Sport News

မန်စီးတီးအသင်းအား ဖီဖာစစ်ဆေး၊ တစ်စုံ တစ်ဦးက တစ်စုံတစ်ခု လုပ်ပြသင့်ပြီဟု ဂျာဂင်ကလော့ပ် ပြောကြား

ကမ္ဘာ့ဘော လုံးအဖွဲ့ချုပ်(ဖီဖာ)သည် ပရီးမီးယား လိဂ်ကလပ် မန်စီးတီးအသင်းကို ၎င်းတို့ တားမြစ်ထားသည့် တတိယမြောက်အဖွဲ့အစည်း ပါဝင်ပတ် သက်မှုလုပ်ငန်းစဉ်ကို တစ်ဖက် လှည့်ဖြင့် ချိုးဖောက်ခဲ့ဖွယ်ရှိသည်ဟူသော သံသယဖြင့် စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မန်စီးတီးသည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် မေလ၌ ဒိန်းမတ်ကလပ် နော့ဒ်ဂျဲလန်းဒ်အသင်းနှင့် အကျိုးတူပူးပေါင်းရေးစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစာချုပ်၌ နော့ဒ်ဂျဲလန်းကလပ်က ဂါနာနိုင်ငံတွင် တည်ဆောက်ထားသော လူငယ်အကယ်ဒမီရှိ ကစားသမားများအနက်မှနေ၍ ၎င်းတို့သဘောကျသည့် ကစားသမားကို အသင်းထံသို့ လွပ်လာစွာ ခေါ်ယူနိုင်ရန် မန်စီးတီးက သဘောတူညီမှုရယူထားခြင်းမှာ တတိယအဖွဲ့အစည်းစည်းမျဉ်းကို တစ်ဖက်လှည့်ဖြင့် ဖောက်ဖျက်ခြင်းပင်ဖြစ်သည်ဟု ဖီဖာက စွပ်စွဲထားသည်။

ဖီဖာသည် ကမ္ဘာ့လောလုံးလောကအလယ်တွင် ရေပန်းစားထင်ပေါ်ခဲ့ဖူးသော တတိယမြောက်အဖွဲ့အစည်းတစ်ခုက ကစားသမားတစ်ဦး သို့မဟုတ် အသင်းတစ်သင်း၏လွပ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့်တို့အပေါ် ၀င်ရောက်စွက်ဖက် ကန့်သတ်ထိန်းချုပ်ခြယ်လှယ်သော လုပ်ရပ်များကို ၂၀၁၅ ခုနှစ်တွင် ဥပဒေထုတ်ပြန် တားမြစ်လိုက်ခြင်းဖြစ်ပြီး စပိန်လာလီဂါကလပ် ဆီဗီလာနှင့် နယ်သာလန်ကလပ် အက်ဖ်စီတွမ်တီးတို့မှာ ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ခြင်းကြောင့် ပြစ်ဒဏ်များ အသီးသီးကျခံခဲ့ကြရဖူးသည်။

ဖီဖာသည် မန်စီးတီးနှင့် နော့ဒ်ဂျဲလန်းတို့ နှစ်သင်းလုံးထံမှနေ၍ အကျိုးတူပူးပေါင်းရေးဆိုင်ရာစာချုပ်ပါ အချက်အလက်နှင့် အထောက်အထားများကို တောင်းခံထားပြီဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့မည်ဆိုပါက အသင်းနှစ်သင်းလုံးကို ကစားသမားသစ်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ တားမြစ်ပိတ်ပင်ခြင်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဖီဖာတာဝန်ရှိသူတစ်ဦးက ရှင်းပြထားသည်။

မန်စီးတီးသည် အခြားသောတစ်ဖက်တွင် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ပြဌာန်းထားသော ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို မသမာသောနည်းလမ်းများ အသုံးပြု၍ လက်တစ်လုံးခြား လုပ်ဆောင်ခဲ့ခြင်းကြောင့်လည်း စစ်ဆေးခံနေရပြီး လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကလည်း ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို အသင်းအားလုံးက တိတိကျကျ လိုက်နာစေရန်အတွက် တစ်စုံတစ်ဦးက တစ်စုံတစ်ခု လုပ်သင့်သောအချိန်တန်နေပြီဖြစ်ကြောင်း မှတ်ချက်ပေးပြောကြားသွားခဲ့သည်။

မန်စီးတီးနှင့် ပီအက်စ်ဂျီတို့သည် ၎င်းတို့နှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းစုများက အသင်းကို တန်ကြေးမြင့်မားသည့် စပွန်ဆာစာချုပ်များ ပေးအပ်ထားသည့်သဖွယ်နည်းလမ်းများဖြင့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို လက်တစ်လုံးခြားလုပ်နေကြခြင်းဖြစ်ပြီး တာဝန်ရှိသူများအနေနှင့် ယခုကိစ္စရပ်တွင် အသင်းကြီးများကို မျက်နှာသာပေးသည့်အပြုအမူမျိုး မလုပ်ဆောင်သင့်ကြောင်းလည်း ဂျာဂင်ကလော့ပ်က ထောက်ပြထားသေးသည်။

ref:The Voice

About the author

လက်ခတ်သံ

Leave a Comment