နိုဝင်ဘာလကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စုစုပေါင်း ကိုယ်စားလှယ် ၆၉ ဦး အမည်စာ ရင်းတင်သွင်း

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စုစုပေါင်း ကိုယ်စားလှယ် ၆၉ ဦး အမည်စာ ရင်းတင်သွင်းကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကပြောကြားသည်။
နိုင်ငံရေးပါတီ ၂၄ ခုမှ ကိုယ် စားလှယ်လောင်း ၆၂ ဦးနှင့် တစ် သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ခုနစ်ဦး စုစုပေါင်း ၆၉ ဦး ကိုယ် စားလှယ်လောင်းစာရင်းပေးသွင်း ကြောင်း ၎င်းကပြောသည်။

လစ်လပ် ၁၃ နေရာအတွက် ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ဒီချုပ်ပါတီသာ နေရာပြည့်ယှဉ်ပြိုင် ရန်စာရင်းပေး သွင်းထားသည်။ ဒီချုပ်၏ အဓိ ကပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီက လစ်လပ် ၁၀ နေရာတွင် ယှဉ်ပြိုင် ရန် ကိုယ်စားလှယ်လောင်းအမည် စာရင်း တင်သွင်းထားသည်။

ယခုနှစ် နိုဝင်ဘာတွင် ကျင်း ပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးအပြင် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ အမျိုးသားတိုးတက် ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့လည်း ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသည်။

ထို့အပြင် မြန်မာ့လူ့ဘောင် သစ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင် အမျိုးသားပါတီ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက် တစ်ပါတီ၊ ကချင်ဒီမိုကရက်တစ် ပါတီ၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါ တီ၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမား အင်အားစုပါတီ၊ ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက် ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်း ညီညွတ်ရေးပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါ တီ၊ မြိုတိုင်းရင်းသား ဒေသခံဖွံ့ ဖြိုးရေးပါတီတို့လည်း ကိုယ် စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားသည်။

ယခုကြားဖြတ်ရွေးကောက် ပွဲ ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်း ထားသည့် ပါတီများအနက် မြန် မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ၊ ပြည် သူ့အလုပ်သမားပါတီနှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းမှ တည်ထောင်ခွင့်ရ သည့် ပါတီများဖြစ်ပြီး ရွေး ကောက်ပွဲ ပထမဆုံး ယှဉ်ပြိုင်မည့် မျက်နှာသစ်ပါတီများဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲအ တွက် ကိုယ်စားလှယ်လောင်းအ မည်စာရင်းတင်သွင်းမှုကို ဇူလိုင် ၂ ရက်မှ ၁၁ ရက်အထိ ၁၀ ရက် ကြာ ခွင့်ပြုခဲ့သည်။ ကော်မရှင် သည် ကိုယ်စားလှယ်လောင်း အ မည်စာရင်းတင်သွင်းလွှာများကို ဇူလိုင် ၁၆ မှ ၂၆ ရက်အထိ စိစစ်မည်ဖြစ်သည်။

credit:7Day Daily news

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *