KIA က ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကုန်တင်ယာဉ်မောင်း (၄) ဦး ပြန်လွတ်လာ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နွားနွဲ့ကျေးရွာအနီးမှာ KIA အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကုန်တင်ယာဉ်မောင်း ၄ ဦး မနေ့က ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း မူဆယ် ခရိုင်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက RFA သတင်းဌာနကို ပြောခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ညပိုင်းမှာ နွားတွေတင်ဆောင်မော င်းနှင်လာတဲ့ ၁၂ ဘီးကား ၄ စီးက ယာဉ်မောင်းတွေကို KIA အဖွဲ့က ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ပြန်လွတ်လာတဲ့ ယာဉ်မောင်းတွေကို ဖမ်းဆီးခံရချိန်က အခြေအနေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် က RFA ကို ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း နွားနွဲ့ကျေးရွာအနီးမှာ နွားတွေတင်ဆောင်လာတဲ့ ယာဉ် ၂ စီးက ယာဉ်မောင်းတွေကို KIA အဖွဲ့က ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ်မြို့နယ်ကြားက ပြည်ထောင်စုလမ်းပေါ်မှာ ဖြတ်သန်းသွားလာတဲ့ ကုန်တင် ယာဉ်မောင်းတွေကို လက်နက်ကိုင်အဖွဲ့တချို့က မကြာခဏဆိုသလို ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိနေပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာမပြောဘဲ ရက်ပိုင်းအတွင်းမှာပဲ ပြန်လည်လွှတ်ပေးလေ့ရှိတယ်လို့ ကုန်တင် ယာဉ်မောင်းတွေက ပြောကြပါတယ်။

ref:RFA Burmese

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *