TNLA မှ ရှမ်းလက်နက်ကိုင် RCSS စခန်းနှင့် တပ်သားများအား သိမ်းပိုက် သတ်ဖြတ်မှုအပေါ် ဂုဏ်ယူ ဖော်ပြ

ကျွန်တော်တို့ တိုင်းပြည်ကြီးမှာ တရားမဝင် လက်နက်ကိုင်တွေ မှိုလို ပေါက်နေသလို တိုက်ပွဲတွေလည်း ယနေ့တိုင် ဖြစ်ပွားနေဆဲပါ။ ဒါတွေဟာ ယနေ့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်နဲ့ ဖီလာကန့်လန့် ဖြစ်နေသလို စံနှုန်းပြည့် ဒီမိုကရေစီဖြစ်ဖို့ အဟန့်အတားလည်း ဖြစ်စေနေပါတယ် ။ တိုက်ပွဲတွေဆိုတဲ့ နေရာမှာ တပ်မတော်နဲ့ လက်နက်ကိုင်တွေချည်း နှစ်ဖက် ဖြစ်ပွားကြတာ မဟုတ်ဘဲ လက်နက်ကိုင် အချင်းချင်းလည်း ဖြစ်ပွားမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်(၁၀) ရက်နေ့က နမ္မတူ မြို့နယ်အတွင်းမှာ တအောင်းလက်နက်ကိုင် TNLA နဲ့ ရှမ်းတောင် လက်နက်ကိုင် RCSS/SSA တို့ တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် ဒေသခံ ၄၀၀ ကျော် မန့်စံ ဘုန်းကြီးကျောင်း၌ တိုက်ပွဲရှောင်ကာ သောင်တင်နေတာ ယနေ့တိုင်ထိပါပဲ။

TNLA ဟာ RCSS စခန်းကို အင်အား အလုံးအရင်းနဲ့ အလစ် ဝင်တိုက် သိမ်းပိုက်လိုက် တယ်လို့ သိရကာ RCSS ဘက်ကတော့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံ အဖြေရှာသင့်တယ်လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။

ဒါပေမယ့် TNLA ဘက်ကတော့ အဆိုပါ စခန်း သိမ်းပိုက်နိုင်မှုအတွက် အောင်ပွဲခံခဲ့ပြီး သိမ်းဆီးရမိသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ရဲ့ လက်နက်များနှင့် သတ်ဖြတ်နိုင်ခဲ့သည့် RCSS ရှမ်း တပ်ဖွဲ့ဝင် အလောင်းများကိုပါ လူမှု ကွန်ယက်စာမျက်နှာတွေမှာ ဂုဏ်ယူ ဖော်ပြထားကြတာကို တွေ့ရှိရကြောင်းပါဗျာ။

#credit

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *