တာတေဆိုတဲ့ ကျုပ်က စပ်စပ်စုစု သိပ်လုပ် တော့ နှိုက်နှိုက်ချွတ်ချွတ်တွေလည်း သိတာ ပေါ့ဗျာ။ကျုပ်တို့အညာသားများ နွားများတော့ တအားချစ်တာဗျ။ ကိုယ့်အိမ်က နွားကြီးတွေ ဆိုရင် မျက်ခြည်မပြတ် ကြည့်နေကြတာ။ အစာကျွေးချိန် မှန်ရတယ်။ ရေချိုးရန် မှန်ရ တယ်။ ပြီးရင် သူတို့ ဆီးသွားတာ၊ ဝမ်းသွား တာကို အမြဲတမ်း အကဲခတ်နေရတာဗျ။ ဆီး နဲ့ဝမ်းကို ကြည့်ပြီးမှ လိုတဲ့ ဆေးဝါးတိုက်ကျွေး ပေးရတာဗျို့။ ခုနက စကားပဲ ပြန်ဆက်ရဦး မယ်။ ကျုပ်က လွှတ်စပ်စုတဲ့ကောင်ဆိုတော့ နှိုက်နှိုက်ချွတ်ချွတ်တွေ အတော်သိသားဗျ။ ကျုပ်တစ်ခါက ခရီးသွားတုန်း ဟင်္သာတဘက် က ဘိုးတော်တစ်ယောက်နဲ့ ဆုံဖူးသဗျ။ ဒီဘိုး တော်က နွား အားကြီးချစ်တာဗျို့။ ကျုပ်က လည်း နွားချစ်တဲ့အကောင်ဆိုတော့ တန်းခင် သွားတော့တာပေါ့ဗျာ။ ဒီမှာတင် သူပြောပြတဲ့ နွားဆေးကို ကျုပ်သိခဲ့ ရတာဗျ။ လူတိုင်းတော့ ကြိုက်ချင်မှ ကြိုက်မှာ ဗျ။ ကျုပ်ကတော့ စူးစမ်းချင်တဲ့အကောင်ဆို တော့ အဘနွားကြီးတွေကို စမ်းကြည့်တာ ကျုပ်အဘတောင် မသိဘူးဗျ။ ဘာပြောကောင်းမတုံးဗျာ။ ကျုပ်တို့နွားကြီး တွေ ဝဖီးတက်လာပြီး ကျန်းမာရေးဆို ဒေါင် ဒေါင်ကို မြည်နေရောဗျာ။ဒီလိုဗျ။ ခင်ဗျားမှာ နွားရှိရင် စမ်းကြည့်လေ။ မလုပ်ရဲလည်း မ လုပ်နဲ့ပေါ့ဗျာ။ မြွေပွေးဖြစ်ဖြစ်၊ မြွေဟောက် ဖြစ်ဖြစ်ပေါ့ဗျာ။ အသေရခဲ့ရင် ဝါးဘိုးဝါးကျည် တောက်ထဲမှာ အဲဒီမြွေသေကို ခွေပြီထည့်ဗျ။ ပြီးရင် ကျည်တောက်ကို ဆားအပြည့်သိပ် လိုက်။ နွားတင်းကုတ်ထဲက တိုင်တစ်တိုင်မှာ အဲဒီဝါးဘိုးကျည်တောက်ကို ချိတ်ထား။ ဆားက တဖြည်းဖြည်း ကျသွားလိမ့်မယ်။ ဆားထပ်သိပ်။ အဲဒီလို ဆားကျလိုက် ထပ် သိပ်လိုက် လုပ်ပေးရင်းနဲ့ နောက်တော့ ဝါး ကျည်တောက်ရဲ့မျက်နှာပြင်ပေါ်မှာ ရေစက် ကလေးတွေလို အရည်တွေသီးပြီး ထွက်လာ လိမ့်မယ်။ ဒီတော့မှ နွားကို ဝါးကျည်တောက် နားခေါ်သွားပြီး ပေးလိုက်။ နွားက အဲဒီအရည် ကလေးတွေကို အငမ်းမရလျက်လိမ့်မယ်။ ဆားက သိပ်သိပ်ပေး။ ဝါးကျည်တောက်ရဲ့ မျက်နှာပြင်ပေါ်မှာ အ ရည်ကလေးတွေ သီးနေလိမ့်မယ်။ နွားက လည်း အငမ်းမရကို လျက်မှာဗျ။ ခင်ဗျားနွား တွေကို စောင့်ကြည့်လေ။ ဝဖီးတက်လာရော ဗျို့။ အဘ မသိအောင် ကျုပ်က တိတ်တိတ် လုပ်ပြီး နွားတွေကို လျက်ခိုင်းတာဗျ။ ကျုပ် အဘကတော့ လူတွေ ချီးမွမ်းတိုင်း ပြော တာပေါ့ဗျာ။ “ကိုဉာဏ်တို့များ နွားကိုင်တဲ့နေရာမှာ ကောင်း ချက်တော့ မပြောနဲ့တော့ဗျို့။ နွားကြီးတွေများ ဖီးတက်နေတာပဲဗျာ” “ဟာ ကျုပ်တော်တာ မဟုတ်ဘူးဗျ။ ကျုပ် သား တာတေကြောင့်ပါဗျာ၊ တာတေက သူ့ နွားကြီးတွေကို လွှတ်ဂရုစိုက်တဲ့ကောင်ဗျ” ကျုပ် ကြိတ်လုပ်နေတဲ့ နွားဆေးကိုတော့ သူ တို့ မသိကြဘူးဗျ။ ကျုပ်လည်း မပြောရဲတော့ ငြိမ်နေရတာပေါ့ဗျာ။ ကျုပ်သာ ဖွင့်ပြောလိုက် ရင် အဘက ကျုပ်ကို ထတောင်ကန်မလားပဲ ဗျ။ သူ့နွားတွေကို ပေါက်ကရလုပ်တယ် ဆိုပြီး တော့လေ။ ဒီကနေ့တော့ တာတေ အိမ်မြဲတဲ့ နေ့ပဲဗျ။ မမြဲလို့လည်း မရဘူးလေ။ အဘနဲ့ အမေက ကျုပ်ကို ဆီကြိတ်ခိုင်းထား လို့ဗျ။ မနက်စောစောထပြီး ကျုပ်မှာ ဆီဆုံ ကြိတ်နေရတာဗျ။ ဒါပေမဲ့ ဆီကြိတ်ရတာ သက်သာပါတယ်ဗျာ။ ကျုပ်တို့နွားကြီးတွေ က ဟဲ့တစ်ချက်လုပ်ရတာ မဟုတ်ဘူးလေ ဗျာ။ တစ်ကောင်ညောင်းရင် တစ်ကောင် ပြောင်းတတ်ရုံပဲဗျ။ နှမ်းဆီအစစ်၊ ပဲဆီအ စစ် ဆိုတာကတော့ ကျုပ်တို့ကြိတ်တဲ့ ဆုံ ဆီတွေကို ပြောတာပေါ့ဗျာ။ အဘတို့ အမေတို့ကတော့ အိမ်မှာကြိတ်တဲ့ ဆုံဆီကလွဲရင် တခြားဘယ်ဆီကိုမှ မစား တတ်ဘူးဗျ။ ဒါကတော့ တောင်သူတွေကို ဗျာ။ ကျုပ်လည်း ထမင်းစားချိန်ရောက်မှ နွားဖြုတ်ပြီး နားရတော့တာဗျို့။ ကိုပိန်တို့ ဘက်မှာ ဝက်ပေါ်လို့ အမေက ဝက်သား သွားပြီးဆုံတယ်။ ကိုပိန်က ကျုပ်စားဖို့ဆိုပြီးတော့ ကလီစာ တွေ အဆစ်ပေးလိုက်ဆိုပဲ။ ကျုပ်ပြောခဲ့ဖူး ပါတယ်။ ကျုပ်အမေက ဝက်သားချက် အားကြီးကောင်းတာဗျ။ ကျုပ်လည်း တစ် မနက်လုံး ဆီကြိတ်နေရတော့ မောမောနဲ့ စားလိုက်တာ။ ထမင်းသုံးပန်းကန်ကို ချော ရောဗျာ။ ဆီကြိတ်တာက မပြီးသေးဘူးဗျ။ ဒါပေမဲ့ တစ်မှေးတော့ အိပ်ရဦးမယ်ဗျို့။ မန် ကျည်းပင်ကြီးအောက်မှာ ဝါးဘိုးခြမ်းလေး ခေါင်းအုံးပြီး ကျုပ်အိပ်တယ်။ဒါပေမဲ့ အလုပ် ရှိတော့ စိတ်လွတ်ကိုယ်လွတ်တော့ မအိပ်ရဲ ဘူးဗျ။ မှေးရုံလောက်ပါပဲ။ ကျုပ်နိုးလာတာ နဲ့ ဆီဆုံမှာ နွားပြန်တပ်တယ်။ ဒီတစ်ခါ နွား ညိုကြီးနဲ့ ကြိတ်ရမှာဗျ။ ကျုပ် ဆီကြိတ်ပြီး အရှိန်ရရုံလောက်ကလေးပဲ ရှိသေးတာဗျ။ “ကိုကြီးတာတေ၊ ကိုကြီးတာတေ” ကျောက်ခဲအသံဗျ၊ ဝိုင်းဝကနေ အော်ခေါ် နေတာ။ “ကျောက်ခဲလား၊ ငါ ဒီမှာကွ- လာလေ၊ ဆီဆုံ မှာ ဆီကြိတ်လို့ ” “သြော် လာပြီ၊ လာပြီ” ကျောက်ခဲရော၊ သံမဏိရောဗျ၊ ကျုပ် ဆီ ကြိတ်တာကို ဒီကောင်နှစ်ကောင် သေသေ ချာချာ ကြည့်နေတယ်။ “ကဲ ကိုကြီးတာတေ နားဗျာ၊ ကျုပ်နဲ့ သံမဏိ ကြိတ်ပေးမယ်၊ ပြီးတော့ ကိုကြီးတာတေကို ပြောစရာရှိလို့ဗျ” “ဟေ ဘာတုံးကွ၊ ဘာပြောစရာရှိလို့တုံး” ကျုပ်နဲ့ ဒီကောင်နှစ်ကောင် ပြောတုန်းရှိသေး တယ်။အဘက အိမ်ပေါ်ကနေ ဆင်းလာတယ် “လူလေး မင်း တစ်မနက်လုံးကြိတ်နေတာ၊ ွှအဘတစ်လဲကြိတ်ဦးမယ်၊ နို့ ခုနက ကျောက် ခဲပြောတာ ဘိုး နားစွံနားဖျာ ကြားလိုက်ပါ တယ် ဘာများတုံးကွ” ကျုပ်က ဆီဆုံကို ဆက်ပြီးစီးနေတုန်းဗျ။ မဖယ်သေးပါဘူး။ “ဒီလို ကိုကြီးတာတေရ၊ ရွာမြောက်ပိုင်းက ဒေါ်ရွှေမကြီးကို သိတယ်မို့လား” “အေး သိတယ်လေ ဘိုးသာခင်ရဲ့မိန်းမ အရီး ရွှေမကို ပြောတာမို့လား” “ဟုတ်တယ်၊ ဟုတ်တယ်” ကျောက်ခဲက လူသွက်ဗျ။ သံမဏိကက လူ အေး၊ စကားတောင် မေးမှပြောတဲ့ကောင်။ “ဟဲ့ ကျောက်ခဲ- ရွှေမ ဘာဖြစ်လို့တုံး” “ဗိုက်အောင့်တယ်ဆိုပြီး လူးလှိမ့်အော်နေရ တာဗျို့” “ဟေ ဟုတ်လား၊ ဆေးထိုးဆရာ မခေါ်ဘူး လား” “ခေါ်တယ်ဗျ၊ ဆေးထိုးဆရာ ကုတာလည်း မသက်သာဘူးဗျ၊ အနီးအနားက လူတွေက မြို့ခေါ်သွားပြီး ဆေးရုံတင်ခိုင်းတယ်၊ ဒါပေမဲ့ အရီးရွှေမက ပြောတယ်ဗျ” “ဟေ ဘာပြောတုံး” “ငါ့ရောဂါ ငါသိတယ်တဲ့၊ ဒါ ဆေးရုံတက်ရ မယ့်ကိစ္စ မဟုတ်ဘူးတဲ့ဗျ” “ဟေ နို့ဘာဖြစ်တာတဲ့တုံး” “ဗူးစောင်းတာတဲ့ဗျ” “ဘာကွ၊ ဗူးစောင်းတာ ဟုတ်လား ကျောက်ခဲ” “ဟာ ကိုကြီးတာတေကလည်း မဟုတ်တာ ပြောရော့မယ် အရီးရွှေမ ပြောတာက ဆား ဗူးတို့၊ နနွင်းမှုန့်ဗူးတို့ကို ပြောတာမဟုတ်ဘူး ဗျ။ ပညာဗူးကို ပြောတာ” “ဟေ အရီးရွှေမက ပညာသည် မဟုတ်တာ ကျောက်ခဲရ” “သြော် ဘိုးသဘောပေါက်ပြီ ကျောက်ခဲရေ ဟုတ်လောက်တယ်ကွ၊ ရွှေမတို့ ရွှေခတို့ ငယ်ငယ်က ပညာယူဖူးတယ်လို့ ကြားဖူး တယ်၊ ဒါပေမဲ့ သူတို့ညီအစ်မတွေ ပညာ သည်တော့ ဖြစ်မလာကြပါဘူးကွ” “ဟုတ်တယ် ဘိုးရ၊ အရီးရွှေခက ပညာမယူဖြစ် ဘူးတဲ့ဗျ၊ အရီးရွှေမကတော့ ပညာယူတယ်တဲ့၊ ဒါပေမဲ့ ပညာဗူးသွင်းတဲ့အခါမှ ဗူးမကျဘူးတဲ့ဗျ၊ ဗူးစောင်းနေတယ်တဲ့ဗျ။ ဒါကြောင့် ပညာသည် ဖြစ်မလာဘူးတဲ့။ အခုအဲဒီပညာဗူးက သူ့ဗိုက် ထဲမှာ ဒုက္ခပေးနေတာတဲ့ဗျို့” “သြော် ဒီလိုကိုး” ကျုပ်က ပြောလိုက်တယ်။ ဒီတော့မှ ကျောက် ခဲက စကားဆက်တော့တာဗျ။ “အဲဒါ အခု အရီးရွှေမက ကိုကြီးတာတေကို သွားခေါ်ပေးပါဆိုလို့ ကျုပ်တို့ လာခဲ့တာဗျ” “နို့ နေပါဦးကွ၊ ဒီအကြောင်းတွေကို ဘယ်သူ က ပြောလို့ မင်းတို့ သိလာတာတုံး” “အရီးရွှေမ အကြောင်းလား” “အေးလေ—ငါ့အဘတောင် ကြားဖူးရုံပဲ ရှိ တာ၊ သေသေချာချာသိတာ မဟုတ်ဘူးကွ၊ မင်းတို့က အသေးစိတ်သိလာတာဆိုတော့ ဘယ်လိုများ သိလာတာတုံးလို့ ကိုကြီးတာ တေက မေးတာပါ” “ဟာ အရီးရွှေမကိုယ်တိုင် ပြောလိုက်တာလေ ဗျာ၊ ဒီလို အကျိုးအကြောင်းရှိတယ်၊ အဲဒါတွေ တာတေကို ပြောပြလိုက်၊ တာတေ လိုက်ခဲ့ပါ လို့ သေသေချာချာပြောလို့ မှာလိုက်လို့ ကျုပ် တို့ လာရတာဗျ” “သြော် ဒီလိုလား” အဘရော ကျုပ်ရော ပြိုင်တူပြောလိုက်ကြ တာဗျို့။ ကျုပ်လည်း ဘာလုပ်ပေးရမှာလဲ ဆိုတာ စဉ်းစားလိုက်တယ်။ “လူလေး သွားလိုက်လေ၊ အဘ ဆက်ကြိတ် လိုက်မယ်” “ဘိုး ကျုပ်တို့ နေခဲ့မယ်လေ၊ ဘိုးကို ကူလုပ် ပေးရမလား” “ဟာ ရပါတယ်ကွ ကျောက်ခဲရ၊ မင်းတို့အ ကိုနဲ့သာ လိုက်သွားကြ၊ လိုတာလုပ်ပေးရ ဦးမှာမို့လား” ကျုပ် ဆေးလွယ်အိတ်လွယ်ပြီး ဝိုင်းထဲက ထွက်ခဲ့တယ်။ ကျောက်ခဲနဲ့ သံမဏိက ကျုပ်နောက်က ကပ်ပါလာတာပေါ့ဗျာ။ ဘိုးယာခင်တို့ ဝိုင်းထဲကို ကျုပ်တို့ရောက် တော့ … “အောင်မယ်လေးတော် အောင့်လိုက်တာ အမယ်လေး အမေရေ သေတော့မှာပါပဲ” အရီးရွှေမရဲ့ ညည်းသံကြီးကို ကြားလိုက် ရတယ်ဗျ။ “ဟာ တာတေ လာ လာ လူလေး၊ အိမ်ပေါ် တန်းလာခဲ့ကွာ” ဘိုးယာခင်တို့ အိမ်ကြီးက အိမ်ကောင်းဗျ။ တိုင်လုံးကြီးတွေမှ အကြီးကြီးတွေနဲ့ဆောက် ထားတာ။ ကျုပ်တို့ရွာမှာ သစ်ပင်လုံးပတ်ကြီး ကြောင်း ပြောချင်ရင် လူကြီးတွေက ယာခင့် အိမ်တိုင်လောက် ရှိတယ်တို့၊ ယာခင့်အိမ် တိုင်ထက် ကြီးတယ်လို့ ပြောကြတာဗျ။ အဲ ဒီလို စကားထဲ ထည့်ပြောရလောက်အောင် ကို အိမ်တိုင်ကြီးတဲ့ အိမ်ကြီးဗျ။ အိမ်ပေါ်ရောက်ပြီး အသင့်ခင်းထားတဲ့ ဖျာ ပေါ်မှာ ထိုင်လိုက်ပြီးတာနဲ့ ကျုပ်က တန်း မေးတော့တာဗျ။ “အဘိုး အရီးရွှေမက ဘာဖြစ်လို့တုံး” “အေးကွ၊ တာတေရေ၊ မင်းတော့ ကိုယ့်သား လို ဖြစ်နေတော့ အမှန်ပြောရတော့မှာပဲပေါ့ ကွာ၊ ဟိုတုန်းခေတ်က ငတို့ရွာတွေဘက်မှာ ပညာသည်တွေ လွှတ်ပေါတာကွ။ ဒီတော့ သားသမီး အရွယ်ရောက်လာရင် လူပြုစား မခံရအောင် ဆေးတွေ ဝါးတွေ ထိုးကြရ၊ အင်းတွေ ဘာတွေ တိုက်ကြရနဲ့ အကာအ ကွယ်တွေ လုပ်ကြရတာပေါ့ကွာ၊ မင်းအရီး က ငယ်ငယ်က ရုပ်ကလေးကရှိတော့ မိဘ တွေက သူများဆေးတွေ ဝါးတွေ မခတ်နိုင် အောင်ဆိုပြီး ပညာခိုင်းတာတဲ့ကွ၊ အဲဒါ သူ့ ကို ပညာဗူးသွင်းပေးတဲ့ မိန်းမကြီးက ဗူး သွင်းတာ မတည့်လို့ ပညာလည်း မရဘဲ တစ်ခါ တစ်ခါ ဗိုက်ထအောင့်တတ်တယ် ကွ၊ ခါတိုင်းအောင့်တာက ဒီလောက်မဆိုး ဘူးကွ။ နည်းနည်းလောက်ပဲ အောင့်တာ။ ပြီးရင် ပျောက်သွားရောကွ၊ ဒီတစ်ခါအောင့် တာက တော်တော်ကို ဆိုးတယ်။ အသက် ထွက်သွားမလောက်ကို အောင့်တာ၊ ဘိုးတို့ လည်း ညကောင်းကောင်း မအိပ်ရတာ သုံး လေးညတောင် ရှိပြီကွ တာတေရ” “အောင်မယ်လေးတော် သေတော့မယ် ထင်တယ် ” အိပ်ခန်းထဲက အရီးရွှေမ ညည်းသံကြီး ထွက်လာတယ်ဗျ။ “ကဲ အဘိုး ကျုပ် အရီးနဲ့ စကားပြောချင် တယ်ဗျာ” ကျုပ်က ပြောလိုက်ရောဗျ။ “လာလေကွာ တာတေရာ၊ မင်းအရီး ဟိုအ ခန်းထဲမှာ” “ကဲ ကျောက်ခဲနဲ့ သံမဏိက ဒီမှာနေခဲ့ကြ” “အေး အေး ကျောက်ခဲတို့က ဒီမှာနေကြ၊ ဟိုမှာ လက်ဖက်စား၊ ဆတ်သားခြောက် ကလေးလည်း စားကြ၊ အကြမ်းလည်း သောက်ကြကွာ” ဘိုးယာခင်နဲ့ ကျုပ်နဲ့ အခန်းထဲ ဝင်ခဲ့တယ်။ “တာတေလား၊ လာ လာ၊ လူကလေး အရီး ကို ကယ်နိုင်ရင် ကယ်ပါဦး တာတေ” “အကျိုးအကြောင်းတော့ ဘိုးပြောပြလို့ သိ ပြီးပါပြီ အရီးရာ၊ ကျုပ်တတ်နိုင်သလောက် လုပ်ပေးပါမယ်၊ ဒါပေမဲ့ ကျုပ်ကလည်း ဆ ရာမဟုတ်တော့ အတတ်တော့ မပြောနိုင် ဘူးပေါ့ဗျာ” “နေ နေ၊ ဘိုး ကျုပ် သွားခပ်မယ်” ကျောက်ခဲက လွှတ်ဖင်ပေါ့တ ဲ့ကောင်ဗျ။ သောက်ရေတစ်ဖန်ခွက် ပြေးခပ်တယ်။ သံ မဏိက ထွေးခံသွားယူတယ်။ ကျုပ်က’က ဝေစက်ထုတ်အင်းချပ်’ကို သောက်တော် ရေခွက်ထဲ ထည့်လိုက်တယ်။ ပြီးတော့ ဘု ရားစင်ပေါ်ကို ရေဖန်ခွက်တင်လိုက်တယ်။ ကျုပ် ဘုရားရှိခိုးပြီး ဘုရားမှာ တိုင်တည် တယ်။ ကျုပ် သစ္စာဆိုတယ်။ ဒါတွေက တော့ ဆရာနွံဖတို့ လုပ်တာတွေကို မှတ် ထားတာပေါ့ဗျာ။ “ကဲ အရီး၊ အရီးကိုယ်တိုင် ဘုရားရှိခိုးပြီး ပညာတွေကို မလိုချင်တော့တဲ့အကြောင်း၊ တစ်စမကျန် စွန့်လွှတ်ပါပြီဆိုတဲ့အကြောင်း ဘုရားကို တိုင်တည်ပြီး ပညာတွေကို ဘုရား မှာ လှူလိုက်ပေတော့ဗျာ” “အေး အေး” အရီးရွှေမက ကျုပ်ပြောတဲ့အတိုင်း ဘုရားမှာ ပညာလှူလိုက်တယ်။ “ဟာ” ကျုပ်ရော ကျောက်ခဲတို့ နှစ်ယောက်ရော ဘိုးယာခင်ရော ပြိုင်တူအော်လိုက်မိတာဗျ။ ဘုရားစင်မှာ ထွန်းထားတဲ့ မီးတိုင်တွေက မီးတောက်တွေဟာ အပေါ်ကို တစ်ထွာ လောက်တာဗျ “ဟာ” ‘ကဝေစက်ထုတ်အင်း’စိမ်ထားတဲ့ သောက် ရေခွက်ထဲက ရေတွေလည်း တဖျတ်ဖျတ်နဲ့ ထပွက်သွားတယ်ဗျ။ထူးတော့ ထူးနေပြီဆို တာ ကျုပ်သိလိုက်တယ်။ ဘုရားစင်ပေါ်က သောက်ရေခွက်ကို ယူပြီး အင်းချပ်ကို နှိုက် ယူလိုက်တယ်။ “ကဲ အရီး ဒီရေကို သောက်လိုက်ပေတော့” အရီးက ကျုပ် ကမ်းပေးတဲ့ ရေခွက်ကို လှမ်း ယူပြီး သောက်ချလိုက်တယ် “အား…အောင်မယ်လေး၊ ပူလိုက်တာ၊ ပူ လိုက်တာ ၊ အောင်မယ်လေး၊ အန်ချင် တယ်၊ အန်ချင်တယ်” ဘိုးယာခင်က ကြွေရေသုတ် ထွေးခံကြီးကို အရီးရွှေမ ရှေ့ကို ထိုးပေးလိုက်တယ်။ “အန်လိုက်၊ ရွှေမ၊ အန်ချလိုက်၊ အန်ချ လိုက်” “အား…ပူတယ်၊ ပူတယ်၊ ဝေါ့၊ ဝေါ့” ဟာ အန်ပြီဗျို့၊ အန်ပြီ။ ဟာ ကွမ်းယာတစ် ယာဗျ။ ကြည့်စမ်း၊ ကွမ်းရွက်က အစိမ်းအ တိုင်းပဲ ရှိနေတာဗျို့။ တယ်လည်းစွမ်းတဲ့ ပညာတွေပါလားဗျာ။ ဟာ စိမ်းစိမ်းဝါဝါ အ ရောင်တွေ ထွက်လာတယ်ဗျို့။ ကျုပ်တောင် လန့်ပြီး သစ်စုန်းဆေးတော်ကို လက်က ယောင်ပြီးကိုင်လိုက်မိတယ်။ ဟော အရောင်တွေ မှိန်မှိန်သွားပြီး ပျောက်သွားပြီ ဗျ။ ဆရာနွံဖရဲ့ အင်းကလည်း စွမ်းလိုက်တာ ဗျာ။ အရီးရွှေမက မောသွားတဲ့ပုံနဲ့ ငြိမ်သွား တယ်ဗျ။ အော်တော့ မအော်တော့ဘူး။ “အရီး နေလို့ကောင်းရဲ့လား” အရီးရွှေမက ခေါင်းညိတ်ပြတယ်။ ပါးစပ်က တော့ ဘာမှမပြောနိုင်ဘူးဗျ။ တော်တော်ကို နုံးခွေနေပုံပဲ။ တဖြည်းဖြည်းတော့ လန်းလာ ပါတယ်။ ညနေစောင်းလောက်ရောက်တော့ တော်တော်လေး နေကောင်းသွားပြီဗျ။ကျုပ် နဲ့ ကျောက်ခဲတို့ နှစ်ယောက် ဘိုးယာခင်ရဲ့ ဝိုင်းထောင့်မှာ တွင်းနက်နက်ကလေး တစ် တွင်း တူးပြီး အရီးရွှေမရဲ့ပညာဗူးကို တွင်း ထဲမှာ မြှုပ်ပစ်လိုက်တယ်။ ခဏနေတော့ အရီးရွှေမလည်း စကား ကောင်းကောင်းပြောနိုင်လာတယ်။ ကျုပ်တို့လည်း ဘိုးယာခင်နဲ့ အရီးရွှေမကို နှုတ်ဆက်ပြီး ပြန်လာခဲ့ကြတယ်။ ကျောက် ခဲနှင့် သံမဏိလည်း သူတို့အိမ် ပြန်သွားကြ တာပေါ့ဗျာ။ အိမ်ရောက်တော့ အဘက ဆီ ကြိတ်တုန်းဗျ။ ကျုပ်က အဘကို ဖယ်ခိုင်းပြီး ဆီဝင်ကြိတ်တယ်။ ညခုနှစ်နာရီလောက်ကျ မှ ဆီကြိတ်တာ ပြီးသွားတာဗျို့။ ကျုပ်လည်း မနက်မိုးလင်းကတည်းက စလုပ် လိုက်တာ ခုမှပဲ ပြီးသွားတာလေ။ လူလည်း တော်တော်ပင်ပန်းနေပြီ။ ညစာ စားပြီးတာနဲ့ ကျုပ်လည်း အိပ်ရာတန်းဝင်တော့တာပါပဲဗျာ အဘကတောင် ပြောသေးဗျ။ “တာတေ အိပ်တော့မလားကွ၊ စကားမပြော တော့ဘူးလား” “ဟာ ကိုဉာဏ်ရယ်၊ အိပ်ပါစေတော်၊ ကျုပ် သားမှာ မနက်မိုးလင်းကတည်းက ဆီကြိတ် နေရတာတော်” “ဒီကြားထဲ ရွှေမကို ဆေးသွားကုပေးလိုက် ရသေးမို့လား၊ စားထားတဲ့ ကွမ်းယာက နှစ် လေးဆယ်လောက် ကြာတာတောင် အစိမ်း အတိုင်း ရှိနေတာဆိုပဲ ကိုဉာဏ်ရဲ့၊ ကျုပ်ဖြင့် ကြားရတာနဲ့တောင် ကြက်သီးထမိရဲ့တော်” အမေနဲ့ အဘ ပြောနေတဲ့အသံက တဖြည်း ဖြည်း ဝေးဝေးသွားသလိုဖြစ်ပြီး ကျုပ်အိပ် သွားတယ်။ “တာတေ၊ တာတေ၊ ထစမ်း၊ ထနောင်းကုန်း သင်္ချိုင်းကို ချက်ချင်းလာခဲ့၊ ငါ့ကိုယ်ခွဲရုပ်က လေးယူပြီး အခုချက်ချင်း လာခဲ့ တာတေ” အိပ်ပျော်နေရာကနေ ကျုပ် ‘ဝုန်း’ကနဲ ထ ထိုင်လိုက်မိတယ်။ ကျုပ်ရင်တွေလည်း တ ဒုန်းဒုန်း ခုန်နေလို့ဗျ။ ဒါ မဖဲဝါ အသံဗျ။ ကျုပ် ကောင်းကောင်းမှတ်မိတာပေါ့ဗျာ။ ဘယ်လိုဖြစ်တာပါလိမ့်။ အိပ်မက်ပဲဗျာ မက်ချင်တာ မက်မှာပေါ့လို့ တွေးလိုက် တယ် “ဟီး၊ ဟီး၊ ဟီး၊ ဟီး” ဟာ ဒါ ကျုပ်သေတ္တာထဲက မဖဲဝါရဲ့ ကိုယ် ခွဲရုပ်ကလေးအသံဗျ။ ကျုပ် အိပ်ရာက ချက် ချင်းထပြီး ဓါတ်မီးနဲ့ ထိုးကြည့်တယ်။သေတ္တာ ဖွင့်ပြီး အရုပ်ကလေးကို ထုတ်ယူလိုက်တယ် ဟာ အရုပ်ကလေး ကျုပ်လက်ထဲမှာ လှုပ်နေ သလိုပဲဗျ။ ထူးတော့ ထူးနေတာပဲဗျ။ ကျုပ် သွားရင်းကောင်းမလားလို့ တွေးနေမိ တယ်။ ဒီလိုအိပ်မက်မျိုးကို ကျုပ်တစ်ခါမှ မက်ဖူးတာမှ မဟုတ်တာ။ နောက်တော့ ကျုပ်သွားမယ်လို့ ဆုံးဖြတ် လိုက်တယ်။ မျက်ကွင်းဆေးကွင်းတယ်။ ကျုပ်ရဲ့ဆေးလွယ်အိတ်ကို စလွယ်သိုင်း လွယ်လိုက်တယ်။ မဖဲဝါကိုယ်ခွဲ အရုပ်က လေးကိုတော့ ကျုပ်လက်မှာ ကိုင်ထား တယ်။ ကျန်တဲ့လက်တစ်ဖက်က သုံးတောင့်ထိုး ဓါတ်မီးကို ကိုင်လို့ပေါ့ဗျာ။ အဘနဲ့ အမေ မနိုးအောင် တိတ်တိတ်ကလေး အိမ်က ထွက်လာခဲ့ရတာဗျ။ ရွာထဲရောက်တော့ လူ တွေ အိပ်မောကျနေကြလို့ဗျ။ ညသန်းခေါင် လောက် ရှိမှာဗျ။ ကျုပ်အိမ်ထဲက ထွက်ခါနီး မှာ သန်းခေါင်ကြက်တွန်သံ ကြားလိုက်ရ တယ်။ ကျုပ်က ဓါတ်မီးကို ခပ်အုပ်အုပ်ထိုး ပြီး ရွာပြင်ထွက်လာခဲ့တာဗျို့။ ရွာအနောက်ဘက်တံခါးကနေ ထွက်လိုက် တော့ ကုက္ကိုပင်တန်းကြီးအောက်ကို ရောက် လာတယ်။ ဒါ ကျုပ်တို့ရွာက အသုဘချတဲ့ လမ်းကလေးပေါ့ဗျာ။ နေ့ခင်းဆိုရင် နေပျောက်တောင်ထိုးတာ မ ဟုတ်ဘူးဗျ။ ကုက္ကိုပင်ကြီးတွေရဲ့ အရိပ်တွေ က ဆက်နေတာလေဗျာ။ ဒီကုက္ကိုပင်လမ်းက လေးဆုံးအောင် သွားလိုက်ရင် ကျုပ်တို့ ထ နောင်းကုန်းသင်္ချိုင်းကို ရောက်ရောဗျ။ ကျုပ်မက်တဲ့ အိပ်မက်ကလည်း အကောင် အထည်မြင်ရတာ မဟုတ်ဘူးဗျ။ အသံချည်း မက်တာ။ ကျုပ်သင်္ချိုင်းအဝကို ရောက်တော့ သင်္ချိုင်းထဲကို အကဲခတ်ကြည့်လိုက်မိတယ်။ ကျုပ်တော့ ထူးထူးခြားခြား ဘာမှမမြင်ဘူးဗျ။ အုတ်ဂူတွေကလည်း ကွယ်နေတော့ မမြင် ဘူးလေဗျာ။ ကျုပ် သင်္ချိုင်းဇရပ်ပေါ်ကို တက် ခဲ့တယ်။ ဇရပ်ကမြင့်တော့ အပေါ်စီးက မြင် နေရတာပေါ့ဗျာ။ ဟာ တွေ့ပြီဗျို့။ သင်္ချိုင်းရဲ့ အနောက်ဘက် က ကွင်းကြီးထဲမှာဗျ။ အလင်းတန်းကြီးတစ် ခု ထွက်နေတာကို တွေ့လိုက်ရတယ်။ကျုပ် လည်း ဂူတွေကိုပတ်ပြီး ခပ်သုတ်သုတ် လျှောက်လိုက်တယ်။ ကျုပ် ဓါတ်မီးကိုတော့ မထိုးဘူးဗျ။ အလင်း ရောင်ကို တွေ့သွားမှာလေဗျာ။ သင်္ချိုင်းကို ကျော်သွားတော့ လူနှစ်ဖက်လောက်ရှိတဲ့ မန်ကျည်းပင်ကြီးနောက်ကို ကျုပ်ပြေးကပ် လိုက်တယ်။ ကျုပ် အားလုံးမြင်နေ ကြား နေရပြီဗျ။ ဟာ မဖဲဝါကို ဖမ်းထားတာပဲဗျ။ မဖဲဝါကို စက်ကြိုးနဲ့ တုပ်နှောင်ထားတာဗျ။ ကျုပ် ကြည့်လိုက်တော့ အရပ်မြင့်မြင့် သျှောင်ထုံးကြီးနဲ့ လူကြီးဗျ။ လူကောင်ကြီးကလည်း ထွားထွားကြီးဗျ။ “ဟား ဟား ဟား ဟား၊ မဖဲဝါ၊ မဖဲဝါ အင် မတန် နာမည်ကြီးတဲ့ သရဲမ၊ အခုတော့ နင် ဘာတတ်နိုင်သေးလဲဟင်၊ အောက် လမ်းဆရာတွေကို နင့်လက်ဝါကြီးနဲ့ ရိုက် သတ်တာတို့၊ ကဲ အခု ထလာပြီး ငါ့ကို ရိုက်လိုက်စမ်း၊ ဟား၊ ဟား၊ ဟား၊ ရေမှာ ငရွေး၊ ကုန်းမှာငအေးတဲ့ဟေ့၊ ဆရာရှောင် ပြေး ဆရာအေး ဆိုတာ ငါပဲဟေ့။ ကောင်း ကင်စက်ကြိုးကိုတောင် နင်းနိုင်တဲ့ ငအေး တဲ့၊ သရဲမရဲ့” “အား၊ အား၊ အီး၊ အီး၊ အီး” မဖဲဝါရဲ့မချိမဆံ့ဝေဒနာ ခံစားနေရတဲ့ အော်သံကြီးဗျ၊ “ငါတောင်းတာပေး၊ နင် ဘယ်မှာ ဝှက်ထား တယ်ဆိုတာပြော၊ ငါ အခု သွားယူမယ်၊ အဲ ဒါ ရပြီဆိုတာနဲ့ နင့်ကို ငါ ချက်ချင်း လွှတ် ပေးမယ်” “အား၊ အား၊ အီး၊ အီး၊ အီး” မဖဲဝါရဲ့ တစ်ကိုယ်လုံးကို ကဝေစက်တွေနဲ့ ပတ်ထာတာဗျို့။ မဖဲဝါလည်း တော်တော် ကို ပူလောင်နေတဲ့ပုံဗျ။ “နင်ဟာ မယ်တော်လေးပါးရဲ့ အစေအပါးဆို တာ ဒီလောကမှာ သိသွားတာ ငါပဲရှိတယ်။ မြောက်ဘက်ရှင်မရဲ့ ပညာဗူးကို နင် စောင့် နေရတယ်ဆိုတာလည်း ငါပဲ သိတာ၊ အဲဒီပ ညာဗူးကိုသာ ငါရရင် ငါ့အသက်ကို ကြိုက် သလောက် ဆွဲဆန့်ထားလို့ရပြီဟေ့၊ ငါလို ချင်တာ နင်စောင့်နေရတဲ့ မြောက်ဘက်ရှင် မရဲ့ပညာဗူးပဲ၊ အဲဒီပညာဗူးရှိတဲ့ နေရာကို ပြော၊ မပြောရင် နင်သေပြီသာမှတ်ပေ တော့ မဖဲဝါရေ” ပြောရင်းဆိုရင်း ဆရာရှောင်ပြေး ဆရာ အေးဆိုတဲ့ ကဝေကြီးက သူ့လက်ကြီးတွေ ကို ရှေ့ထုတ်ပြီး ကွေးလိုက် ဆန့်လိုက် လုပ်လိုက်တယ်ဗျ။ ဟာ …သူ့လက်က အ နီရောင်တောက်နေတဲ့ အလင်းတန်းတွေ က မဖဲဝါဆီကို တန်းသွားတော့တာဗျ။ ပထမပတ်ထားတဲ့ လိမ္မော်ရောင်စက်တွေနဲ့ နောက်လွှတ်လိုက်တဲ့ အနီရောင်စက်တွေ ပေါင်းသွားပြီး ပထမလိမ္မော်ရောင်က အ ရောင် နှစ်ဆလောက် တောက်သွားတယ် ဗျို့။ “အား အား အား” မဖဲဝါရဲ့ အသံနက်ကြီးနဲ့ အော်တဲ့အသံ၊ ထ နောင်းကုန်းသင်္ချိုင်းထဲမှာ ပျံ့သွားတာပေါ့ဗျာ “ဟဲ့ သရဲမ၊ ငါတောင်းတဲ့ မြောက်ဘက်ရှင်မ ရဲ့ ပညာဗူးပေး၊ မပေးရင် ရှိတဲ့နေရာပြော” “မပြောဘူးဟေ့၊ မြောက်ဘက်ရှင်မရဲ့ပညာ ဗူးကို နင်ရဖို့နေနေသာသာ မြင်တောင် မြင် ခွင့် မရှိဘူး” “အောင်မာ သရဲမက ခုထိမာန်မလျှော့သေး ပါလား” “ဟဲ့အကောင်၊ နင် လက်ဦးသွားလို့ ငါခံရ တာဟဲ့၊ နင့်ကိုယ်နင် သိပ်အထင်ကြီးမနေ နဲ့၊ နင့်ကို ငါသတ်မှာ မကြာတော့ဘူး” “သြော် ဒီလိုလား၊ ကဲ နင်က ငါ့ကို သတ် နိုင်မလားဆိုတာ သိရအောင် ငါ့စက်တွေ ကို နင် အရသာခံကြည့်လိုက်ဟေ့” ဆရာအေးက သူ့လက်ကြီးတွေကို ရှေ့ဆန့် ပြီး ကွေးလိုက် ကောက်လိုက် လုပ်ပြန်ရော ဗျို့။ အစိမ်းရောင် တောက်နေတဲ့စက်တွေ တန်းထွက်သွားပြန်တယ်ဗျ။ မဖဲဝါဆီကို အ စိမ်းရောင် စက်တွေ တန်းရောက်သွားပြီး ပ ထမစက်တွေနဲ့ ရောသွားတယ်။ “အား၊ အား၊ အား၊ တာတေ၊ ငါ့ကိုယ်ခွဲကို အသက်သွင်းလိုက်” ဟာ ကျုပ်ရောက်နေတာကို မဖဲဝါ သိသွား ပြီဗျ၊ ကျုပ်ကလည်း ဘာလုပ်ရမှန်း မသိလို့ ကြည့်နေတာဗျို့။ ကျုပ်က မဖဲဝါကိုယ်ခွဲအရုပ်ကလေးကို အ ပေါ်မြှောက်ပြီး… “သင်္ချိုင်းရှင်မကြီးရဲ့အသက်ဝိညာဉ် ခုချက် ချင်းကြွလာစေဗျာ” လို့ ပြောလိုက်တယ်။ ဟာ ကျုပ်လက်ထဲမှာ ဆုပ်ထားတဲ့ အရုပ်ကလေးက တဆတ်ဆတ် တုန်လာတယ်ဗျို့။ ဟာ ခုန်ထွက်သွားပြီဗျာ။ ကျုပ်လက်ထဲကနေ ဆတ်ကနဲ ခုန်ထွက်သွား တဲ့ မဖဲဝါအရုပ်ကလေးက ချက်ချင်းလူဖြစ် သွားတာဗျို့။ အဲ လူတော့မဟုတ်ဘူးပေါ့ဗျာ။ မဖဲဝါ နောက်တစ်ယောက်ဖြစ်သွားတာလေ။ ဒုတိယမဖဲဝါပေါ့ဗျာ။ ဒီအရုပ်ကလေး ကျုပ် ဆီမှာ ရှိနေတာကြာပြီဗျ။ ဒီလိုမျိုး ဖြစ်သွား နိုင်တာကို သိကို မသိတာ။ ဒုတိယမဖဲဝါက ပထမ,မဖဲဝါထက် အရပ်ပိုရှည်တဲ့ပုံပဲဗျ။ ပုံ ကတော့ မဖဲဝါနဲ့ တစ်ပုံစံတည်းပါဗျာ။ “ဟဲ့ သရဲမ နင် ဘာတွေပြောနေတာတုံး၊ တာတေဆိုတာ ဘာကောင်လဲ၊ အခု ခေါ် လိုက်စမ်း၊ ဆရာအေးအကြောင်း သိသွား မယ်” ကျုပ်ကတော့ မကျည်းပင်ကြီးနောက်ကနေ ဘယ်ထွက်ရဲပါ့မလဲဗျာ။ “ဟီး ဟီး ဟီး ဟီး” ဒုတိယမဖဲဝါက ဆရာအေးရဲ့ နောက်ဘက် ပေနှစ်ဆယ်လောက်မှာ ရပ်နေတာဗျ။ ဒုတိ ယမဖဲဝါရဲ့ ရယ်သံကို ရုတ်တရက် ကြား လိုက်တော့ ဆရာအေး လန့်သွားပြီး နောက် ကို လှည့်ကြည့်တယ်ဗျို့။ “သြော် နင်က ဒီလောက်ပညာရှိနေတာကိုး၊ နင့်ကိုယ်ကို နှစ်ကိုယ်တောင် ခွဲနိုင်နေတာပဲ၊ အေးလေ နင်က မယ်တော်လေးပါးရဲ့အစေ အပါးပဲ၊ ဒီလောက်တော့ နင်တတ်မှာပေါ့။ ဒါ ပေမဲ့ မဖဲဝါနှစ်ယောက် မဟုတ်ဘူးဟေ့၊ အ ယောက်နှစ်ဆယ်လာလည်း ငအေးက မမှု ဘူးဟဲ့ သိသလား သရဲမ၊ ကဲ ငအေးအစွမ်း နင် သိရမှာပေါ့” ပြောရင်း ဆိုရင်းနဲ့ ဆရာအေးက သူ့လက် ကြီးနှစ်ဖက်ကို ကွေးလိုက် ဆန့်လိုက် လုပ် ပြန်ရောဗျို့။ ဟာ ထွက်လာပြန်ပြီဗျာ။ သူ့ လက်က စက်ရောင်စုံတွေဗျ။ အနီ၊ အဝါ၊ အစိမ်း၊ လိမ္မော်၊ ဟာ စက်တွေက အရောင် တွေ တလက်လက်နဲ့ ဒုတိယမဖဲဝါဆီကို တန်းသွားတာဗျ။ ဒုတိယမဖဲဝါက သူ့ဆီကို ပြေးဝင်လာတဲ့ စက်တွေကို လက်ကြီး မြှောက်ပြီး ရိုက်ချလိုက်ပြီဗျို့။ “ဖြောင်း၊ ဖြောင်း၊ ဖျန်း၊ ဖျန်း” ဟာ ဒုတိယမဖဲဝါ ရိုက်လိုက်တာ ဆရာအေး ရဲ့စက်တွေ ကွင်းကြီးထဲကို ဖြာထွက်သွားပြီ ဗျို့။ဆရာအေးက သူ့စက်တွေနဲ့ ပတ်ပြီး ချုပ် နှောင်ထားတဲ့ ပထမ မဖဲဝါကို တစ်ချက် ဖျတ် ကနဲ လှည့်ကြည့်တယ်။ ကျုပ်စိတ်ထင်တော့ ဆရာအေး နည်းနည်း တုန်သွားပုံရတယ်ဗျ။ ဒုတိယမဖဲဝါက သူ့ စက်တွေကို ရိုက်ဖျက်လိုက်တာကိုတော့ တော်တော်လန့်သွားတဲ့ပုံပဲဗျ။ ဟော ဆရာအေးက သူ့လက်ဝါးကြီးကိုဖြန့် ပြီး ရှေ့ကို ထုတ်လိုက်တယ်။ လက်ဝါးရဲ့ အလယ်တည့်တည့်က အနီရောင် စက်က လေး ထွက်လာတယ်ဗျ။ ထွက်လာတဲ့ အ စက်ကလေးက ကွမ်းသီးလုံးလောက်က လေးကနေ တင်းနစ်ဘောလုံးလောက်ဖြစ် သွားတယ်။ နောက်တော့ ခြင်းလုံးတစ်လုံး အရွယ်လောက် ဖြစ်သွားပြီး ဒုတိယမဖဲဝါ ဆီကို ပြေးဝင်သွားရောဗျို့။ ဟာ…ခြင်းလုံးအရွယ်ကနေ နီနီအလုံးကြီး က သပိတ်လုံးလောက် ဖြစ်သွားပြီး ဒုတိယ မဖဲဝါကို နှစ်တောင် အကွာလောက်ကနေ ပတ်တော့တာပဲဗျာ။ ဒုတိယမဖဲဝါလည်း နောက်ကို ခြေတစ်လှမ်း ခုန်ဆုတ်သွား တယ်ဗျို့ “ဟား၊ ဟား၊ ဟား၊ ဟား ဟဲ့ကောင်မတွေ ဘယ်လိုတုံး၊ မြောက်ဘက်ရှင်မရဲ့၊ တပည့် မကြီး ဘာလို့ခုန်ပြီး နောက်ဆုတ်သွားတာ တုံးဟဲ့၊ လုပ်လေ၊ ငါ့ကို ခံမလုပ်တော့ဘူး လား” ဒီလူ မှားသွားပြီဗျ၊ ကျုပ်ကြည့်နေတာ ဒီလူ သူ့ရဲ့ ကဝေစက်ကို နှစ်ဖက်ပြိုင်လွှတ်ရတဲ့ အခါ စက်တွေက တဖြည်းဖြည်း အရောင် လျော့ကျလာနေတာဗျ။ ဒါကို ဒီလူ ဆရာ အေး သတိမထားမိဘူးဗျ။ ဟော ဒီလူ လုပ်ပြန်ပြီဗျို့။ လက်ကြီးတွေ မြှောက်လာပြန်ပြီ။ ဟော ဟော ဒုတိယ မဖဲဝါကို ပတ်ပြီးပြေးနေတဲ့ သပိတ်လုံး လောက်ရှိတဲ့ နီနီအလုံးကြီးကို လက်နဲ့ ရိုက်သလို လှမ်းလုပ်လိုက်ပြီဗျို့။ ဟာ နီနီအလုံးကြီး ကွဲအက်ပြီး အထဲက လိမ္မော်ရောင်စက်တွေ လိုက်ပတ်နေပြီဗျို့။ ဟော ပတ်မိသွားပြီဗျာ၊ ဒုတိယမဖဲဝါစက် တွေ ပတ်တာခံလိုက်ရပြီဗျို့။ ဒါပေမဲ့ ဒုတိယမဖဲဝါက နည်းနည်းမှကို မ အော်ဘူးဗျ။ ကျုပ်လည်း အံ့သြနေတာ။ နောက်တစ်ခု ကျုပ် အံ့သြတာ ရှိသေး တယ်ဗျ။ ဆရာအေး ဆိုတဲ့လူက မဖဲဝါကို မြင်နေရတာ၊ ကျုပ် အံ့သြမိတယ်၊ ဒီလူ ပညာတော့ တော်တော် ထက်တာဗျ။ ဒါပေမဲ့ ကဝေရှောင်ပြေး ဆရာအေး ဆိုတဲ့ လူ သတိမထားမိတာ တစ်ခုရှိသေးတယ်ဗျ။ စောစောက စက်တွေနဲ့ အပတ်ခံထားရလို့ အသံနက်ကြီးနဲ့ အော်နေတဲ့ ပထမ မဖဲဝါဆီ က အော်သံ ထွက်မလာတော့ဘူးဗျ။ ဆရာ အေးရဲ့စက်တွေက နှစ်ယောက်ဆီ မျှသွား လို့လား မသိဘူးဗျာ။ စက်အေးတွေ လျော့ သွားပုံရတယ်။ ပထမတော့ မဖဲဝါရော၊ ဒုတိယ မဖဲဝါရော မျက်လုံးနီနီကြီးတွေနဲ့ ဆရာအေးကို ကြည့် နေကြတယ်။ “ဟား၊ ဟား၊ ဟား၊ ဟား၊ ကဲ ဘယ့်နှယ်ရှိစ မဖဲဝါ၊ နောက်ထပ်ပွားလို့ရရင် ပွားလိုက်စမ်း ပါဦး၊ ငအေးရဲ့စက်တွေ အကြောင်း သိသွား ရတာပေါ့၊ ဟား၊ ဟား၊ ဟား၊ ဟား၊ ငါလိုချင် တဲ့ မြောက်ဘက်ရှင်မရဲ့ ပညာဗူး မရလို့က တော့ နင့်ကို သေအောင်သတ်မယ်ဟေ့ မ မဖဲဝါရေ” “တာတေ အပြင်ထွက်လိုက်” မဖဲဝါက ကျုပ်ကို လှမ်းအော်ပြောတယ်။ ပ ထမ မဖဲဝါ ပြောတာဗျ။ ကျုပ်လည်း သံက ဝေရုပ်ကလေးကို လက်မှာ တင်းတင်းဆုပ် ပြီး မန်းကျည်းပင်အကွယ်ကနေ ထွက်လိုက် တယ်။ ဒီသံကဝေရုပ်ကလေးက ကျုပ်ကို ဆရာကြီး ဦးမင်းအောင် ပေးခဲ့တာဗျ။ လွှတ်စွမ်းတဲ့ အရုပ်ကလေးဗျ။ ကျုပ်ကို ဆ ရာအေး အန္တရာယ်ပြုရင်တော့ ကျုပ်လက် ထဲက သံကဝေရုပ်ကလေးကိုဂါထာစုတ် ပြီး လွှတ်လိုက်ရုံပေါ့ဗျာ။ (ဆရာကြီး ဦးမင်းအောင်အကြောင်းကို ကျုပ် ရေးခဲ့တဲ့ ကဝေဆယ့်နှစ်ကြိုး စာ အုပ်မှာ ဖတ်နိုင်ပါတယ်) ကျုပ် မန်ကျည်းပင်အောက်ကနေ ထွက်လာ တော့ ဆရာအေးက ကျုပ်ကို စိုက်ကြည့်နေ တယ် “မင်းက ဘယ်သူတုံး” “ကျုပ်က တာတေလေ” “တာတေ၊ ဘာတာတေလဲ၊ ဘယ်ကတုံး၊ အောက်လမ်းလား၊ အထက်လမ်းလား” “ကျုပ်က ဟောဒီထနောင်းကုန်းသား၊ အောက်လမ်းလည်း မဟုတ်ဘူး၊ အ ထက်လမ်းလည်း မဟုတ်ဘူး” “ဒါဆိုရင် မင်း ဘာလာလုပ်တာတုံး” “ပညာအားကိုးနဲ့ တစ်ဖက်သားကို အနိုင် ကျင့်တဲ့ ခင်ဗျားလိုလူကို ဇီဝိန်ခြွေပစ်ဖို့ ကျုပ် လာခဲ့တာပဲ” “ဘာကွ- ဟား- ဟား- ဟား- ဟား” ဆရာအေးက ကျုပ်အပေါ်မှာ အာရုံလုံးလုံး ရောက်သွားတယ်ဗျ၊ အဲဒါ သူ့အမှားပဲ။ မဖဲ ဝါ နှစ်ယောက်ကို ရစ်ပတ်ပြီး ဖမ်းထားတဲ့ ဆရာအေးရဲ့စက်တွေ ရုတ်တရက် အ ရောင်မှိန်ကျသွားတယ်။ ဒီအချိန်ကို စောင့်နေတဲ့ မဖဲဝါနှစ်ယောက် က ဆရာအေးရဲ့စက်တွေကို ပြိုင်တူရိုက် ဖြတ်ပစ်လိုက်ကြရောဗျို့။ “ဖျောင်း” “ဖျောင်း” ဟာ ဆရာအေးရဲ့ စက်တွေ လုံးဝပြတ်ထွက် သွားပြီဗျို့။ ဆရာအေး ချက်ချင်းနောက်ကို လှည့်ကြည့်တယ်။ သူ့လက်ကြီးတွေကို ရှေ့ ကို ဆန့်လိုက်တယ်။ ဒါပေမဲ့ ဒီလူ သိပ်နောက်သွားပြီဗျ။ “ဘုန်း” “ဘုန်း” “ဒုတ်” “အား- အင့်” မဖဲဝါက နောက်ကနေ ပြေးဝင်လာပြီး ဆရာအေးရဲ့ ကျောကုန်းကို လက်ဝါး ကြီးနဲ့ နှစ်ချက်ဆင့်ရိုက်ချလိုက်တယ်ဗျ။ ‘ဘုန်း၊ ဘုန်း’ဆိုတာ မဖဲဝါ ရိုက်လိုက်တဲ့ အသံပေါ့၊ ‘ဒုတ်’ဆိုတဲ့အသံက ကိုယ်ခွဲမဖဲဝါက ရှေ့ ကနေ ခုန်ဝင်ပြီး ရင်ဝကို ဒူးနဲ့တိုက်ချလိုက် တာဗျ။ ပြီးတော့ ဒုတိယမဖဲဝါရဲ့ ကိုယ်ခွဲက ဆရာအေးရဲ့ခေါင်းကို လက်ကြီးနှစ်ဖက်နဲ့ ကိုင်ပြီး လိမ်ချိုးပစ်လိုက်ရောဗျို့။ ဆရာအေးကြီး’အား’ကနဲ တစ်ချက်ပဲ အော် လိုက်နိုင်တယ်။ ရှေ့ကို မှောက်ခုံကြီး ထိုး လဲသွားရောဗျို့။ ဟာ ဆရာအေးရဲ့ မျက် နှာကြီးက ကျောကုန်းဘက်ကို ရောက်နေ ပါရောလားဗျာ။ ဒီတုန်းမှာပဲ ကျုပ်လက်ထဲ ကို မဖဲဝါရဲ့ကိုယ်ခွဲရုပ်ကလေး ပြန်ရောက် လာတယ်။ မဖဲဝါကလည်း ဆံပင်ဖားလျား ကြီးနဲ့ ကျုပ်ကို ရပ်ကြည့်နေတယ်။ ကျုပ်က သုံးတောင့်ထိုး ဓါတ်မီးလေးကို ထိုးပြီး ရွာကို ပြန်ခဲ့တော့တာပေါ့ဗျာ။
ပြီးပါပြီ။