ဘာရည်ရွယ်ချက်နဲ့ မြောက်ကိုရီးယား နယ်စပ်ကို တရုတ်စစ်သည် (၃)သိန်းပို့ဆောင် နေရာချထားရသလဲ

တရုတ်စစ်သည် ၃ သိန်း မကြာသေးမီက မြောက်ကိုရီးယားနယ်စပ်သို့ ရုတ်တရက်ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်စေရန် စီစဉ်ခဲ့သည်။ တိုက်ခိုက်ရေးစစ်သည်တွေချည်းပဲ ၃သိန်းဖြစ်သည်။ နယ်မြေခံ တိုင်းတပ်တွေ၊ စစ်ကျောင်းတွေ၊ အခြားတိုက်ပွဲမ၀င်သည့် စစ်သည်များထည့်မတွက်သေးပေ။

တရုတ်အာဘော်သတင်းစာများမှာ ဘယ်လိုရေးသလဲဆိုရင် မြောက်ကိုရီးယားမှာ စစ်ဖြစ်ပါက စစ်ဘေးဒုက္ခသည်တွေ တရုတ်ပြည်ထဲ ၀င်လာမှာဆိုးလို့ နယ်စပ်မှာ စောင့်ကြည့်ရပါသည်ဟု ရေးပေသည်။ မြောက်ကိုရီးယားနှင့် တရုတ်နယ်စပ်က ဘယ်လောက်တောင်ရှည်လို့ တိုက်ပွဲဝင်စစ်သည်၃သိန်း ပို့ထားရသနည်း။

လော့ဂျစ်ကျကျစဉ်းစားမယ်ဆိုပါက မြောက်ကိုရီးယားမှာ စစ်ဖြစ်ရင် နျူကလီးယားစစ်မဟုတ်တောင်၊ ဓာတုအနုဇီဝစစ်ကတော့ အသေချာပဲ။ မြောက်ကိုရီးယားရော တောင်ကိုရီးယားတွေပါ သေဖို့ပဲရှိတယ်။ ကြားထဲက ဂျပန်က အဆစ်ပါချင်ပါနိုင်တာပေါ့။ ဒီတော့ တရုတ်ပြည်ထဲ မြောက်ကိုရီးယားပြည်သူတွေ ဘယ်လောက်များများ ၀င်လာနိုင်တော့မှာလဲ…

မမေ့ကြသေးဘူးဆိုရင် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားစစ်ဖြစ်တုန်းက မြောက်ကိုရီးယားဘက်က တရုတ်စစ်သည်တွေ လူလှိုင်းနဲ့ အသေခံတိုက်ကြတာ မှတ်မိမယ်ထင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ထိ တက်သိမ်းခဲ့တာ တရုတ်စစ်သည်တွေကြောင့်ပဲမလား… ဆိုဗီယက်ရုရှားက လေသူရဲတွေလည်း ကူတိုက်ပေးတာလည်း ပါမှာပေါ့။

တရုတ်ကြီးပေးချင်တဲ့မက်ဆေ့က ဘာလဲ…. အေး… ယန်းကီးတွေ… အမေရိကန်ပွကြီးတွေ… မင်းတို့နဲ့ စီးပွားရေးမဆက်ဆံလို့မရတော့ တိုင်းပြည်ရှေ့ရေးရှေးရှုပြီး မင်းတို့ချမှတ်တဲ့ မြောက်ကိုရီးယားပိတ်ဆို့ရေး၊ နိုင်ငံခြားငွေမရအောင် အရောင်းအ၀ယ်မလုပ်ဘဲ ပစ်ထားဆိုလို့ ပစ်ထားတယ်။ နောက်ဆုံး လောင်စာဆီတောင် မရောင်းဘဲထားတယ်ကွာ…

ဒါပေမယ့် တစ်ချိန်က တရုတ်အင်ပါယာလက်အောက်ခံ… ဘာသာစကားယဉ်ကျေးမှုနီးစပ်ပြီး ကွန်မြူနစ်နိုင်ငံချင်းလည်း ဖြစ်တဲ့ မြောက်ကိုရီးယားကိုတော့ လာမကျူးကျော်လေနဲ့။ တရုတ်ပြည်ရဲ့ ဘယ်နယ်စပ်မှာမှ စစ်ပွဲအဖြစ်မခံဘူးဆိုတာတော့ သိထားဖို့ ပြသလိုခြင်းဖြစ်သည်။

တရုတ်ရဲ့ တိုက်ပွဲဝင်စစ်သည် ၃သိန်းဆိုတာက စစ်ဆင်ရေးလေ့ကျင့်ခန်းတစ်ခုလုပ်တဲ့ ပမာဏသာသာပဲဖြစ်တယ်။ မြန်မာပြည်အတွက်တော့ တပ်မတော်ကြီးတစ်ခုလုံးစာပေါ့။ လူလှိုင်းစစ်ဆင်ရေးမှာ တရုတ်တွေနဲ့ယှဉ်နိုင်တဲ့ တပ်မတော်မရှိသေးပါ။ မြောက်ကိုရီးယားမှာ စစ်ဖြစ်ရင်တော့ ရုရှားက လေယာဉ်တွေ၊ တင့်ကားတွေ၊ ဒုံးတွေတော့ ပို့ပေးမယ်ထင်ရပေမယ့် ရုရှားစစ်သည်တွေ အမြောက်အမြားပို့ဖို့ကတော့ မသေချာပေ။

တရုတ်အကြံကို အမေရိကန်ကလည်း သိပေမယ့် သူ့ဘောင်ထဲကလုပ်သွားတော့… ထရမ့်ကြီးလည်း မြောက်ကိုရီးယားကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ရအောင် နားချရုံကလွဲရင် စစ်ခင်းမယ့်လမ်းကြောင်းကိုတော့ မိုက်ရူးရဲပြီး ရွေးချယ်မယ်လို့ မထင်မိပါကြောင်း တင်ပြလိုက်ရပါတယ်……………………………….

မာရီယို

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *