆိုတာ အမေ၊ အဖေတွေကလည်း စိတ်ပူပါတယ်။ မလိုလားအပ်တာတွေလည်း ဖြစ်တဲ့အခါကျတော့ ညီမတို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။”

ref:VOA

1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ တခ်ိန္က အေရွ႕ ေတာင္အာရွရဲ႕ အ ေကာင္းဆံုးတကၠသိုလ္ (သို႕) ရန္ကုန္တကၠသိုလ္ အ ေၾကာင္း