ရုရှားတပ်မတော်ရဲ့ သံချပ်ကာယာဉ် BMPT-72 Terminator 2 အကြောင်း

Posted on

ရုရှားတပ်မတော်ရဲ့ သံချပ်ကာယာဉ်တွေသည် ချေချင်းညှာစစ်ပွဲမှာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသောကြောင့် ရုရှားတပ်မတော်ဟာ မြို့တွင်းတိုက်ပွဲတွေမှာ ပင်မတိုက်ပွဲဝင်တင့်တွေကို အထောက်အကူကာကွယ်ပစ်ကူပေးနိုင်မယ့် သံချပ်ကာတိုက်ယာဉ်တစ်မျိုးတီထွင်ခဲ့ကြပါသည်။ ထို့အတွက်ကြောင့် တင့်အကူပေးတိုက်ယာဉ်ဖြစ်သောBMPTများရဲ့အစ နမူနာအဖြစ် Object 781 / Object 782 / Object 787 /Object 745 တိုက်ယာဉ်ပုံစံတို့ကိုတည်ဆောက်ပေးပြီတိုက်ပွဲဝင်ကြပေမဲ့ ပထမဂရိုဇနီတိုက်ပွဲမှာ ရုရှားသံချပ်ကာတပ်မဟာတစ်ခုလုံးကိုပြည့်ဝစွာကာကွယ်မပေးနိင်ခဲ့ဘဲ ချေမှုန်းခံခဲ့ရသောကြောင့် Object 199 Ramka ခေါ်BMPT-1ကို2000ခုနှစ်မှာထုတ်လုပ်ခဲ့ပြီ နောက်ထပ်မျိုးဆက်သစ်အဆင့်မြင့်BMPT-72ကိုတော့2013ခုနှစ်မှာတပ်တော်ဝင်နိင်ခဲ့ပါသည် ။

BMPT-72ကိုUralvagonzavod စက်ရုံမှတာဝန်ယူကာT-72 Tankကိုအခြေခံတည်ဆောက်ထားပြီTerminator 2ဟုလည်းအမည်ပေးထားကာ ရန်သူ့တင့်များ၊ သံချပ်ကာလူသယ်ယာဉ်များကို တိုက်ခိုက်နိုင်ခြင်း ရန်သူများ၏ပစ်ခတ်မှုများကိုတန်ပြန်ဖိအားပေးပစ်ခတ်ခြင်း ရန်သူရဲ့အနီးကပ်တိုက်ခိုက်မှုများကိုခုခံကာကွယ်နိင်ပြီ လျင်မြန်စွပစ်ခတ်ချေမှုန်းခြင်းတို့ကိုဆောင်ရွက်နိင်ကာ မိမိသံချပ်ကာတပ်ဖွဲ့အား ကောင်းမွန်စွာအထောက်အကူပြုကာကွယ်ပေးနိင်ပါသည်။ နျူကလီးယား၊ ဓာတု၊ ဇီဝ ကာကွယ်ရေးစနစ်တပ်ဆင်ထားသောကြောင့် တိုက်ယာဉ် အဖွဲ့သားများသည်​ ရေဒီယိုသတ္တိကြွမှုနှင့်ဓာတုလက်နက်စနစ်များ၏ဒဏ်ကိုကာကွယ်နိုင်စွမ်းရှိပြီ အလိုအလျောက်မီးငြိမ်းသတ်ရေးစနစ်ကိုလဲတပ်ဆင်ထားပါသည်။

အဆင့်မြင့်ပေါက်ကွဲမှုတုံ့ပြန်သံချပ်ကာ(ERA)များဖြင့်ကာကွယ်ထားသောကြောင့် တင့်ဖျက်ဒုံးများ ၊ လက်နက်ကြီးကွဲစဒဏ်များ ၊ RPGများကိုကာကွယ်နိင်ပါသည်။လမ်းကြောင်းထောက်လှမ်းရေးစနစ်များ၊ ဘက်စုံသုံးဗီဒီယိုကင်မရာနှင့် တိုက်ယာဉ်မှူးနှင့်အမြောက်ပစ်သမားတို့အတွက် အပူပုံရိပ်ဖော်နှင့် လေဆာအကွာအဝေးတိုင်းမြင်ကွင်းကြည့်ရှုရေးကိရိယာ ညကြည့်ကိရိယာ​တို့ကို တပ်ဆင်ထားပါသည်။

မြင်းကောင်ရေ ၈၅၀ ရှိသောB84MC အင်ဂျင်ကိုတပ်ဆင်ထားပြီ တစ်နာရီလျှင်60kmနူန်းဖြင့် 550kmအားစစ်ဆင်နိင်ကာ 0.85mအမြင့်ရှိသောဒေါင်လိုက်အမြင့်များ ၊ ရေအနက်1.2m ၊ ကြိုတင်ပြင်ဆင်မှုရှိပါကရေအနက် 1.8mကိုကျော်ဖြတ်နိင်ပါသည်။

လက်နက်တပ်ဆင်မှု 9M120 Atakaပဲ့ထိန်းဒုံးပစ်လောင်ချာ ၄ လက် ၊ကျည်(850)ပါ 2A42 30mm မောင်းပြန်စက်အမြောက် ၂ လက်၊ ကျည်(600)ပါAG-17D 30mmဗုံးပစ်လောင်ချာတစ်လက်နှင့် ကျည်(2000)ပါ PKTM 7.62mm ယှဉ်တွဲစက်သေနတ်တစ်လက်တို့ကိုတပ်ဆင်ထားပါသည်။ 9M120 Ataka missileသည် ဘက်စုံသုံးတင့်ဖျက်အမျိုးအစားဖြစ်ပြီ 6kmအကွာက950mmသံချပ်ကာအထူကို ဖောက်ထွင်းနိုင်စွမ်းရှိသည်။

2A42 30mm မောင်းပြန်စက်အမြောက်သည် APDS-Tကျည် ၊ HEF-I ကျည် ၊ AP-T ကျည်နှင့်KE ကျည် အမျိုးအစားများကိုတစ်မိနစ်လျှင်ကျည် (600)တောင့်နှုန်းဖြင့် အကွာအဝေး4000mကိုပစ်ခတ်နိင်ပါသည်AG-17D 30mmဗုံးပစ်လောင်ချာသည် တစ်မိနစ်လျှင်ကျည်(480)နူန်းဖြင့် 1700mကိုပစ်ခတ်နိင်ပါသည်။

Myanmar-Weapons-Observers

0 thoughts on “ရုရှားတပ်မတော်ရဲ့ သံချပ်ကာယာဉ် BMPT-72 Terminator 2 အကြောင်း

Leave a Reply

Your email address will not be published. Required fields are marked *