တူရကီ စစ္သား ၄ ဦး က်ဆံုးသျဖင့္ ဆီးရီးယားတပ္ေတြကို လက္စားေခ်ေတာ့မွာ ျဖစ္လို႔ ႐ုရွား လက္ေရွာင္ေနဖို႔ တူရကီ သတိေပး

Posted on

ဆီးရီးယား အေနာက္ေျမာက္ပိုင္း အီဒလစ္ျပည္နယ္မွာ တူရကီ စစ္သား ၄ ဦး က်ဆုံးရတာအတြက္ ဆီးရီးယားအစိုးရကို လက္တုံ႔ျပန္ရာမွာ ႐ုရွအေနနဲ႔ လက္ေရွာင္ေနၿပီး ဝင္မပါဖို႔ တူရကီက သတိေပးလိုက္ပါတယ္။တနလၤာေန႔က အီဒလစ္ျပည္နယ္မွာ ဆီးရီးယားအစိုးရတပ္ေတြ အေျမာက္ႀကီး ပစ္ခတ္တာေၾကာင့္ တူရကီ စစ္သားေလးဦး ေသဆုံးၿပီး ကိုးဦးဒဏ္ရာရခဲ့တာပါ။

ဗဟုသုတရ ေစမည့္ ရွားပါး အေၾကာင္းအရာမ်ား တင္ဆက္ ေပးတဲ့ Youtube Channel ေလးျဖစ္လို႕ Subscribe လုပ္ထားၾကပါအံုးေနာ္ 1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ ရန္ကုန္တကၠသိုလ္ရဲ့ အ ေၾကာင္းရာ အခ်ိဳ႕ပါဝင္ပါသည္။

တူရကီရဲ့ တန္ျပန္တိုက္ခိုက္မႈမွာ ဆီးရီးယားစစ္သား ေျခာက္ဦးေသဆုံးတယ္လို႔ စစ္သတင္းေစာင့္ၾကည့္ေရး အစီရင္ခံစာမွာ တူရကီ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။“ကၽြန္ေတာ္ ႐ုရွအာဏာပိုင္ေတြကို အထူးတလည္ ေျပာခ်င္တယ္။ ကၽြန္ေတာ္တို႔ တုံ႔ျပန္မႈဟာ ႐ုရွအတြက္မဟုတ္ဘဲ ဆီးရီးယား အစိုးရတပ္ကိုပဲ ျဖစ္တယ္။ ကၽြန္ေတာ္တို႔ရဲ့ လမ္းကို အေႏွာင့္အယွက္ မေပးေစခ်င္ဘူး။”လို႔ တူရကီသမၼတ အာဒိုဂန္ (Erdoğan) က သတင္းေထာက္ေတြကို ေျပာပါတယ္။

အီဒလစ္ျပည္နယ္မွာ စစ္ဆင္ေရး ဆင္ႏြဲမယ္ဆိုတာကို တူရကီက ႐ုရွဆီ ႀကိဳတင္သတိမေပးတာေၾကာင့္ ဆီးရီးယားတပ္ေတြရဲ့ ပစ္ခတ္တာကို တူရကီစစ္တပ္ ခံခဲ့ရတာ ျဖစ္တယ္လို႔ ေမာ္စကိုက ဆိုေၾကာင္း ႐ုရွကာကြယ္ေရးဝန္ႀကီးဌာနကို ကိုးကားၿပီး TASS သတင္းဌာနက ေဖာ္ျပသြားပါတယ္။အီဒလစ္ျပည္နယ္ တူရကီေစာင့္ၾကည့္ေရးစခန္းေတြ ပတ္လည္က ဆီးရီးယားတပ္ေတြကို ပစ္မွတ္လို မွတ္သြားမယ္လို႔ အာဒိုဂန္ရဲ့ အာဏာရပါတီ AK ပါတီ ေျပာခြင့္ရသူတစ္ဦးက ေျပာခဲ့ပါတယ္။

“အဲဒီ တိုက္ခိုက္မႈေၾကာင့္ ဆီးရီးယားတပ္ေတြဟာ အခုကစလို႔ ကၽြန္ေတာ္တို႔ရဲ့ ပစ္မွတ္ျဖစ္ၿပီ။ ႐ုရွအေနနဲ႔ ဆီးရီးယားအစိုးရကို ကာေပးမွာ မဟုတ္ဘူးလို႔ ေမၽွာ္လင့္တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဆီးရီးယားတပ္ေတြက ကၽြန္ေတာ္တို႔ တိုက္ခိုက္ခဲ့တာ ရွင္းရွင္းႀကီးပဲေလ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ စခန္းပတ္လည္က ဆီးရီးယားတပ္ေတြဟာ ပစ္မွတ္ေတြ ျဖစ္လာေတာ့မယ္။”လို႔ ေျပာခြင့္ရသူ အိုမာက ေျပာခဲ့ပါတယ္။

RF; AL Arabiya
Writer_ ေမာင္သံဆင့္
ref:(XYZ News)
Photo:LKT

Unicode

ဆီးရီးယား အနောက်မြောက်ပိုင်း အီဒလစ်ပြည်နယ်မှာ တူရကီ စစ်သား ၄ ဦး ကျဆုံးရတာအတွက် ဆီးရီးယားအစိုးရကို လက်တုံ့ပြန်ရာမှာ ရုရှအနေနဲ့ လက်ရှောင်နေပြီး ဝင်မပါဖို့ တူရကီက သတိပေးလိုက်ပါတယ်။တနင်္လာနေ့က အီဒလစ်ပြည်နယ်မှာ ဆီးရီးယားအစိုးရတပ်တွေ အမြောက်ကြီး ပစ်ခတ်တာကြောင့် တူရကီ စစ်သားလေးဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့တာပါ။

တူရကီရဲ့ တန်ပြန်တိုက်ခိုက်မှုမှာ ဆီးရီးယားစစ်သား ခြောက်ဦးသေဆုံးတယ်လို့ စစ်သတင်းစောင့်ကြည့်ရေး အစီရင်ခံစာမှာ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။“ကျွန်တော် ရုရှအာဏာပိုင်တွေကို အထူးတလည် ပြောချင်တယ်။ ကျွန်တော်တို့ တုံ့ပြန်မှုဟာ ရုရှအတွက်မဟုတ်ဘဲ ဆီးရီးယား အစိုးရတပ်ကိုပဲ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ လမ်းကို အနှောင့်အယှက် မပေးစေချင်ဘူး။”လို့ တူရကီသမ္မတ အာဒိုဂန်က သတင်းထောက်တွေကို ပြောပါတယ်။

အီဒလစ်ပြည်နယ်မှာ စစ်ဆင်ရေး ဆင်နွဲမယ်ဆိုတာကို တူရကီက ရုရှဆီ ကြိုတင်သတိမပေးတာကြောင့် ဆီးရီးယားတပ်တွေရဲ့ ပစ်ခတ်တာကို တူရကီစစ်တပ် ခံခဲ့ရတာ ဖြစ်တယ်လို့ မော်စကိုက ဆိုကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြသွားပါတယ်။

အီဒလစ်ပြည်နယ် တူရကီစောင့်ကြည့်ရေးစခန်းတွေ ပတ်လည်က ဆီးရီးယားတပ်တွေကို ပစ်မှတ်လို မှတ်သွားမယ်လို့ အာဒိုဂန်ရဲ့ အာဏာရပါတီ AK ပါတီ ပြောခွင့်ရသူတစ်ဦးက ပြောခဲ့ပါတယ်။

“အဲဒီ တိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်တွေဟာ အခုကစလို့ ကျွန်တော်တို့ရဲ့ ပစ်မှတ်ဖြစ်ပြီ။ ရုရှအနေနဲ့ ဆီးရီးယားအစိုးရကို ကာပေးမှာ မဟုတ်ဘူးလို့ မျှော်လင့်တယ်။ ဘာကြောင့်လည်းဆိုတော့ ဆီးရီးယားတပ်တွေက ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ ရှင်းရှင်းကြီးပဲလေ။ ဒါကြောင့် ကျွန်တော်တို့ စခန်းပတ်လည်က ဆီးရီးယားတပ်တွေဟာ ပစ်မှတ်တွေ ဖြစ်လာတော့မယ်။”လို့ ပြောခွင့်ရသူ အိုမာက ပြောခဲ့ပါတယ်။

RF; AL Arabiya
Writer_ မောင်သံဆင့်
ref:(XYZ News)
Photo:LKT

1957 ခုႏွစ္က ရန္ကုန္တကၠသိုလ္ရဲ့ စာသင္ခ်ိန္တခ်ိဳ႕ကို ရိုက္ကူးထားေသာ Video တိုမ်ားႏွင့္၊ တခ်ိန္က အေရွ႕ ေတာင္အာရွရဲ႕ အ ေကာင္းဆံုးတကၠသိုလ္ (သို႕) ရန္ကုန္တကၠသိုလ္ အ ေၾကာင္း