မွန်ပြည်သစ်ပါတီနှင့် “KNU” နှစ်ဖက်တပ်များ ပစ်ခတ်မှုဖြေရှင်းရန်ဘုရားသုံးဆူတွင် တွေ့ဆုံ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် (မတ်လ ၁၃) ရက်နေ့က မွန်ပြည်သစ်ပါတီနှင့် KNU နှစ်ဖက်တပ်များ ပစ်ခတ်မှုဖြေရှင်းရန်တွေ့ဆုံညှိနှိုင်းကြမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ သိရသည်။

“နှစ်ဖက်အဖွဲ့တွေ တွေ့ပြီးတော့ ညှိနှိုင်းကြမယ်”ဟု မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောသည်။

ရေးမြို့နယ် ခေါဇာမြို့၊ မာန်အောင်ကျေးရွာအနီးတွင် ဖေဖေါ်ဝါရီ ၂၄ ရက်က မွန်ပြည်သစ်ပါတီနှင့် KNU တို့ ထိတွေ့မှု ၁ ကြိမ်ဖြစ်ပွားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ် အလယ်ခန်းကျေးရွာအနီးတွင် မတ်လ ၄ ရက် နံနက်ပိုင်းက ၁ ကြိမ်၊ မတ်လ ၅ ရက် နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးတွင် ၁ ကြိမ် နှစ်ဘက်တပ်များ ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ရေးမြို့ရှိ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်က မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး စစ်ဆင်ရေးကွပ်ကဲရေးမှူးတို အပါအဝင် မွန်ပြည်သစ်ပါတီနှင့် KNU နှစ်ဖက်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA တွင် ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

နေမင်း
#News Watch

Share သွားပေးပါမိတ်ဆွေ

Add a Comment

Your email address will not be published. Required fields are marked *