အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ရက်ခ်စ် တေလာဆင်ကို သမ္မတဒေါ်နယ်လ်ထရမ့်ပ်ဘာကြောင့် ရာထူးက ထုတ်ပယ်ခဲ့တာလဲ ???

အမေရိကန် ခြေဥမှာ ပါဝင်တဲ့ Presidential Succession Act of 1947 ၁၉၄၇ သမ္မတ ရာထူးကို ဆက်ခံခွင့်ရှိသူများဥပဒေ တစ်နည်းအားဖြင့် သမ္မတဟာ တာဝန်ထမ်းဆောင်နေ စဉ် အကြောင်း တစ်ခုခုကြောင့် ဆက်ပြီး သမ္မတတာဝန် မထမ်းဆောင်နိုင်တော့ဘူးဆိုရင် ဘယ်သူတွေက သမ္မတရာထူးကို ဆက်ခံခွင့်ရှိလဲ United States presidential line of succession ဆိုတာကို အောက်ပါအတိုင်း down the line စီထားပါ တယ်။

1. ဒုတိယသမ္မတ Vice President

2. အောက်လွှတ်တော်ဥက္ကဋ္ဌ The Speaker of the House

3. အထက်လွှတ်တော် လူများစုအမတ်များခေါင်းဆောင် President pro tempore of the Senate

4. နိုင်ငံခြားရေးဝန်ကြီး Secretary of State

5. ဘဏ္ဍာရေးဝန်ကြီး Secretary of Treasury

6. ကာကွယ်ရေးဝန်ကြီး Secretary of Defense

7. ရှေ့နေချုပ် Attorney General

8. ပြည်ထဲရေးဝန်ကြီး Secretary of Interior ….စသည်ဖြင့် နောက်ပ် ၀န်ကြီး (၉) ဦးနဲ့ အမှတ်စဉ် (၁၇) ထိ တန်းစီထားပါတယ်။အဲတော့ သမ္မတဟာ တာဝန်ထမ်းဆောင်နေစဉ် အကြောင်းတစ်ခုခုကြောင့် ဆက်ပြီး သမ္မတ တာဝန် မထမ်းဆောင်နိုင်တော့ဘူးဆိုရင်၊ ဒုတိယသမ္မတ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော် လူများစုအမတ်များခေါင်းဆောင်တို့ကလည်း အကြောင်းတစ်ခုခုကြောင့် (မပြောကောင်းမဆိုကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အစိုးရရဲ့ ၀န်ကြီးအဖွဲ့ဝင် ၀န်ကြီးများဖြစ်ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသလို ကျဆုံးသွားကြလို့) သမ္မတ တာဝန် မထမ်းဆောင်နိုင်တော့ဘူး ဆိုရင် နိုင်ငံခြားရေးဝန်ကြီးက သမ္မတ ဖြစ်လာ တော့မှာပါ။

အဲလို အမေရိကန်သမ္မတရာထူးကို ဆက်ခံခွင့်ရှိကြသူ အစဉ်အတိုင်း United States presidential line of succession မှာ နံပါတ် (၄) ဖြစ်နေတဲ့ အမေရိကန်နိုင် ငံခြားရေးဝန် ကြီးကို သမ္မတက ဘာကြောင့် အလွယ်တကူ ရာထူးကနေ ဖယ်ရှားရတာလဲ ဆိုတာ သိချင် နေကြပါတယ်။သူ့ကို သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် (Donald Trump)က ရာထူးကနေ ထုတ်ပယ်တာကို သမ္မတက twitter မှာ လူသိရှင်ကြား မပြောသေးခင်ထိ၊ နိုင်ငံခြားရေး ၀န်ကြီး ရက်ခ်စ် တေလာဆင် (Rex Tillerson) ဟာ မသိရှိ ခဲ့ဘူး၊ ဘာအကြောင်းကြောင့် ထုတ်ပယ်တယ် ဆိုတာလည်း တေလာဆင် မသိခဲ့ဘူးလို့ အာဖရိကခရီးစဉ်ကပြန်လာတဲ့ တေလာဆင်ကို ခရီးရောက် မဆိုက် သမ္မတက ဖြုတ်ပြီး မိနစ်ပိုင်းအကြာမှာ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက၊ ပြောကြားခဲ့ပါတယ်။

မတ်လ ၃၁ ရက်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆက်ရှိနေရမယ့် ရက်ခ်စ် တေလာဆင် ကတော့ – ကျနော်အခု ရိုးရိုးအရပ်သား ပုဂ္ဂလိက ကိုယ်ပိုင်ဘ၀ကို ပြန်ရောက်ပြီ၊ အမေရိကန်တစ်ယောက်အဖြစ် ကျနော် ဂုဏ်ယူတယ်။ “Ill now return to private life as a private citizen and a proud American.” – လို့ ပြောကြားခဲ့ပါတယ်။အင်္ဂါနေ့မနက်က California ကာလီဖိုးနီးယားပြည်နယ်ကို ရောက်ရှိနေတဲ့ သမ္မတ Trump က – ကျနော်တို့ တကယ်တမ်းမှာ ကောင်းကောင်းတွဲလို့ ရခဲ့ပေမယ့် ကျနော်တို့ သဘောမတူ ကြတဲ့ ကိစ္စတွေ အများကြီးရှိခဲ့တယ်၊ အီရန်နဲ့ ကိစ္စကို အပေးအယူလုပ်တာကြည့်လိုက်ရင် ကျနော်က သိပ်စိတ် ပျက်စရာကောင်းတယ်လို့ ထင်တယ်။ သူကြည့်ရတာ (အီရန်ကိစ္စ) အိုကေ တယ်လို့ ဖြစ်နေတယ်လို့ ကျနော် ထင်တယ်။ အဲဒီတော့ ကျနော်တို့နှစ် ယောက် တကယ်ကျတော့ စဉ်းစားတာတွေ မတူကြဘူး – လို့ ပြောခဲ့ပါ တယ်။
“We got along actually quite well, but we disagreed on things,” Trump said of Tillerson. “When you look at the Iran deal, I think it’s terrible. I guess he felt it was okay…So we were not really thinking the same.”

မြောက်ကိုးရီးယားအာဏာရှင် ကင်ဂျုံအွန်း Kim Jong Un နဲ့ ဆွေးနွေးပွဲ မစခင် သမ္မတဟာ အပြောင်းအလဲတွေ လုပ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိမ်ဖြူ တော်အကြီးတန်းအရာရှိကြီး တစ်ဦးက Fox News ကို ပြောခဲ့ပါ တယ်။ လာမယ့်မြောက်ကိုးရီးယားနဲ့ ဆွေးနွေးပွဲအတွက်ကော၊ ဆက်လုပ်နေရတဲ့ ကုန်သွယ်ရေး ဆိုင်ရာ အမျိုးမျိုးသော စေ့စပ်ညှိနှိုင်းမှုတွေ အတွက် ကော၊ သမ္မတက သူ့အဖွဲ့ကို ကြိုတင် လူလဲပြီးသား ဖြစ်နေဖို့ သေချာ အောင် လုပ်ချင်တယ် – လို့ အဲဒီအရာရှိကြီးက ဆိုပါတယ်။

အိမ်ဖြူတော်ရဲ့ အိမ်တော်ဝန် John Kelly က ပြီးခဲ့တဲ့ သောကြာနေ့က ခရီးထွက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး တေလာဆင်ဆီ ဖုံးဆက်ပြီး၊ သမ္မတ Trump က သူ့ကို နှုတ်ထွက်စေချင် တယ်လို့ ပြောဆိုခဲ့ကြောင်း အိမ်ဖြူ တော်သတင်းရပ်ကွက်က Fox News ကို ပြောခဲ့ပါတယ်။ သူအခု အာဖရိ ကခရီးစဉ်က ပြန်လာတဲ့အထိ သမ္မတ Trump က စောင့်နိုင်မလားလို့ တေလာဆင်က John Kelly ကို ပြန်မေးခဲ့တယ်လို့ အဲဒီသတင်းရပ်ကွက် ကပဲ ဆိုပါတယ်။

တေလာဆင် အာဖရိခရီးစဉ်က ပြန်ရောက်လာတဲ့ အင်္ဂါနေ့မနက်မှာပဲ သမ္မတ Trump က တေလာဆင်ကို နိုင်ငံခြားရေးဝန်ကြီးရာထူးကနေ ဖြုတ်လိုက်ပါတယ်။ဝန်ကြီးဟာ ဒီကနေ့မနက် သမ္မတနဲ့ ဘာစကားမှ မပြောခဲ့ဘူး၊ ဘာ အကြောင်းပြချက်နဲ့လဲ သူမသိဘူး။ ဒါပေမဲ့ ဒီလို တာဝန်ထမ်းခွင့် ရခဲ့တာကို ကျေးဇူးတင်တယ်၊ ဒီလို နိုင်ငံ့ဝန်ထမ်း ဆိုတာ ဂုဏ်ရှိတယ်၊ နောင်တရစရာ မရှိဘူး – လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Steve Goldstein က ကြေညာချက်တစ်စောင် သူ့ boss အတွက် ထုတ်ပြန်ခဲ့ပြီး နာရီတော်တော် အကြာမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Steve Goldstein ပါ ရာထူးကနေ အနားပေး ခံခဲ့ရပါတယ်။

တချို့သောသတင်းတွေမှာတော့ အင်္ဂလန် Wiltshire ခရိုင် Salisbury မြို့လေးမှာ ပြီးခဲ့တဲ့ မတ် ၄ရက်နေ့က ရုရှလုပ် Novichok (အကြောတွေဆိုင်း တဖြည်းဖြည်းနဲ့သေဆုံးစေတဲ့) အဆိပ်လို့ ယူဆရတဲ့ အဆိပ်မိသွားတဲ့ ဆိုဗီယက်ခေတ် က ၂ဘက်ချွန်သူလျှိုဟောင်း ရုရှနိုင် ငံသား ဆာဂျီစက ရီပါးလ် Sergei Skripal (၆၆ နှစ်) နဲ့ သမီး ယူလီယာ စကရီပါးလ် Yulia Skripal (၃၃ နှစ်) တို့နဲ့ ပတ်သက်ပြီး၊ ရုရှအစိုးရလက် ချက်လို့ ဗြိတိသျှ ၀န်ကြီးချုပ် သယ်ရယ် ဆာမေ Theresa May က တနင်္လာနေ့က အတိအ ကျစွပ်စွဲခဲ့တဲ့အပေါ်၊ နိုင်ငံခြားရေးဝန် ကြီး တေလာဆင်ဟာ အာဖရိကခရီး စဉ်က အပြန်ခရီးမှာ သတင်းထောက်တွေကို မှတ်ချက် ပေး ပြောကြားရာမှာ ရုရှလက်ချက်ပါလို့ ဗြိတိသျှဝန်ကြီးချုပ်ပြောတဲ့အတိုင်း သံယောင်လိုက် ခဲ့တာကြောင့်၊ သမ္မတ Trump က သူ့ကို ရာထူးက ထုတ်ပစ်တာလို့လည်း ခန့်မှန်းဖေါ်ပြကြပါ တယ်။

ဗြိတိသျှဝန်ကြီးချုပ် သယ်ရယ်ဆာမေ Theresa May ရဲ့ အတိအကျစွပ်စွဲ ချက်ထွက်ပေါ် လာပြီးတဲ့နောက်၊ ၀ါရှင်တန်ဒီစီ အိမ်ဖြူတော် Press Secretary သတင်းထုတ် ပြန်ရေးမှူး ဆာရာဟာကာဘီးဆဲန်ဒါးစ် (Sara Huckabee Sanders) ကို မှတ်ချက်ပေးဖို့ သတင်း ထောက်တွေက တောင်းဆိုတဲ့အခါမှာ၊ ဗြိတိသျှဝန်ကြီးချုပ်ရဲ့ စွပ်စွဲချက်ကို ထောက်ခံဖို့ ငြင်း ဆိုခဲ့ပါတယ်။သမ္မတအိမ်ဖြူတော်က မသေချာသေးတဲ့ကိစ္စကို ရေငုံနှုတ်ပိတ်နေချိန်မှာ နိုင်ငံခြားရေးဝန် ကြီး တေလာဆင်က ဒီအဆိပ်ခပ်မှုဟာ ရုရှကနေ စီစဉ်တာ ရှင်းနေတာပဲ the attack “clearly” originated in Russia လို့ ပြောဆိုခဲ့တာကြောင့် တေလာဆင်ကို သမ္မတ Trump က ခရီးရောက်မဆိုက် ရာထူးကဖြုတ်ပစ်တာလို့ တချို့သတင်းတွမှာ ခန့်မှန်းရေးသားကြပါ တယ်။

ဒါပေမဲ့ တေလာဆင်က – ရုရှအစိုးရ နောက်ကွယ်ကရှိနေရင် အဲဒါကို သိဖို့ဆိုတာ သိပ်စော နေသေးတယ်လို့လည်း သတင်းထောက်တွေကို ပြောခဲ့ကြောင်း NBC သတင်းက ဆိုပါ တယ်။လာမယ့် မတ် ၁၈ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲရှိနေတဲ့ ရုရှနိုင်ငံမှာတော့၊ သမ္မတဗလာ ဒီမာပူတင်က ဗြိတိသျှဝန်ကြီးချုပ် သယ်ရယ်ဆာမေ Theresa May ရဲ့ အတိအကျ စွပ်စွဲချက် ကို ပုခုန်းတွန့်လိုက်ပြီး – ဆပ်ကပ်ကျနေတာပဲ-လို့ တုန့်ပြန်ခဲ့ပါတယ်။

ဆိုဗီယက်ခေတ်က ၂ဘက်ချွန်သူလျှိုဟောင်း ရုရှနိုင်ငံသား ဆာဂျီစက ရီပါးလ် Sergei Skripal ဟာ၊ ရုရှထောက်လှမ်းရေး KGB အတွက် အင်္ဂလန်မှာ တာဝန်ထမ်းဆောင်နေစဉ် မှာပဲ၊ ဗြိတိသျှ အမှတ် (၅) စစ်ထောက် လှမ်းရေး MI 5 ကိုလည်း ဗြိတိန်နိုင်ငံမှာ ထားရှိတဲ့ KGB ရဲ့ ရုရှထောက် လှမ်းရေးသူလျှိုစာရင်းကိုပေးအပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။

သူ့ကို ရုရှမှာ ဖမ်းဆီးထားစဉ်မှာ၊ အမေရိကားမှာ ဖမ်းမိလို့ အမေရိကန် ထောင်တွေထဲ ရောက်နေကြတဲ့ KGB ရဲ့ ရုရှထောက်လှမ်းရေးသူလျှို (၁၀) ယောက်နဲ့ ရုရှက ဖမ်းဆီးထား တဲ့ အမေရိကန်နဲပ အနောက်အုပ်စုရဲ့ ထောက်လှမ်းရေးသူလျှိုတွေနဲ့ အလဲအလှယ်လုပ်ကြ တာမှာ၊ သူဟာ ဗြိတိန် ဘက်က ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့သူတွေထဲ တစ်ယောက်အပါ အ၀င် ဖြစ်ပြီးတော့၊ အင်္ဂလန် Wiltshire ခရိုင် Salisbury မြို့လေးမှာ မိသားစုနဲ့ သိုသိုသိပ် သိပ်လေး low profile နေထိုင်နေခဲ့ပါတယ်။ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ကတော့ သူ့အိမ်နားက ပန်းခြံထိုင်ခုံမှာ သမီးနဲ့ အတူထိုင်နေစဉ်မှာ သားအဖ၂ယောက်လုံး ကောင်းကင်ကိုမော့ကြည့် ကြက်သေသေနေကြတာကြောင့် တွေ့မြင် သူတစ်ဦးက ရဲကို အကြောင်း ကြားခဲ့ရာက သတိမရတော့တဲ့ သားအဖ ၂ယောက်ကို ဆေးရုံ ပို့ခဲ့ရပါတယ်။

ခုချိန်ထိ ၂ဘက်ချွန်သူလျှိုဟောင်း ရုရှနိုင်ငံသား ဆာဂျီစက ရီပါးလ် Sergei Skripal (၆၆ နှစ်) နဲ့ သမီး ယူလီယာ စကရီပါးလ် Yulia Skripal (၃၃ နှစ်) တို့ သားအဖ၂ယောက် သတိ မရသေးပဲ စိုးရိမ်ရဆဲ အခြေအနေမှာ ရှိနေပြီး တော့၊ သူတို့ကို အရင်ဆုံးတွေ့မြင်ခဲ့သူနဲ့ ပထမဆုံးရောက်ရှိလာတဲ့ ရဲအရာရှိတို့ဟာလည်း အော့အန်ခြင်းတွေ ဖြစ်ခဲ့တြတာကြောင့် ဆေးရုံမှာပဲ ကုသမှုခံယူနေကြရပါတယ်။

အင်္ဂလန် Wiltshire ခရိုင် Salisbury မြို့လေးမှာ ပြီးခဲ့တဲ့ မတ် ၄ရက်နေ့က ရုရှလုပ် Novichok (အကြောတွေ ဆိုင်း တဖြည်းကဖည်းနဲ့သေဆုံးစေတဲ့) အဆိပ်လို့ ယူဆရတဲ့ အဆိပ်မိသွား တဲ့ ဆိုဗီယက်ခေတ် က သူလျှိုဟောင်း ရုရှနိုင်ငံသား ဆာဂျီစက ရီပါးလ် Sergei Skripal (၆၆ နှစ်) နဲ့ သမီး ယူလီယာ စကရီပါးလ် Yulia Skripal (၃၃ နှစ်) တို့နဲ့ ပတ်သက်ပြီး၊ ရုရှအစိုးရလက် ချက်လို့ ဗြိတိသျှ ၀န်ကြီးချုပ် သယ်ရယ် ဆာမေ Theresa May က တနင်္လာနေ့က အတိအ ကျစွပ်စွဲခဲ့ပါတယ်။
လာမယ့် မတ် ၁၈ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲရှိနေတဲ့ ရုရှနိုင်ငံမှာ တော့၊ သမ္မတဗလာဒီမာပူတင်က ဗြိတိသျှဝန်ကြီးချုပ် သယ်ရယ်ဆာမေ Theresa May ရဲ့ အတိအကျ စွပ်စွဲချက်ကို ပုခုန်းတွန့်လိုက်ပြီး – ဆပ်ကပ်ကျနေတာပဲ-လို့ တုန့်ပြန်ခဲ့ပါတယ်။
ဗြိတိသျှဝန်ကြီးချုပ် သယ်ရယ်ဆာမေ Theresa May က ရုရှအစိုး ရ ကလက်ချက်လို့ တနင်္လာနေ့က အတိအ ကျစွပ်စွဲခဲ့တဲ့အပေါ်၊ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး တေလာဆင်က သံယောင် လိုက်ပြီး၊ ရုရှကနေ စီစဉ်တာလို့ သတင်းထောက်တွေကို၊ အာဖရိ ကမှ အပြန်ခရီး လေယာဉ်ပေါ်မှာ ပြောခဲ့တယ်။
အင်္ဂလန် Wiltshire ခရိုင် Salisbury မြို့လေးမှာ ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့က ရုရှလုပ် Novichok (အကြောတွေဆိုင်း တဖြည်းဖြည်း နဲ့သေဆုံးစေတဲ့) အဆိပ်လို့ ယူဆရတဲ့ အဆိပ်မိသွားတဲ့ ဆိုဗီ ယက်ခေတ်က သူလျှိုဟောင်း ရုရှနိုင်ငံသား ဆာဂျီစက ရီပါးလ် Sergei Skripal (၆၆ နှစ်) နဲ့ သမီး ယူလီယာ စကရီပါးလ် Yulia Skripal (၃၃ နှစ်)
သူလျှိုဟောင်း ရုရှနိုင်ငံသား ဆာဂျီစက ရီပါးလ် Sergei Skripal (၆၆ နှစ်) နဲ့ သမီး ယူလီယာ စကရီပါးလ် Yulia Skripal (၃၃ နှစ်) တို့ သားအဖ၂ယောက် သတိ မရသေးပဲ စိုးရိမ် ရဆဲ အခြေအနေမှာ ရှိနေပြီး တော့၊ သူတို့ကို အရင်ဆုံးတွေ့မြင်ခဲ့ သူနဲ့ ပထမဆုံးရောက်ရှိလာတဲ့ ရဲအရာရှိတို့ဟာလည်း အော့အန် ခြင်းတွေ ဖြစ်ခဲ့တြတာကြောင့် ဆေးရုံမှာပဲ ကုသမှုခံ ယူနေကြရပါ တယ်။

Credit : Roonie Nyein

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *