စပိန္ကေန ခြဲထြက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့အတြက္ ဖမ္းဆီးခံထားရတဲ့ ကတ္တလန္ပါလီမန္ဥကၠ႒ႏွင့္ လႊတ္ေတာ္အမတ္ ၄ ဦးကို အာမခံျဖင့္ ျပန္လႊတ္

စပိန္ကေန ခြဲထြက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့အတြက္ ဖမ္းဆီးခံထားရတဲ့ ကတ္တလန္ပါလီမန္ဥကၠ႒နဲ႔ လႊတ္ေတာ္အမတ္ ၄ ဦးကို ႏိုဝင္ဘာ ၉ ရက္က အာမခံနဲ႔ ျပန္လႊတ္ေပးလိုက္ပါတယ္။

ကတ္တလန္လႊတ္ေတာ္ဥကၠ႒ကုိ ယူ႐ုိ ၁ သိန္းခြဲနဲ႔ က်န္လႊတ္ေ္တာ္အမတ္ ၄ ဦးကေတာ့ ယူ႐ုိ ၂ ေသာင္းခြဲစီ အာမခံေပးလိုက္တာ ျဖစ္ပါတယ္။

စပိန္အစိုးရက ကတ္တလန္အစိုးရ အဖြဲ႔ဝင္ေဟာင္း ၈ ဦးကို ဖမ္းဆီးထိန္းသိမ္းထားဆဲျဖစ္ၿပီး သူတုိ႔ကုိ ႏုိင္ငံေတာ္ပုန္ကန္မႈ၊ သူပုန္ထမႈေတြနဲ႔ ဆက္လက္တရားစီရင္ စစ္ေဆးမွာပါ။

ကတ္တလန္ေဒသကို စပိန္ကေန ခြဲထြက္ဖို႔ ေၾကညာလိုက္အၿပီးမွာ စပိန္အစိုးရက ကတ္တလန္အစိုးရကို ဖ်က္သိမ္းၿပီး ခြဲထြက္ေရးလိုလားတဲ့ ကတ္တလန္ေခါင္းေဆာင္ ၂၀ ေလာက္ကို တရား႐ုံး ဆင့္ေခၚခဲ့တာပါ။

ဒါ့အျပင္ ဘယ္လ္ဂ်ီယံကို ေရာက္ရိွေနတဲ့ ကတ္တလန္ေခါင္းေဆာင္ ပူအီဒမုန္အား ဖမ္းဝရမ္းထုတ္တဲ့စာ ဘယ္လ္ဂ်ီယံအစိုးရကုိ ေပးပို႔ခဲ့တယ္လို႔ ႐ုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

Credit:DVB

=============================

unicode version

စပိန်ကနေ ခွဲထွက်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ကတ်တလန်ပါလီမန်ဥက္ကဋ္ဌနဲ့ လွှတ်တော်အမတ် ၄ ဦးကို နိုဝင်ဘာ ၉ ရက်က အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ကတ်တလန်လွှတ်တော်ဥက္ကဋ္ဌကို ယူရို ၁ သိန်းခွဲနဲ့ ကျန်လွှတ်ေ်တာ်အမတ် ၄ ဦးကတော့ ယူရို ၂ သောင်းခွဲစီ အာမခံပေးလိုက်တာ ဖြစ်ပါတယ်။

စပိန်အစိုးရက ကတ်တလန်အစိုးရ အဖွဲ့ဝင်ဟောင်း ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး သူတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ သူပုန်ထမှုတွေနဲ့ ဆက်လက်တရားစီရင် စစ်ဆေးမှာပါ။

ကတ်တလန်ဒေသကို စပိန်ကနေ ခွဲထွက်ဖို့ ကြေညာလိုက်အပြီးမှာ စပိန်အစိုးရက ကတ်တလန်အစိုးရကို ဖျက်သိမ်းပြီး ခွဲထွက်ရေးလိုလားတဲ့ ကတ်တလန်ခေါင်းဆောင် ၂၀ လောက်ကို တရားရုံး ဆင့်ခေါ်ခဲ့တာပါ။

ဒါ့အပြင် ဘယ်လ်ဂျီယံကို ရောက်ရှိနေတဲ့ ကတ်တလန်ခေါင်းဆောင် ပူအီဒမုန်အား ဖမ်းဝရမ်းထုတ်တဲ့စာ ဘယ်လ်ဂျီယံအစိုးရကို ပေးပို့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Credit:DVB

Share သြားေပးပါမိတ္ေဆြ

Add a Comment

Your email address will not be published. Required fields are marked *