အျပစ္မဲ့လူေပါင္းမ်ားစြာကို ရမ္းကား ပစ္တ္ခတ္သတ္ျဖတ္ခဲ့သည့္ တပ္ၾကပ္ႀကီးအား Terminal 21 စင္ထရယ္ LG အထပ္တြင္အေသပစ္ခတ္ဖမ္းဆီးခဲ့ (ျဖစ္စဥ္အျပည့္စံု)

Posted on

ထိုင္းနိုင္ငံ နခြန္ရတ္ခ်္စီမာျပည္နယ္ ခိုရတ္ၿမိဳ႕ နယ္ အမွတ္ ( ၂ ) တိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံ အမွတ္ (၂၂ ) ပိတ္ဆို႔ေရးတပ္မွ အသက္ ၃၂ အရြယ္ လက္ေျဖာင့္တပ္ၾကပ္ႀကီး က်တ္ကဖတ္သည္ ေဖဖဝါရီလ ၈ ရက္ေန႔ညေန ၁၅:၀၀ ခ်ိန္ခန႔္တြင္ သူ၏တပ္ရင္းမႉးျဖစ္သူ ဗိုလ္မႉးႀကီး အနန္းလို႔ ( ၄၈ ) ႏွစ္ႏွင့္ေယာကၡမျဖစ္သူ အသက္ (၆၅) ႏွစ္အရြယ္ နန္းအႏုန္းတို႔အား ၎ရပိုင္ခြင့္ ေငြ ဘတ္ ၅ ေသာင္းေတာင္းယူရာမွမေက်နပ္၍ ေနအိမ္တြင္ ၉မမ ပစၥတိုျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ၿပီး Humvee -H1 စစ္သုံးဂ်စ္ကားတစ္စီးကိုယူေဆာင္ကာ လက္နက္တိုက္မွ စစ္သည္ႏွစ္ေယာက္ကိုသူ၏ေသနတ္ျဖင့္ထပ္မံပစ္ခတ္ခဲ့သျဖင့္ ၁ ဦးေသဆုံး ၊ တစ္ဦးဒဏ္ရာရရွိခဲ့ၿပီး လက္နက္တိုက္မွ လက္နက္အတိုအရွည္မ်ား ၊ ခဲယမ္းမီးေက်ာက္က်ည္ဆံ ၇၃၆ ေတာင့္ ၊ လက္ပစ္ဗုံးမ်ားယူ​ယူေဆာင္သြားခဲ့ၿပီး တပ္ရင္းဌာနခ်ဳပ္မွေမာင္းထြက္လာသည့္လမ္းတစ္ေလၽွက္အျပစ္မဲ့ျပည္သူမ်ား ၊ ရဲတပ္ဖြဲ႕ဝင္မ်ားကိုပစ္ခတ္သတ္ျဖတ္ခဲ့သည္ ။

ထို႔ေနာက္ ၁၇:၀၀ ခ်ိန္ခန႔္တြင္ Terminal-21 စင္ထရယ္ကုန္တိုက္ေရွ႕ေရာက္ရွိၿပီး Humvee ကားကိုရပ္ကာေနာက္မွလိုက္လာသည့္တပ္ဖြဲ႕ဝင္မ်ားကိုထပ္မံပစ္ခတ္ခဲ့ၿပီး ၁၇:၃၀ ခ်ိန္တြင္ ကုန္တိုက္အတြင္းဝင္ေရာက္ကာ အျပစ္မဲ့ျပည္သူေတြပစ္ခတ္သတ္ျဖတ္ခဲ့သျဖင့္ေသဆုံးသူဦးေရ ၁၄ ေယာက္အထိရွိၿပီးဒဏ္ရာရရွိသူေတြလည္း ၂၀ ေက်ာ္အထိရွိလာခဲ့သည္ဟုသိရ ။

အဲ့ဒီေနာက္ တစ္ကိုယ္ေတာ္လူသမားသည္ဓါးစာခံျပည္သူ ၁၆ ေယာက္ခန႔္ကိုဝိုင္းရံထားကာ ၄ ထပ္ေျမာက္တြင္အတူရွိေနၿပီး အျပင္မွ ရဲကြန္မန္ဒိုအဖြဲ႕ႏွင့္အၾကမ္းဖက္ႏွိမ္ႏွင္းေရးပူးေပါင္းေရးအဖြဲ႕ ၇၀ ခန႔္ဟာ ကုန္တိုက္ပတ္ပတ္လည္ ၂ ကီလိုအကြာအေဝးကို တားဆီးဝိုင္းရံထားလိုက္ၾကၿပီး ပိတ္မိေနတဲ့အမ်ားျပည္သူကေလးငယ္ ၅၀၀ နီးပါး ၁၀ ေယာက္တစ္သုတ္စီေခၚယူခဲ့ၿပီး လုံျခဳံစိတ္ခ်ရေသာေနရာမ်ားသို႔ တစ္ညလုံးဆြဲထုတ္ေနခဲ့ၾကရသည္ ။

၁၈:၀၀ ခ်ိန္တြင္ လူသတ္သမားသည္ ကုန္တိုက္၏အေနာက္ဘက္ Gas အိုးမ်ားထားရွိသည့္ေနရာတြင္ပစ္ေဖာက္ခြဲၿပီးမီေတာက္မီးလၽွံမ်ားႏွင့္ သူ႔ကိုယ္သူဆဲလ္ဖီဓါတ္ပုံရိုက္ကာသူ၏ လူမႈကြန္ယက္စာမ်ာက္ႏွာတြင္ ပို႔စ္မ်ားကိုအခ်ိန္တိုင္း တင္ခဲ့သည္ ၊ သူ၏ပို႔စ္မ်ားတြင္

” ၃ ေလာင္းေတာ့ဂလဲ့စားေခ်ၿပီးၿပီ က်န္တဲ့သူေတြကိုယ့္ကိုကိုယ္ကာကြယ္ၾကပါ ”

” လိမ္လည္လွည့္စားၿပီးခ်မ္းသာလာတဲ့​ေငြကို ေသတဲ့အထိယူသြားလို႔ရမလား ”

” ေနာက္ဆုံးေတာ့ လူတိုင္းေသျခင္းတရားကို ေျပးမလြတ္ပါဘူး ”

” မင္တို႔ေတြငါ့ကိုစမ္းခ်င္ေနတာလား ဟုတ္လား ? ”

” ငါ့လက္ညိဳးေတြ လႈပ္မရေတာ့ဘူး ”

” အရႈံးေပးလိုက္ရင္ေကာင္းမလား ”

” ေသၿပီ ႂကြက္တက္ေနၿပီ ”

အဲ့ဒီအခ်ိန္မွာ ကုန္တိုက္ေရွ႕မွာ ၃ ေယာက္ကိုက်ည္ထိမွန္ေသဆုံးခဲ့ၿပီး ေသြးေအးေအးနဲ႔ပစ္ခ်င္ေနသလိုပစ္ေနျခင္းေၾကာင့္ သူ၏ေဖ့စ္ဘုတ္စာမ်က္မွာ ဝင္ေရာက္ဆဲဆိုသူေတြမ်ားလာၿပီး သူ၏လုပ္ေဆာင္မႈတစ္ခုၿပီးဆုံးတိုင္းၿပီးတိုင္း မိနစ္ပိုင္းမွာ ပို႔စ္ေတြတက္ေနသျဖင့္ သူ၏ေဖျစ္ဘုတ္အား အစိုးရမွ ၁၉:၀၀ ခ်ိန္တြင္ျဖဳတ္ခ်ပစ္လိုက္ၿပီး ၎၏ဖုန္းအသုံးျပဳမႈကိုပိတ္ပင္ျဖတ္ေတာက္ပသ္လိုက္ပါသည္ ။

တစ္ပို႔တြဲလျပည့္ေနျဖစ္၍ စင္ထရယ္တြင္ သာမာန္ရက္ထက္ လာေရာက္ေစ်းဝယ္သူမ်ားျပားျခင္းေၾကာင့္ ကုန္တိုက္ထဲတြင္လူဦး်ရကို အတိအက်မသိရသလို ေသဆုံးသူႏွင့္ဒဏ္ရာရရွိသူမ်ားရဲ့အေရအတြက္ ကိုလည္း အတိအက်မထုတ္ျပန္နိုင္ေပမယ့္ ေဆး႐ုံ ၇ ခုစလုံးကိုအသင့္ျပင္ဆင္ထားရန္က်မၼာေရးဝန္ႀကီးကအနီးကပ္အုပ္ခ်ဳပ္ညႊန္ၾကားခဲ့သည္ ။

ကုန္တိုက္ေရွ႕ ကိုက္ ၅၀၀ အကြာ မိတဖတ္လမ္းႀကီးရဲ့ တစ္ေနရာတြင္ ကမၻာ့သတင္းေထာက္မ်ားကို သီးသန႔္ေနရာေပးကာ လမ္းေၾကာင္းအားအေသးစိတ္ရွင္းလင္း၍ အေရးေပၚလူနာတင္ယာဥ္ ၁၀ စီးေက်ာ္ကို Standby Line Up ထိုးကာ ဒဏ္ရာရရွိသူေတြကိုကယ္ထုတ္ဘို႔ျပင္ဆင္ထားၿပီး အခင္းျဖစ္တဲ့ေနရာကို ထိုင္းရဲခ်ဳပ္ ၊ ကာခ်ဳပ္ႏွင့္စစ္တိုင္းမႉးမ်ားပါေရာက္ရွိလာကာအနီးကပ္ကြပ္ကဲမႈေတြျပဳလုပ္ခဲ့ၾကပါတယ္..

၂၁:၁၀ ခ်ိန္တြင္တာဝန္ရွိရဲတပ္ဖြဲ႕ဝင္တစ္ဦးဒဏ္ရာရရသည္ ။

၂၀:၁၇ ခ်ိန္တြင္ဒဏ္ရာရရွိထားသူျပည္သူတစ္ဦးကိုကယ္ထုတ္နိုင္ခဲ့သည္ ။

၂၀:၂၅ ခ်ိန္မွာ ဒဏ္ရာရရွိသူရဲတပ္ဖြဲ႕ဝင္တစ္ဦးကိုကယ္ထုတ္နိုင္ခဲ့ျပန္သည္ ။

ည ၂၁:၃၀ ခ်ိန္ခန႔္မွာေတာ့ ကုန္တိုက္ရဲ့အေနာက္ဘက္ မွာပုန္းေအာင္းေနတဲ့ျပည္သူတစ္ခ်ိဳ႕ကို တျဖည္းျဖည္း ၁၀ ေယာက္တစ္သုပ္စီခြဲထုတ္ကာကြန္မန္ဒိုအဖြဲ႕ေတြကကယ္ထုတ္နိုင္ခဲ့ပါတယ္ ။

ည ၂၂:၀၀ ခ်ိန္မွာ LG အထပ္ကိုကြန္မန္းိုအထူးတပ္ဖြဲ႕ဝင္ေတြရွင္းလင္းနိုင္ခဲ့ၿပီးသတင္အေျချပဳထားကာ ပိတ္မိေနတဲ့ျပည္သူေတြကိုဦးစားေပးအေနျဖင့္ ကယ္တင္မႈေတြျပဳလုပ္ၾကပါတယ္..

ည ၂၂:၀၆ ခ်ိန္မွာေတာ့ ကာကြယ္ေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မႈးႀကီး ခုန္ခ်စ္မွ ေသဆုံးသူ ၂၀ ဦးႏွင့္ ဒဏ္ရာရရွိသူ ၃၁ ဦးရွိၿပီးျဖစ္ေၾကာင္းအတည္ျပဳေျပာၾကားခဲ့ပါတယ္ ၊ ေသဆုံးသူမ်ားထဲတြင္ မဟာရတ္ဗဟိုေဆး႐ုံ၌ ေသဆုံးခဲ့သူ ၄ ဦးရွိေၾကာင္းႏွင့္စိုးရိမ္ရသူ ၄ ဦးရွိေၾကာင္းသိရသည္ ။

၂၃:၅၃ ခ်ိန္တြင္ ရဲမႉးခ်ဳပ္ က်ိလဖုတ္ ဦးစီးတဲ့အထူးကြန္မန္းစနိုက္ပါရဲတပ္ဖြဲ႕ ” ဟန္ႏုမာန္” အဖြဲ႕ထပ္မံေရာက္ရွိလာခဲ့သည္ ၊ အဲ့ဒီေနာက္ Floor 1/2/3/4/5 ထပ္အထိ Clear လုပ္နိုင္ခဲ့ၿပီး အိမ္သာထဲႏွင့္ေနရာအႏွံတြင္ပုန္းေအာင္းေနေသာျပည္သူအခ်ိဳ႕ကိုကယ္တင္နိုင္ခဲ့သည္ ။

ည ၀၁:၀၀ ခ်ိန္ခန႔္တြင္ ကုန္တိုက္ ၇ ထပ္ရဲ့အထက္ေလဟာျပင္ကိုတက္၍ လမ္းမေပၚမွတာဝန္ရွိသူေတြႏွင့္အျပန္အလွန္စကားေျပာဆိုရင္း ေသနတ္သံ ၄/၅ ခ်က္ထြက္ေပၚၿပီးအသံေတြတိတ္သြားခဲ့ၿပီးေနာက္ တစ္ညလုံးအေျခအေနေတြကိုေစာင့္ၾကည့္ခဲ့ၾကရင္း ကုန္တိုက္အတြင္းဒဏ္ရာရရွိသူေတြလည္းရွိေနေၾကာင္းသိရသျဖင့္ရနိုင္သေလယက္သယ္ထုတ္ခဲ့ၾကသည္ ။

မနက္ ၀၄:၀၀ ခ်ိန္တြင္တစ္ႀကိမ္ ၊ ဝ၅:၂၀ တစ္ႀကိမ္ေသနတ္သံမ်ားၾကားရၿပီးေနာက္ ဒဏ္ရာရရွိသူ ျပည္သူ ၃ ဦးအားသယ္ထုတ္နိုင္ခဲ့ၿပီး အေရးေပၚကားမ်ား ၁၀ စီးေက်ာ္ ကုန္တိုက္ရဲ့အေရွ႕ေပါက္မွေန၍ Gate-1 သို႔သြားေရာက္ရန္ညႊန္ၾကားခဲ့ ။

၀၈:၃၀ ( နာရီေပါင္း ၁၇:၄၇ မာရီအၾကာ ) ခ်ိန္တြင္ LG အထပ္ ေနာက္ေပါက္မွလူဆိုးသည္အျပင္သို႔ထြက္ေျပးရန္ႀကိဳးစားစဥ္ ႀကိဳတင္ေစာင့္ဆိုင္းေနေသာကြန္မန္ဒိုအဖြဲ႕မ်ားႏွင္ထိပ္တိုက္ထိေတြ႕ပစ္ခတ္ၾကရာ တစ္ကိုယ္ေတာ္လူသတ္သမားတပ္ၾကပ္ႀကီး က်တ္ကဖတ္အား အေသပသ္ခတ္ဖမ္းဆီးရမိခဲ့ေၾကာင္း မနက္ ၀၉:၀၀ ခ်ိန္တြင္ ဒုတိယဝန္ႀကီးခ်ဳပ္အႏုထင္းမွ ေသဆုံးသူဦးေရ ၂၁ ဦး ( လူဆိုးပါအပါ ) ႏွင့္ဒဏ္ရာရရွိသူ ၄၂ ေယာက္မွာ ၂၁ ေယာက္အိမ္ျပန္နိုင္ခဲ့ေၾကာင္း တရားဝင္းသတင္းထုတ္ျပန္ခဲ့သည္ ။ ယခု ေနာက္ဆံုးရသတင္းမ်ားအရ ေသဆံုးသူဦးေရဟာ ၂၇ ေယာက္ ဟု သိရွိရသည္။

ေသဆုံးသူမ်ားထဲတြင္ အသက္အငယ္ဆုံးအရြယ္ ၉ ႏွစ္သားအရြယ္ ကေလးငယ္တ ၁ ဦး ၊ တပ္မေတာ္မွ ဗိုလ္မႉးႀကီး ၁ ဦး ၊ ဗိုလ္ႀကီး ၁ ဦးႏွင့္ ရဲအရာခဲဗိုလ္ ၁ ဦး ၊ ရဲမႉး ၁ ဦးတို႔ေသဆုံးခဲ့ေၾကာင္းကနဦးသတင္းမ်ားအရ သိရွိရသည္။

Writer:sithu maung

Unicode

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမာပြည်နယ် ခိုရတ်မြို့ နယ် အမှတ် ( ၂ ) တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၂၂ ) ပိတ်ဆို့ရေးတပ်မှ အသက် ၃၂ အရွယ် လက်ဖြောင့်တပ်ကြပ်ကြီး ကျတ်ကဖတ်သည် ဖေဖဝါရီလ ၈ ရက်နေ့ညနေ ၁၅:၀၀ ချိန်ခန့်တွင် သူ၏တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးကြီး အနန်းလို့ ( ၄၈ ) နှစ်နှင့်ယောက္ခမဖြစ်သူ အသက် (၆၅) နှစ်အရွယ် နန်းအနုန်းတို့အား ၎င်းရပိုင်ခွင့် ငွေ ဘတ် ၅ သောင်းတောင်းယူရာမှမကျေနပ်၍ နေအိမ်တွင် ၉မမ ပစ္စတိုဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး Humvee -H1 စစ်သုံးဂျစ်ကားတစ်စီးကိုယူဆောင်ကာ လက်နက်တိုက်မှ စစ်သည်နှစ်ယောက်ကိုသူ၏သေနတ်ဖြင့်ထပ်မံပစ်ခတ်ခဲ့သဖြင့် ၁ ဦးသေဆုံး ၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်တိုက်မှ လက်နက်အတိုအရှည်များ ၊ ခဲယမ်းမီးကျောက်ကျည်ဆံ ၇၃၆ တောင့် ၊ လက်ပစ်ဗုံးများယူ​ယူဆောင်သွားခဲ့ပြီး တပ်ရင်းဌာနချုပ်မှမောင်းထွက်လာသည့်လမ်းတစ်လျှေက်အပြစ်မဲ့ပြည်သူများ ၊ ရဲတပ်ဖွဲ့ဝင်များကိုပစ်ခတ်သတ်ဖြတ်ခဲ့သည် ။

ထို့နောက် ၁၇:၀၀ ချိန်ခန့်တွင် Terminal-21 စင်ထရယ်ကုန်တိုက်ရှေ့ရောက်ရှိပြီး Humvee ကားကိုရပ်ကာနောက်မှလိုက်လာသည့်တပ်ဖွဲ့ဝင်များကိုထပ်မံပစ်ခတ်ခဲ့ပြီး ၁၇:၃၀ ချိန်တွင် ကုန်တိုက်အတွင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့်သေဆုံးသူဦးရေ ၁၄ ယောက်အထိရှိပြီးဒဏ်ရာရရှိသူတွေလည်း ၂၀ ကျော်အထိရှိလာခဲ့သည်ဟုသိရ ။

အဲ့ဒီနောက် တစ်ကိုယ်တော်လူသမားသည်ဓါးစာခံပြည်သူ ၁၆ ယောက်ခန့်ကိုဝိုင်းရံထားကာ ၄ ထပ်မြောက်တွင်အတူရှိနေပြီး အပြင်မှ ရဲကွန်မန်ဒိုအဖွဲ့နှင့်အကြမ်းဖက်နှိမ်နှင်းရေးပူးပေါင်းရေးအဖွဲ့ ၇၀ ခန့်ဟာ ကုန်တိုက်ပတ်ပတ်လည် ၂ ကီလိုအကွာအဝေးကို တားဆီးဝိုင်းရံထားလိုက်ကြပြီး ပိတ်မိနေတဲ့အများပြည်သူကလေးငယ် ၅၀၀ နီးပါး ၁၀ ယောက်တစ်သုတ်စီခေါ်ယူခဲ့ပြီး လုံခြုံစိတ်ချရသောနေရာများသို့ တစ်ညလုံးဆွဲထုတ်နေခဲ့ကြရသည် ။

၁၈:၀၀ ချိန်တွင် လူသတ်သမားသည် ကုန်တိုက်၏အနောက်ဘက် Gas အိုးများထားရှိသည့်နေရာတွင်ပစ်ဖောက်ခွဲပြီးမီတောက်မီးလျှံများနှင့် သူ့ကိုယ်သူဆဲလ်ဖီဓါတ်ပုံရိုက်ကာသူ၏ လူမှုကွန်ယက်စာမျာက်နှာတွင် ပို့စ်များကိုအချိန်တိုင်း တင်ခဲ့သည် ၊ သူ၏ပို့စ်များတွင်

” ၃ လောင်းတော့ဂလဲ့စားချေပြီးပြီ ကျန်တဲ့သူတွေကိုယ့်ကိုကိုယ်ကာကွယ်ကြပါ ”

” လိမ်လည်လှည့်စားပြီးချမ်းသာလာတဲ့​ငွေကို သေတဲ့အထိယူသွားလို့ရမလား ”

” နောက်ဆုံးတော့ လူတိုင်းသေခြင်းတရားကို ပြေးမလွတ်ပါဘူး ”

” မင်တို့တွေငါ့ကိုစမ်းချင်နေတာလား ဟုတ်လား ? ”

” ငါ့လက်ညိုးတွေ လှုပ်မရတော့ဘူး ”

” အရှုံးပေးလိုက်ရင်ကောင်းမလား ”

” သေပြီ ကြွက်တက်နေပြီ ”

အဲ့ဒီအချိန်မှာ ကုန်တိုက်ရှေ့မှာ ၃ ယောက်ကိုကျည်ထိမှန်သေဆုံးခဲ့ပြီး သွေးအေးအေးနဲ့ပစ်ချင်နေသလိုပစ်နေခြင်းကြောင့် သူ၏ဖေ့စ်ဘုတ်စာမျက်မှာ ဝင်ရောက်ဆဲဆိုသူတွေများလာပြီး သူ၏လုပ်ဆောင်မှုတစ်ခုပြီးဆုံးတိုင်းပြီးတိုင်း မိနစ်ပိုင်းမှာ ပို့စ်တွေတက်နေသဖြင့် သူ၏ဖေစြ်ဘုတ်အား အစိုးရမှ ၁၉:၀၀ ချိန်တွင်ဖြုတ်ချပစ်လိုက်ပြီး ၎င်း၏ဖုန်းအသုံးပြုမှုကိုပိတ်ပင်ဖြတ်တောက်ပသ်လိုက်ပါသည် ။

တစ်ပို့တွဲလပြည့်နေဖြစ်၍ စင်ထရယ်တွင် သာမာန်ရက်ထက် လာရောက်စျေးဝယ်သူများပြားခြင်းကြောင့် ကုန်တိုက်ထဲတွင်လူဦးျရကို အတိအကျမသိရသလို သေဆုံးသူနှင့်ဒဏ်ရာရရှိသူများရဲ့အရေအတွက် ကိုလည်း အတိအကျမထုတ်ပြန်နိုင်ပေမယ့် ဆေးရုံ ၇ ခုစလုံးကိုအသင့်ပြင်ဆင်ထားရန်ကျမ္မာရေးဝန်ကြီးကအနီးကပ်အုပ်ချုပ်ညွှန်ကြားခဲ့သည် ။

ကုန်တိုက်ရှေ့ ကိုက် ၅၀၀ အကွာ မိတဖတ်လမ်းကြီးရဲ့ တစ်နေရာတွင် ကမ္ဘာ့သတင်းထောက်များကို သီးသန့်နေရာပေးကာ လမ်းကြောင်းအားအသေးစိတ်ရှင်းလင်း၍ အရေးပေါ်လူနာတင်ယာဉ် ၁၀ စီးကျော်ကို Standby Line Up ထိုးကာ ဒဏ်ရာရရှိသူတွေကိုကယ်ထုတ်ဘို့ပြင်ဆင်ထားပြီး အခင်းဖြစ်တဲ့နေရာကို ထိုင်းရဲချုပ် ၊ ကာချုပ်နှင့်စစ်တိုင်းမှူးများပါရောက်ရှိလာကာအနီးကပ်ကွပ်ကဲမှုတွေပြုလုပ်ခဲ့ကြပါတယ်..

၂၁:၁၀ ချိန်တွင်တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရသည် ။

၂၀:၁၇ ချိန်တွင်ဒဏ်ရာရရှိထားသူပြည်သူတစ်ဦးကိုကယ်ထုတ်နိုင်ခဲ့သည် ။

၂၀:၂၅ ချိန်မှာ ဒဏ်ရာရရှိသူရဲတပ်ဖွဲ့ဝင်တစ်ဦးကိုကယ်ထုတ်နိုင်ခဲ့ပြန်သည် ။

ည ၂၁:၃၀ ချိန်ခန့်မှာတော့ ကုန်တိုက်ရဲ့အနောက်ဘက် မှာပုန်းအောင်းနေတဲ့ပြည်သူတစ်ချို့ကို တဖြည်းဖြည်း ၁၀ ယောက်တစ်သုပ်စီခွဲထုတ်ကာကွန်မန်ဒိုအဖွဲ့တွေကကယ်ထုတ်နိုင်ခဲ့ပါတယ် ။

ည ၂၂:၀၀ ချိန်မှာ LG အထပ်ကိုကွန်မန်းိုအထူးတပ်ဖွဲ့ဝင်တွေရှင်းလင်းနိုင်ခဲ့ပြီးသတင်အခြေပြုထားကာ ပိတ်မိနေတဲ့ပြည်သူတွေကိုဦးစားပေးအနေဖြင့် ကယ်တင်မှုတွေပြုလုပ်ကြပါတယ်..

ည ၂၂:၀၆ ချိန်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး ခုန်ချစ်မှ သေဆုံးသူ ၂၀ ဦးနှင့် ဒဏ်ရာရရှိသူ ၃၁ ဦးရှိပြီးဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ် ၊ သေဆုံးသူများထဲတွင် မဟာရတ်ဗဟိုဆေးရုံ၌ သေဆုံးခဲ့သူ ၄ ဦးရှိကြောင်းနှင့်စိုးရိမ်ရသူ ၄ ဦးရှိကြောင်းသိရသည် ။

၂၃:၅၃ ချိန်တွင် ရဲမှူးချုပ် ကျိလဖုတ် ဦးစီးတဲ့အထူးကွန်မန်းစနိုက်ပါရဲတပ်ဖွဲ့ ” ဟန်နုမာန်” အဖွဲ့ထပ်မံရောက်ရှိလာခဲ့သည် ၊ အဲ့ဒီနောက် Floor 1/2/3/4/5 ထပ်အထိ Clear လုပ်နိုင်ခဲ့ပြီး အိမ်သာထဲနှင့်နေရာအနှံတွင်ပုန်းအောင်းနေသောပြည်သူအချို့ကိုကယ်တင်နိုင်ခဲ့သည် ။

ည ၀၁:၀၀ ချိန်ခန့်တွင် ကုန်တိုက် ၇ ထပ်ရဲ့အထက်လေဟာပြင်ကိုတက်၍ လမ်းမပေါ်မှတာဝန်ရှိသူတွေနှင့်အပြန်အလှန်စကားပြောဆိုရင်း သေနတ်သံ ၄/၅ ချက်ထွက်ပေါ်ပြီးအသံတွေတိတ်သွားခဲ့ပြီးနောက် တစ်ညလုံးအခြေအနေတွေကိုစောင့်ကြည့်ခဲ့ကြရင်း ကုန်တိုက်အတွင်းဒဏ်ရာရရှိသူတွေလည်းရှိနေကြောင်းသိရသဖြင့်ရနိုင်သလေယက်သယ်ထုတ်ခဲ့ကြသည် ။

မနက် ၀၄:၀၀ ချိန်တွင်တစ်ကြိမ် ၊ ဝ၅:၂၀ တစ်ကြိမ်သေနတ်သံများကြားရပြီးနောက် ဒဏ်ရာရရှိသူ ပြည်သူ ၃ ဦးအားသယ်ထုတ်နိုင်ခဲ့ပြီး အရေးပေါ်ကားများ ၁၀ စီးကျော် ကုန်တိုက်ရဲ့အရှေ့ပေါက်မှနေ၍ Gate-1 သို့သွားရောက်ရန်ညွှန်ကြားခဲ့ ။

၀၈:၃၀ ( နာရီပေါင်း ၁၇:၄၇ မာရီအကြာ ) ချိန်တွင် LG အထပ် နောက်ပေါက်မှလူဆိုးသည်အပြင်သို့ထွက်ပြေးရန်ကြိုးစားစဉ် ကြိုတင်စောင့်ဆိုင်းနေသောကွန်မန်ဒိုအဖွဲ့များနှင်ထိပ်တိုက်ထိတွေ့ပစ်ခတ်ကြရာ တစ်ကိုယ်တော်လူသတ်သမားတပ်ကြပ်ကြီး ကျတ်ကဖတ်အား အသေပသ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း မနက် ၀၉:၀၀ ချိန်တွင် ဒုတိယဝန်ကြီးချုပ်အနုထင်းမှ သေဆုံးသူဦးရေ ၂၁ ဦး ( လူဆိုးပါအပါ ) နှင့်ဒဏ်ရာရရှိသူ ၄၂ ယောက်မှာ ၂၁ ယောက်အိမ်ပြန်နိုင်ခဲ့ကြောင်း တရားဝင်းသတင်းထုတ်ပြန်ခဲ့သည် ။ ယခု နောက်ဆုံးရသတင်းများအရ သေဆုံးသူဦးရေဟာ ၂၇ ယောက် ဟု သိရှိရသည်။

သေဆုံးသူများထဲတွင် အသက်အငယ်ဆုံးအရွယ် ၉ နှစ်သားအရွယ် ကလေးငယ်တ ၁ ဦး ၊ တပ်မတော်မှ ဗိုလ်မှူးကြီး ၁ ဦး ၊ ဗိုလ်ကြီး ၁ ဦးနှင့် ရဲအရာခဲဗိုလ် ၁ ဦး ၊ ရဲမှူး ၁ ဦးတို့သေဆုံးခဲ့ကြောင်းကနဦးသတင်းများအရ သိရှိရသည်။

Writer:sithu maung