ျမဝတီတြင္ BGF ဗိုလ္မႉးေဟာင္း၏ ေနအိမ္တြင္ မိုင္းေပါက္ကြဲ မႈျဖစ္ပြား

Posted on

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ အမွတ္ ၄ ရပ္ကြက္ ဘုရင့္ေနာင္လမ္းမႀကီးေဘး မင္းပုဒုံမာဝင္းရွိ BGF ဗိုလ္မႉးေဟာင္ တစ္ဦး၏ ေနအိမ္တြင္ ​ေဖေဖာ္ဝါရီလ ၃ ရက္​ နံနက္ ရနာရီခြဲအခ်ိန္ခန႔္က မိုင္းႏွစ္လုံး ​ေပါက္ကြဲ မႈျဖစ္ပြားရာ လူ ၂ ဦး ထိခိုက္ဒဏ္ရာ ရရွိေၾကာင္း သိရသည္အဆိုပါမိုင္း ေပါက္ကြဲမႈမွာ အိမ္ရွင္ျဖစ္သူ BGF ဗိုလ္မႉးေဟာင္း ေစာတင္ျမင့္သည္ အိမ္ေရွ႕တြင္ေတြ႕ရေသာ အထုပ္ကို ကိုင္ၿပီးလႊင့္ပစ္ရာမွ ပထမတစ္လုံး ​ေပါက္ကြဲ ၿပီးေနာက္ စကၠန္ ့ပိုင္း အၾကာတြင္ ေနာက္တစ္လုံးေပါက္ကြဲ ျခင္း ျဖစ္​ေၾကာင္း ၄င္းကေျပာၾကားခဲ့သည္။

အိမ္ရွင္ ​ေစာတင္ျမင့္က”မနက္(၇ )နာရီ တံခါးလာဖြင့္တယ္၊အိမ္ေရွ႕မွာအထုပ္ ၂ထုပ္ေတြ ့တယ္။ လႊင့္ပစ္မယ္လုပ္ေတာ့ ထေပါက္တာ ၊ေနာက္ထပ္တစ္လုံးထပ္ကြဲတယ္၊အိမ္ကေတာ့ ေၾကမြသြားတာ၊ ပထမဆုံးအလုံးကေတာ့ ေပါင္ကိုရွပ္ထ္ိတယ္၊ ဒုတိယ အလုံးကေတာ့ ေမးကို နည္းနည္းထိတယ္။ အိမ္အေရွ႕မ်က္ႏွာစာေတာ့ ေၾကမြသြားတယ္။သူငယ္ခ်င္းကေတာ့ ပထမတစ္လုံး ေပါက္ေတာ့ စိုးရိမ္စိတ္နဲ႔ေျပးလာတာ ၊ ေနာက္ထပ္ေပါက္လို႔ ထိတာ ၊”ဟုေျပာၾကားခဲ့သည္။

အာရွလမ္းမႀကီးေဘးရွိ မင္းပဒုံမာ ဝင္းေနအိမ္တြင္ ေပါက္ကြဲမႈ ျဖစ္ပြားေၾကာင္းသတင္းအရ ျမဝတီခရိုင္ရဲတပ္ဖြဲမႉ း ဒုတိယရဲမႉးႀကီး သက္လင္းဦး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ ့မႉး ရဲမႉး ​ေက်ာ္သူရည္ႏွင့္ ရဲတပ္ဖြဲ ့ဝင္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ၊ နယ္ျခားေစာင့္တပ္ဖြဲ ့ဝင္မ်ား၊ တပ္မေတာ္ ေရွ႕တန္းမႉး ဗိုလ္မႉး ၿဖိဳးသူရဝင္း ႏွင့္ တပ္မေတာ္သားမ်ား သြားေရာက္စစ္ေဆးခဲ့ၾကသည္။

သက္ဆိုင္ရာတာဝန္ရွိသူမ်ားစစ္ေဆးရာ ေနအိမ္ေရွ႕ တြင္ေပါက္ကြဲမႈေၾကာင့္အိမ္ေရွ႕ မ်က္ႏွာစာ ျပတင္းမွန္မ်ား ကြဲေၾကမြသြားသလို ေစာတင္ျမင့္၏ ဘယ္ဘက္ေပါင္၌ ဒဏ္ရာရရွိခဲ့သည္။ ေပါက္ကြဲသံေၾကာင့္ ေျပးလာသူ ဦးစိန္လင္း တြင္လည္း ေျခသလုံးဒဏ္ရာရရွိခဲ့သည္။

ေပါက္ကြဲမႈေၾကာင့္ ေစာတင္ျမင့္အား ျမဝတီခရိုင္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသမႈခံယူခဲ့ၿပီး အတြင္း လူနာအျဖစ္ ေဆး႐ုံတက္ေရာက္ ကုသမႈခံယူေနရေၾကာင္း သိရသည္။သက္ဆိုင္ရာမွ ေပါက္ကြဲမႈ ျဖစ္ရသည့္ အေၾကာင္းအရင္းအား ဆက္လက္စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

ref:Eleven Media

Unicode

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးဘေး မင်းပုဒုံမာဝင်းရှိ BGF ဗိုလ်မှူးဟောင် တစ်ဦး၏ နေအိမ်တွင် ​ဖေဖော်ဝါရီလ ၃ ရက်​ နံနက် ရနာရီခွဲအချိန်ခန့်က မိုင်းနှစ်လုံး ​ပေါက်ကွဲ မှုဖြစ်ပွားရာ လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်အဆိုပါမိုင်း ပေါက်ကွဲမှုမှာ အိမ်ရှင်ဖြစ်သူ BGF ဗိုလ်မှူးဟောင်း စောတင်မြင့်သည် အိမ်ရှေ့တွင်တွေ့ရသော အထုပ်ကို ကိုင်ပြီးလွှင့်ပစ်ရာမှ ပထမတစ်လုံး ​ပေါက်ကွဲ ပြီးနောက် စက္ကန် ့ပိုင်း အကြာတွင် နောက်တစ်လုံးပေါက်ကွဲ ခြင်း ဖြစ်​ကြောင်း ၄င်းကပြောကြားခဲ့သည်။

အိမ်ရှင် ​စောတင်မြင့်က”မနက်(၇ )နာရီ တံခါးလာဖွင့်တယ်၊အိမ်ရှေ့မှာအထုပ် ၂ထုပ်တွေ ့တယ်။ လွှင့်ပစ်မယ်လုပ်တော့ ထပေါက်တာ ၊နောက်ထပ်တစ်လုံးထပ်ကွဲတယ်၊အိမ်ကတော့ ကြေမွသွားတာ၊ ပထမဆုံးအလုံးကတော့ ပေါင်ကိုရှပ်ထ်ိတယ်၊ ဒုတိယ အလုံးကတော့ မေးကို နည်းနည်းထိတယ်။ အိမ်အရှေ့မျက်နှာစာတော့ ကြေမွသွားတယ်။သူငယ်ချင်းကတော့ ပထမတစ်လုံး ပေါက်တော့ စိုးရိမ်စိတ်နဲ့ပြေးလာတာ ၊ နောက်ထပ်ပေါက်လို့ ထိတာ ၊”ဟုပြောကြားခဲ့သည်။

အာရှလမ်းမကြီးဘေးရှိ မင်းပဒုံမာ ဝင်းနေအိမ်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်းသတင်းအရ မြဝတီခရိုင်ရဲတပ်ဖွဲမှူ း ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ ့မှူး ရဲမှူး ​ကျော်သူရည်နှင့် ရဲတပ်ဖွဲ ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ နယ်ခြားစောင့်တပ်ဖွဲ ့ဝင်များ၊ တပ်မတော် ရှေ့တန်းမှူး ဗိုလ်မှူး ဖြိုးသူရဝင်း နှင့် တပ်မတော်သားများ သွားရောက်စစ်ဆေးခဲ့ကြသည်။

သက်ဆိုင်ရာတာဝန်ရှိသူများစစ်ဆေးရာ နေအိမ်ရှေ့ တွင်ပေါက်ကွဲမှုကြောင့်အိမ်ရှေ့ မျက်နှာစာ ပြတင်းမှန်များ ကွဲကြေမွသွားသလို စောတင်မြင့်၏ ဘယ်ဘက်ပေါင်၌ ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲသံကြောင့် ပြေးလာသူ ဦးစိန်လင်း တွင်လည်း ခြေသလုံးဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲမှုကြောင့် စောတင်မြင့်အား မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူခဲ့ပြီး အတွင်း လူနာအဖြစ် ဆေးရုံတက်ရောက် ကုသမှုခံယူနေရကြောင်း သိရသည်။သက်ဆိုင်ရာမှ ပေါက်ကွဲမှု ဖြစ်ရသည့် အကြောင်းအရင်းအား ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

ref:Eleven Media