မြန်မာ/ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးအား အဆင့်မီ လုံခြုံစေရန် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ထား

Posted on

နေပြည်တော်(စက်တင်ဘာ ၁၄ရက်)။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအား အဆင့်မီ လုံခြုံစွာ

အမြန်ဆုံး ကာရံရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားပြီး လက်ရှိတွင်

နိုင်ငံတော်က ကျပ်ငွေ ၅ဘီလီယံ ဘတ်ဂျက်ချပေးထားသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“အတိုင်ပင်ခံရဲ့ လမ်းညွှန်ချက်က ဘာလည်းဆိုတော့လက်ရှိခြံစည်းရိုးကို ပိုပြီးတော့ အဆင့်အတန်း

မြင့်မားအောင် လုပ်ဖို့၊ အဲ့ဒီအတွက် ကုန်ကျစရိတ်ကိုလည်း ချက်ချင်း ဖြည့်ဆည်းပေးဖို့ဆိုပြီး လမ်းညွှန်ထားတာ

ရှိတယ်” ဟု ဦးဇော်ဌေးက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် စက်တင်ဘာ ၁၃ရက်၊ ညနေပိုင်းက မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရေထွက်ပေါက်များအပါအဝင် ခြံစည်းရိုးကာရံခြင်းအတွက်

ဘတ်ဂျက်ငွေ ကျပ် ၅ဘီလီယံ ချပေးထားပြီး ခြံစည်းရိုး အမြင့်ကော၊ ခိုင်မာမှုကိုပါ ဆက်လက်

လုပ်ဆောင်သွားမည်ဟု ဦးဇော်ဌေးက ဆိုသည်။

“ခြံစည်းရိုးနဲ့ပတ်သက်ပြီး ပေါက်တဲ့နေရာတွေ ရှိတယ်။ အဲ့ဒီ ပေါက်တဲ့နေရာတွေအပြင် ပျက်နေတာကလည်း

မိုင်တိုင်အမှတ် ၃၀ကနေ ၄၇အထိ သူတို့က တော်တော်လေး ပေါက်နေတာ ရှိတယ်။ အဲ့ဒီအပေါက်ကနေ

ထွက်ပြေးနေတာ ရှိတယ်။ အဲ့ဒါကိုလည်း ဖာတဲ့နေရာ လုပ်နေပြီ” ဟု ၎င်းက ပြောသည်။

CD: mizzima

Leave a Reply

Your email address will not be published. Required fields are marked *