ဒုက္ခသည်စခန်းက ပြန်လာမယ့် လူဦးရေ စာရင်းထဲမှာ အကြမ်းဖက်အဖွဲ့ဝင် (၅၄) ဦးပါဝင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ထားတဲ့ ဘင်္ဂါလီ ဒုက္ခသည် စာရင်းထဲက ၅၄ ဦးဟာ အကြမ်းဖက် လုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန် က အတည်ပြုခဲ့ပါတယ်။

အကြမ်းဖက်မှုတွေမှာပါဝင်ခဲ့သူတွေကို သူတို့အနေနဲ့ ဘယ်လိုအကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်လုပ်ဆောင်ခဲ့ တယ်ဆိုတာကို အသေးစိတ်ထုတ် ဖော်ပြောလို့ မရသေးကြောင်းနဲ့ ဒီလူတွေစာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရထံ ပေးပို့ထားပြီး ဖြစ်တယ်လို့လည်း RFA သတင်းဌာနမှာ ဖော်ပြလာပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ၂၀၁၈ခုနှစ် ဇန်နဝါရီလက မူလနေရပ်ကို ပြန်လာလိုသူ ဒုက္ခသည်ဦးရေ ၈၀၃၂ ဦးရဲ့ စာရင်းကို မြန်မာအစိုးရထံ ပေးပို့ခဲ့ပါတယ်။ ဒုက္ခသည်ဦးရေ ၈၀၀၀ ကျော်ထဲက လူဦးရေ ၆၄၇၂ ဦးကို စိစစ်ပြီးဖြစ်ပြီး အမှန်တကယ်နေထိုင်ခဲ့သူတွေလို့ အတည်ပြုထားသူ ၄၆၀၀ ရှိပြီး အဲဒီထဲက ၂၀၀၀ ကျော်ကို အခု နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး ပြန်လည် လက်ခံသွားမှာ ဖြစ်ပါတယ်။

အခုလို ဒုက္ခသည်စခန်းကနေ ပြန်လာမယ့် ဘင်္ဂါလီတွေကို ပင်လယ်ကမ်းခြေဒေသဖြစ်တဲ့ မောင်တောမြို့နယ်တောင်ပိုင်းမှာ နေရာချထားမပေးဖို့၊ နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်မဖြစ်ပေါ်စေဖို့နဲ့ ဒေသတွင်းနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံမှုရှိဖို့ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။

ref:mcntv news

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *