ပလက္၀ျမိဳ့နယ္ အတြင္းမွ ရဲ၀န္ထမ္းမ်ားႏွင့္ ပညာေရး၀န္ထမ္းမ်ား၏ လစာကို AA က ၾကားျဖတ္လုယူ

Posted on

ပလက္၀ျမိဳ့နယ္အတြင္း တာ၀န္ထမ္းေဆာင္ေနသည့္ ရဲ၀န္ထမ္းမ်ားႏွင့္ ပညာေရး၀န္ထမ္းမ်ား၏ လစာ စုစုေပါင္း သိန္း ၇၀ ကို ေဖေဖၚ၀ါရီလ ၅ ရက္ေန႔တြင္ AA အဖြဲ႔က ၾကားျဖတ္ လုယူသြားေၾကာင္း သိရသည္။တရြန္အိုင္ရြာတြင္ တာ၀န္ထမ္းေဆာင္ေနသည့္ ရဲ၀န္ထမ္းမ်ားႏွင့္ ပညာေရး၀န္ထမ္းမ်ား၏ လစာကို ကိုယ္စားလွယ္က ထုတ္ယူျပီးအျပန္ ေမာင္ႏွမရြာအနီးတြင္ AA အဖြဲ႔က ၾကားျဖတ္လုယူ သြားျခင္းျဖစ္သည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္သာယာေရး၊ လွ်ပ္စစ္ႏွင့္ စက္မႈ၀န္ၾကီး ဦးစိုးထက္က `လစာကို ကိုယ္းစားလွယ္နဲ႔ လာထုတ္တာ။ ကိုယ္စားလွယ္က ျပန္တဲ့အခ်ိန္ လမ္းမွာ ေမာင္နွမရြာနားမွာ အင္အား ၄၀ ေလာက္ရွိတဲ့ အဖဲြ႔တစ္ဖြဲ႔က ေစာင့္ျပီးစစ္ေဆးတယ္။ အဲဒီမွာ ပိုက္ဆံေတြ႔တဲ့ အခါက်ေတာ့ သိန္း ၇၀ ယူသြားတယ္။ အဲလိုသိထားတယ္။ အဲဒီမွာ ရဲ၀န္ထမ္းေတြရဲ႕ လစာပါတယ္။ ေက်ာင္းဆရာ၊ ဆရာမ ေတြရဲ႕လစာပါတယ္` ဟု The Ladies News က ေျပာၾကားသည္။

၀န္းထမ္းမ်ားလစာကို ၾကားျဖတ္လုယူျခင္းမွာ လူ႔အခြင့္အေရး ခ်ိဳ႕ေဖါက္ျခင္းျဖစ္သည္ဟု ခ်င္းလူ႔အခြင့္အေရးအဖြဲ႔မွ ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းေတရက ေျပာဆိုသည္။ဆလိုင္းေတရ က `တကယ့္ကို လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈပဲေပါ့။ ျပီးေတာ့ အဲဒီလုပ္ရပ္က တကယ္ဆိုရင္ ေတာ္လွန္းေရးသမား။ ေတာ္လွန္ေရး အဖြဲ႔အစည္းတစ္ရပ္ရဲ႕ လုပ္ရပ္မဟုတ္ဘူး။ အခု လုပ္ရပ္ကေတာ့ သူခိုးဓါးျပရဲ႕ လုပ္ရပ္တစ္ခုပဲလို႔ ကၽြန္ေတာ္ မွတ္ခ်က္ေပးျခင္းတာေပါ့` ဟု ဆိုသည္။

စစ္ေရးအေျခအေန တင္းမာေနေသာေၾကာင့္ ပလက္၀ျမိဳ့နယ္အတြင္းရွိ ဆရာ၊ ဆရာမေပါင္း ၂၀၀ ေက်ာ္ကလည္း လံုျခံဳေရး အေျခအေနအရ မေနရဲသည့္အတြက္ ေျပာင္းေရႊ႕ခြင့္ တင္ထားေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႔ထံမွ သိရသည္။

ျပီးခဲ့သည့္ ဇန္န၀ါရီလ ၉ ရက္ေန႔တြင္ ျပည္နယ္အစိုးရက ပလက္၀ျမိဳ့နယ္၏ လံုျခံဳေရး အေျခအေန အရ ညမထြက္ရအမိန္႔ကို ႏွစ္လ ထပ္မံသက္တမ္းတိုးထားသည္။ ထို႔အျပင္ အင္တာနက္လိုင္ းမ်ားလည္း တေက်ာ့ျပန္ ျဖတ္ေတာက္ျခင္းကို ခံထားရသည္။

ေအာင္ရဲေနာင္
ref:The Ladies News

Unicode

ပလက်ဝမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ၏ လစာ စုစုပေါင်း သိန်း ၇၀ ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် AA အဖွဲ့က ကြားဖြတ် လုယူသွားကြောင်း သိရသည်။တရွန်အိုင်ရွာတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ၏ လစာကို ကိုယ်စားလှယ်က ထုတ်ယူပြီးအပြန် မောင်နှမရွာအနီးတွင် AA အဖွဲ့က ကြားဖြတ်လုယူ သွားခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က `လစာကို ကိုယ်းစားလှယ်နဲ့ လာထုတ်တာ။ ကိုယ်စားလှယ်က ပြန်တဲ့အချိန် လမ်းမှာ မောင်နှမရွာနားမှာ အင်အား ၄၀ လောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့က စောင့်ပြီးစစ်ဆေးတယ်။ အဲဒီမှာ ပိုက်ဆံတွေ့တဲ့ အခါကျတော့ သိန်း ၇၀ ယူသွားတယ်။ အဲလိုသိထားတယ်။ အဲဒီမှာ ရဲဝန်ထမ်းတွေရဲ့ လစာပါတယ်။ ကျောင်းဆရာ၊ ဆရာမ တွေရဲ့လစာပါတယ်` ဟု The Ladies News က ပြောကြားသည်။

ဝန်းထမ်းများလစာကို ကြားဖြတ်လုယူခြင်းမှာ လူ့အခွင့်အရေး ချို့ဖေါက်ခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတေရက ပြောဆိုသည်။ဆလိုင်းတေရ က `တကယ့်ကို လူ့အခွင့်အရေး ချိုးဖေါက်မှုပဲပေါ့။ ပြီးတော့ အဲဒီလုပ်ရပ်က တကယ်ဆိုရင် တော်လှန်းရေးသမား။ တော်လှန်ရေး အဖွဲ့အစည်းတစ်ရပ်ရဲ့ လုပ်ရပ်မဟုတ်ဘူး။ အခု လုပ်ရပ်ကတော့ သူခိုးဓါးပြရဲ့ လုပ်ရပ်တစ်ခုပဲလို့ ကျွန်တော် မှတ်ချက်ပေးခြင်းတာပေါ့` ဟု ဆိုသည်။

စစ်ရေးအခြေအနေ တင်းမာနေသောကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမပေါင်း ၂၀၀ ကျော်ကလည်း လုံခြုံရေး အခြေအနေအရ မနေရဲသည့်အတွက် ပြောင်းရွှေ့ခွင့် တင်ထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြည်နယ်အစိုးရက ပလက်ဝမြို့နယ်၏ လုံခြုံရေး အခြေအနေ အရ ညမထွက်ရအမိန့်ကို နှစ်လ ထပ်မံသက်တမ်းတိုးထားသည်။ ထို့အပြင် အင်တာနက်လိုင် းများလည်း တကျော့ပြန် ဖြတ်တောက်ခြင်းကို ခံထားရသည်။

အောင်ရဲနောင်
ref:The Ladies News