မီးအားျမွင့္စက္ အပူလြန္ကဲ၍ မီးေလာင္သျဖင့္
လူေနအိမ္သုံးလုံးဆုံး႐ႈံး

Posted on

ေနအိမ္တြင္ အသုံးျပဳေသာ မီးအား ျမွင့္စက္ အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ ပြားခဲ့ရာ လူေနအိမ္သုံးလုံး

မီးေလာင္ ဆုံးရႈံးမႈျဖစ္ပြားခဲ့ေၾကာင္း ကခ်င္ျပည္ နယ္မီးသတ္ဦးစီးဌာနမွဴး႐ုံးမွ သတင္းရရွိ သည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ (၂၂)ရက္၊ ည ၁၂ နာရီခန္႔ က ျမစ္ႀကီးနားၿမိဳ႕၊ လယ္ ကုန္းရပ္ကြက္၊နယ္ေျမ (၆)ရွိ

ဦးေအာင္ မ်ိဳး၏ ေနအိမ္တြင္ အသုံးျပဳထားေသာ မီးအားျမွင့္စက္မွ အပူလြန္ကဲကာ အိမ္ထ ရံအား

မီးစြဲေလာင္ရာမွ တဆင့္ ေဘး ပတ္ဝန္းက်င္ရွိ ေနအိမ္ႏွစ္လုံးကိုပါ မီးကူး စက္ ေလာင္က်ြမ္းခဲ့ျခင္းျဖစ္ေၾကာင္း

သိ ရသည္။

မီးေလာင္မႈျဖစ္ပြားေနေၾကာင္း ဖုန္း သတင္းရရွိသျဖင့္ ျပည္နယ္မီးသတ္ ဦး စီးမွဴးရုံးမွ မီးၿငိွမ္းသတ္ယာဥ္

(၅)စီး၊မီး သတ္ေရသယ္ယာဥ္ (၃)စီး၊က်ြန္းပင္သာ ရပ္ကြက္မွ အရန္မီးသတ္ေရသယ္ယာဥ္ တစ္စီး စုစုေပါင္း

ယာဥ္ (၉)စီး၊ျပည္နယ္ မီးသတ္ဦးစီးမွဴး႐ုံးမွ ဒုတိယၫႊန္ၾကား ေရးမွဴး ဦးေဇာ္ဝင္းထြန္း ဦးေဆာင္ သည့္

မီးသတ္တပ္ဖြဲ႕ဝင္အင္အား (၇၀) ဦးျဖင့္ သြားေရာက္ မီးၿငွိမ္းသတ္ခဲ့ ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ သြပ္မိုး၊ အေပၚ ထပ္ ထရံကာ၊ေအာက္ထပ္ အုပ္ညွပ္ ႏွစ္ ထပ္လူေနအိမ္ႏွစ္လုံးႏွင့္

သြပ္မိုး၊ထရံကာ ေျမစိုက္အိမ္ တစ္လုံးတို႔ ဆုံး႐ႈံးခဲ့ရၿပီး လူ ႏွင့္ တရိစၧာန္ ထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္း

မီးသတ္ဦးစီးဌာနမွ သိရသည္။

မီးေလာင္က်ြမ္းမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ မီးစတင္ေလာင္က်ြမ္းမႈ ျဖစ္ခဲ့သည့္ အိမ္ပိုင္ရွင္ ဦးေအာင္မ်ိဳးအား

(ပ)၁၉၉/၂၀၁၇၊ရာဇသတ္ႀကီးပုဒ္မ -၂၈၅ ျဖင့္ ျမစ္ႀကီးနားနယ္ေျမရဲစခန္း တြင္ အမႈဖြင့္အေရးယူထားေၾကာင္း

သတင္းရရွိသည္။

Credit:Myintkyina News Journal

================

နေအိမ်တွင် အသုံးပြုသော မီးအား မြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ် ပွားခဲ့ရာ လူနေအိမ်သုံးလုံး

မီးလောင် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ကချင်ပြည် နယ်မီးသတ်ဦးစီးဌာနမှူးရုံးမှ သတင်းရရှိ သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ (၂၂)ရက်၊ ည ၁၂ နာရီခန့် က မြစ်ကြီးနားမြို့၊ လယ် ကုန်းရပ်ကွက်၊နယ်မြေ (၆)ရှိ

ဦးအောင် မျိုး၏ နေအိမ်တွင် အသုံးပြုထားသော မီးအားမြှင့်စက်မှ အပူလွန်ကဲကာ အိမ်ထ ရံအား

မီးစွဲလောင်ရာမှ တဆင့် ဘေး ပတ်ဝန်းကျင်ရှိ နေအိမ်နှစ်လုံးကိုပါ မီးကူး စက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း

သိ ရသည်။

မီးလောင်မှုဖြစ်ပွားနေကြောင်း ဖုန်း သတင်းရရှိသဖြင့် ပြည်နယ်မီးသတ် ဦး စီးမှူးရုံးမှ မီးငြိှမ်းသတ်ယာဉ်

(၅)စီး၊မီး သတ်ရေသယ်ယာဉ် (၃)စီး၊ကျွန်းပင်သာ ရပ်ကွက်မှ အရန်မီးသတ်ရေသယ်ယာဉ် တစ်စီး စုစုပေါင်း

ယာဉ် (၉)စီး၊ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင် သည့်

မီးသတ်တပ်ဖွဲ့ဝင်အင်အား (၇၀) ဦးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ အပေါ် ထပ် ထရံကာ၊အောက်ထပ် အုပ်ညှပ် နှစ် ထပ်လူနေအိမ်နှစ်လုံးနှင့်

သွပ်မိုး၊ထရံကာ မြေစိုက်အိမ် တစ်လုံးတို့ ဆုံးရှုံးခဲ့ရပြီး လူ နှင့် တရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း

မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ မီးစတင်လောင်ကျွမ်းမှု ဖြစ်ခဲ့သည့် အိမ်ပိုင်ရှင် ဦးအောင်မျိုးအား

(ပ)၁၉၉/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ -၂၈၅ ဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်း တွင် အမှုဖွင့်အရေးယူထားကြောင်း

သတင်းရရှိသည်။

Credit:Myintkyina News Journal

Leave a Reply

Your email address will not be published. Required fields are marked *