မေကြးျပည္သူ႔ေဆး႐ုံႀကီးမွ ေစာင့္ၾကည့္လူနာ အမ်ိဳးသမီး (၁) ဦးေသဆုံး၊ “ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္မဟုတ္”ဟု က်န္းမာေရးဌာန ထုတ္ျပန္

Posted on

မေကြးတိုင္းေဒသႀကီး၊ မေကြးျပည္သူ႔ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္ကုသေပးေနတဲ့ အမ်ိဳးသမီး ၁ ဦးေသဆုံးသြားၿပီး ကိုရိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ မဟုတ္ဘူးလို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ထိုင္းနိုင္ငံကေန လြန္ခဲ့တဲ့ ၂ လေလာက္ကမွ ျပန္ေရာက္လာတဲ့ ေတာင္တြင္းႀကီးၿမိဳ႕နယ္မွာေနထိုင္တဲ့ အသက္ ၂၇ ႏွစ္ အရြယ္ အမ်ိဳးသမီး တစ္ဦးဟာ ဖ်ားနာ၊ အသက္ရႉၾကပ္၊ ေမာတဲ့ ေရာဂါ လကၡဏာေတြ ခံစားခဲ့ရၿပီး ေတာင္တြင္းႀကီးေဆး႐ုံကေန မေကြးျပည္သူ႔ေဆး႐ုံႀကီးမွာ ေဖေဖာ္ဝါရီ ၉ ရက္က တက္ေရာက္ ေဆးကုသမႈခံယူေနတာပါ။

လူနာဟာ နာတာရွည္ အေရျပားေလးဖက္နာ ေရာဂါျဖစ္ပြားေနတာ ၃ ႏွစ္ေလာက္ရွိၿပီး ေဆး႐ုံသို႔ေရာက္ရွိခ်ိန္မွာ ေသြးေပါင္ခ်ိန္က်ဆင္းကာ လတ္တေလာ ျပင္းထန္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာေတြ႕ရွိခဲ့ရလို႔ ကုသေပးေနစဥ္ ေဖေဖာ္ဝါရီ ၉ ရက္ မနက္ ၁၁ နာရီ ၁၅ မိနစ္မွာ ေသဆုံးသြားတာလို႔ က်န္းမာေရးဌာန သတင္းအရသိရပါတယ္။

အဆိုပါလူနာဟာ ကမၻာ့က်န္းမာေရးအဖြဲ႕ကထုတ္ျပန္ထားတဲ့ 2019 Novel Coronavirus (2019-nCoV) သံသယလူနာရဲ့ အဓိပၸါယ္သတ္မွတ္ခ်က္နဲ႔ ကိုက္ညီမႈမရွိပါေၾကာင္းနဲ႔ လူနာေသဆုံးရျခင္းအေၾကာင္းအရင္းဟာ နာတာရွည္ အေရျပားေလးဖက္နာေရာဂါ အေျခအေန ဆိုးဝါးလာၿပီး ေနာက္ဆက္တြဲဆိုးက်ိဳးျဖစ္တဲ့ လတ္တေလာ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာေတြနဲ႔ ေသြးဆိပ္တက္ျခင္းတို႔ခံစားရကာ ေသဆုံးရတာလို႔ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ref:DVB

Unicode

မကွေးတိုင်းဒေသကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်ကုသပေးနေတဲ့ အမျိုးသမီး ၁ ဦးသေဆုံးသွားပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံကနေ လွန်ခဲ့တဲ့ ၂ လလောက်ကမှ ပြန်ရောက်လာတဲ့ တောင်တွင်းကြီးမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၇ နှစ် အရွယ် အမျိုးသမီး တစ်ဦးဟာ ဖျားနာ၊ အသက်ရှူကြပ်၊ မောတဲ့ ရောဂါ လက္ခဏာတွေ ခံစားခဲ့ရပြီး တောင်တွင်းကြီးဆေးရုံကနေ မကွေးပြည်သူ့ဆေးရုံကြီးမှာ ဖေဖော်ဝါရီ ၉ ရက်က တက်ရောက် ဆေးကုသမှုခံယူနေတာပါ။

လူနာဟာ နာတာရှည် အရေပြားလေးဖက်နာ ရောဂါဖြစ်ပွားနေတာ ၃ နှစ်လောက်ရှိပြီး ဆေးရုံသို့ရောက်ရှိချိန်မှာ သွေးပေါင်ချိန်ကျဆင်းကာ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ့ရှိခဲ့ရလို့ ကုသပေးနေစဉ် ဖေဖော်ဝါရီ ၉ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်မှာ သေဆုံးသွားတာလို့ ကျန်းမာရေးဌာန သတင်းအရသိရပါတယ်။

အဆိုပါလူနာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားတဲ့ 2019 Novel Coronavirus (2019-nCoV) သံသယလူနာရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိပါကြောင်းနဲ့ လူနာသေဆုံးရခြင်းအကြောင်းအရင်းဟာ နာတာရှည် အရေပြားလေးဖက်နာရောဂါ အခြေအနေ ဆိုးဝါးလာပြီး နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေနဲ့ သွေးဆိပ်တက်ခြင်းတို့ခံစားရကာ သေဆုံးရတာလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ref:DVB