Local News

ဘဂၤါလီမြတ္စလင္ဒုကၡသည္ဒါဇင္မ်ားစြာသည္ ဘဂၤလားေဒ့ရွ္သို႔ ပလတ္စတစ္ေဖာင္မ်ားျဖင့္ ထြက္ေျပးေန

Written by LatKhat Than

ဘဂၤါလီမြတ္စလင္ ဒုကၡသည္ဒါဇင္မ်ားစြာသည္ ဘဂၤလားေဒ့ရွ္သို႔ သြားရန္အတြက္ ပလတ္စတစ္ေရပုံးမ်ားျဖင့္ လုပ္ထားေသာေဖာင္မ်ား သုံးစြဲခဲ့ၾကေၾကာင္း ဘဂၤလားေဒ့ရွ္ တာ၀န္ရွိသူမ်ားက ေျပာၾကားခဲ့ၾကသည္။ ဘဂၤလားေဒ့ရွ္ ကမ္း႐ိုးတန္းရြာ ရွားပိုရီရာဒီ၀တ္သို႔ ေမ်ာလာေသာ ပလတ္စတစ္ေဖာင္ တစ္ခုကို ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားက ႏုိ၀င္ဘာ ၈ ရက္တြင္ ေတြ႕ရွိခဲ့ၿပီး ယင္းေဖာင္တြင္ လူ ၅၀ ေက်ာ္ လုိက္ပါခဲ့ ေၾကာင္း ေဒသခံနယ္ျခားေစာင့္တပ္မွဴး အက္စ္အမ္အာရီဖူးအစၥလာမ္က ေျပာၾကားခဲ့သည္။

ဘဂၤါလီမြတ္စလင္မ်ားသည္ နတ္ျမစ္ကို ျဖတ္ေက်ာ္ရန္အတြက္ ပလတ္စလစ္ေရဗူးမ်ားကို ေဖာင္လုပ္ခဲ့ၾကေၾကာင္း ၎က ေျပာၾကားခဲ့ၾကသည္။ အႏၲရာယ္ႀကီးေသာ ေရလမ္းခရီးကို ပလတ္စတစ္ေရဗူးမ်ားျဖင့္ လုပ္ထားသည့္ ေဖာင္ျဖင့္ ျဖတ္ကူးျခင္းေၾကာင့္ ေသဆုံးမႈမ်ား ျဖစ္ေစေၾကာင္း ေဒသခံရဲအရာရွိ အဗၺဒူဂ်က္ဘာက ေျပာၾကားခဲ့သည္။ ဘဂၤလားေဒ့ရွ္ ေလွသမားမ်ားက ေငြေၾကးအဆမတန္ေတာင္းမႈေၾကာင့္ ဘဂၤါလီမြတ္စလင္မိသားစုမ်ားသည္ ေငြေပးရန္ မတတ္ႏုိင္ၾကေၾကာင္း ဒုကၡသည္တစ္ဦးက ေျပာၾကားခဲ့သည္

Credit to Eleven Media

===================================

unicode version

ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်ဒါဇင်များစွာသည် ဘင်္ဂလားဒေ့ရှ်သို့ သွားရန်အတွက် ပလတ်စတစ်ရေပုံးများဖြင့် လုပ်ထားသောဖောင်များ သုံးစွဲခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းရွာ ရှားပိုရီရာဒီဝတ်သို့ မျောလာသော ပလတ်စတစ်ဖောင် တစ်ခုကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များက နို၀င်ဘာ ၈ ရက်တွင် တွေ့ရှိခဲ့ပြီး ယင်းဖောင်တွင် လူ ၅၀ ကျော် လိုက်ပါခဲ့ ကြောင်း ဒေသခံနယ်ခြားစောင့်တပ်မှူး အက်စ်အမ်အာရီဖူးအစ္စလာမ်က ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များသည် နတ်မြစ်ကို ဖြတ်ကျော်ရန်အတွက် ပလတ်စလစ်ရေဗူးများကို ဖောင်လုပ်ခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့ကြသည်။ အန္တရာယ်ကြီးသော ရေလမ်းခရီးကို ပလတ်စတစ်ရေဗူးများဖြင့် လုပ်ထားသည့် ဖောင်ဖြင့် ဖြတ်ကူးခြင်းကြောင့် သေဆုံးမှုများ ဖြစ်စေကြောင်း ဒေသခံရဲအရာရှိ အဗ္ဗဒူဂျက်ဘာက ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် လှေသမားများက ငွေကြေးအဆမတန်တောင်းမှုကြောင့် ဘင်္ဂါလီမွတ်စလင်မိသားစုများသည် ငွေပေးရန် မတတ်နိုင်ကြကြောင်း ဒုက္ခသည်တစ်ဦးက ပြောကြားခဲ့သည်

Credit to Eleven Media

About the author

LatKhat Than

Leave a Comment