လူ ၂ ဦးသေဆုံးခဲ့တဲ့ ယာဉ်တိုက် မှုနဲ့ ပါတ်သတ်ပြီး စစ်ဆေးနေပြီ

မန္တလေးက မီးပွိုင့်တစ်ခုမှာ တနေ့ညပိုင်းက လူ ၂ ဦးသေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပါတ်သတ်ပြီး ယာဉ်မောင်းဖြစ်သူကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-ကနဲ့ ဒီကနေ့အမှုဖွင့်လိုက်ကာ မူးယစ်ဆေးဝါး သုံးစွဲထားတာရှိ၊မရှိ ဆက်လက်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ ပြော………………………………

မန္တလေး အောင်မြေသာစံမြို့နယ် ၇၈လမ်း နဲ့ ၂၆လမ်းဆုံရာ မီးပွိုင့်မှာ မနေ့ညပိုင်းက လူ ၂ဦးသေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုမှာ ယာဉ်မောင်းဖြစ်သူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-ကနဲ့ ဒီကနေ့အမှုဖွင့်လိုက်ပြီး မူးယစ်ဆေးဝါးသုံးစွဲထားတာရှိမရှိ ဆက်လက်စစ်ဆေးနေတယ်လို့ အမှတ် ၂ နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မျိုးညွန့်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ဒီယာဉ်တိုက်မှုအပေါ် မတယ(ပ) ၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်ထားပါတယ်၊ ယာဉ်မောင်းကို ဆေးစစ်နေတယ် ယာဉ်ထိန်းကခေါ်သွားပြီး ဆေးစစ်နေတယ်၊ ရမန်ယူပြီးထောင်ပို့မှာပါ” လို့ ပေါ်ပြူလာနယူးစ်ရဲ့ဆက်သွယ်မေးမြန်းမှုနဲ့ပတ်သက်ပြီး စခန်းမှူးကဖြေကြားပေးပါတယ်။

မန္တလေး အောင်မြေသာစံမြို့နယ် ၇၈လမ်း နဲ့ ၂၆လမ်းဆုံရာ မီးပွိုင့်မှာ မနေ့ည ၁၂ နာရီ ၁၅ မိနစ်ခန့်က မီးနီမိနေလို့ ရပ်စောင့်နေတဲ့ ဆိုင်ကယ်တစ်စီးကို ၇၈ လမ်းအတိုင်း တောင်ကနေမြောက်ဆီမောင်းလာတဲ့ ပြိုင်ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်လိုက်တာမှာ ဆိုင်ကယ်ပေါ်ပါလာသူနှစ်ဦးစလုံး သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဆိုင်ကယ်စီးလူငယ်နှစ်ဦးဟာ မောင်လွင်မင်းသန့်(၂၃) နှစ် နဲ့ မောင် ကျော်ဇင်သက် (၂၆) နှစ် တို့ဖြစ်ပြီး အခင်းဖြစ်စဉ်ကစီစီတီဗီမှတ်တမ်းအရ ကားနဲ့ချိတ်ပါခဲ့ပြီး ဒဏ်ရာတွေနဲ့သေဆုံးခဲ့တာလို့သိရပါတယ်။

ဒီဖြစ်စဉ်မှာ TOYOTA Lexus ပြိုင်ကားမောင်းနှင်သူဟာ သန်းထက်အောင် ဆိုသူဖြစ်တယ်လို့ ရဲမှတ်တမ်းအရသိရပြီး ပြင်ပကောလဟလမှာတော့ ဝေဖန်မှုတွေအမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။

‘’ဘာမှအစားထိုးလို့မရဘူး ညကတည်းက တရားခံရောကားရော တစ်ခါထဲမိတာ၊ ကောလဟလတွေမဟုတ်ဘူး ညကတည်းကတစ်ခါထဲမိတာ ဆေးစစ်မယ် ရမန်ယူမယ် ပြီးရင် ထောင်ပို့မယ် ။ယာဉ်ထိန်းကလာခေါ်သွားပြီးပြီ” လို့ စခန်းမှူးရဲအုပ်မျိုးညွန့်ကပြောပါတယ်။

credit:စောထွေး – Popular

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *