မြန်မာနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံရမှုနဲ့ အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ သူတွေကိုပြန်လည်လက်ခံရေး အချက်အလက်မပြည့်စုံလို့ စစ်ဆေးဖို့ အခက်အခဲရှိနေ”

မြန်မာနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံရမှုနဲ့ အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ သူတွေကို မြန်မာအစိုးရအနေနဲ့ပြန်လည်လက်ခံရေးဆောင်ရွက်တဲ့အခါမှာ အချက်အလက်တွေ မပြည့်စုံတာကြောင့် စီစစ်ဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။

အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ဆွေက` မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို ပြန်လည်စီစစ်နေရတဲ့အပိုင်းဖြစ်ပါတယ်။သူတို့ ပို့ လိုက်တဲ့စာရင်းဟာ လူနာမည်ပဲပို့ ထားတယ်။သူ့ ရဲ့ နေရပ်လိပ်စာမပါဘူး။အဲဒီအခါကျတော့ ပြန်လည်စီစစ်ဖို့ ခက်ပါတယ်။နာမည်တွေကလည်း မြန်မာနိုင်ငံသား နာမည်တွေလို့ ပြောရတာခက်ပါတယ်။တစ်ချို့ လည်းပဲ တောင်းခံတဲ့အခါမှာ သူတို့ က တခြားနိုင်ငံတွေမှာ မွေးဖွားတယ်လို့ ပြောလာတာတွေရှိပါတယ်`လို့ ပြောပါတယ်။

ပြည်နှင်ဒဏ်ပေးခံရတဲ့သူတွေကို ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံကြားသဘောတူညီမှုရရှိထားတာဖြစ်ပြီး အမေရိကန်နိုင်ငံက ပေးပို့ အဆိုပြုလာတဲ့ စာရင်းအရ ပြည်နှင်ဒဏ်ပေးခံရတဲ့ ဦးရေ ၄၇ ဦးရှိပါတယ်။သည်ထဲမှ ၁၆ ဦးကိုတော့ သူ တို့ ပြန်လည်လက်ခံဖို့ စတင်တောင်းဆိုစဉ်ကတည်းက လက်ခံဖို့ ချက်ချင်းအကြောင်းပြန်ပေးခဲ့ပြီး နောက်ထပ် ၃၁ ဦးကိုတော့ လက်ရှိမှာ ပြန်လည်လက်ခံဖို့ စီစစ်နေဆဲပဲဖြစ်ပါတယ်။

အချက်အလက်တွေ မပြည့်စုံတာကြောင့် ပြန်လည်လက်ခံရေးကိစ္စမှာ မြန်မာအစိုးရဘက်က ကြံ့ကြာမှုတွေရှိနေခဲ့ပေမယ့်လည် တစ်ဖက်နိုင်ငံကတော့ အခုလို ကြံ့ကြာမှုတွေရှိနေတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ မှာတော့ ပြည်ထဲရေးဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးနှင့်အထက်ရှိပုဂ္ဂိုလ်များ၊အလုပ်သမား၊လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချူပ်နှင့်အထက် ရှိတဲ့ပုဂ္ဂိုလ်တွေကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနဆီကိုတော့ တရားဝင်အကြောင်းကြာလာခြင်းမရှိသေးဘူးလို့ လည်း ၀န်ကြီးဦးမြင့်ဆွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာအစိုးရအနေနဲ့ ပြန်လည်လက်ခံရေးကိစ္စကို အမြန်ဆုံးပြီးနိုင်အောင် စိစစ်ရာမှာ အခက်အခဲဖြစ်နေတဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် သက်ဆိုင်ရာသံရုံးတွေ၊အမေရိကန်နိုင်ငံမှာရှိတဲ့ ဌာနတွေနဲ့ ဆက်သွယ်ပြီးတော့မှ ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

credit:Kumudra

Share သွားပေးပါမိတ်ဆွေ

Add a Comment

Your email address will not be published. Required fields are marked *