တစ်ပတ်ရစ် (F-16s) တိုက်လေယာဉ်တွေ ခရိုအေးရှားဆီ အစ္စရေး ရောင်းချတာကို အမေရိကန် လိုက်လံ ပိတ်ပင်

နေတိုး အဖွဲ့ဝင် တစ်နိုင်ငံဖြစ်တဲ့ ခရိုအေး ရှားနိုင်ငံဆီ အစ္စရေးနိုင်ငံက တစ်ပတ်ရစ် F-16 တိုက်လေ ယာဉ်တွေ ရောင်းချတာကို အမေရိကန်က ပိတ်ပင်လျက် ရှိတယ်လို့ Channel 10 သတင်း ဌာနက ကြာသပတေးနေ့မှာ ဖော်ပြပါတယ်။ ခုနှစ် ဆန်းပိုင်းမှာ ကြေညာခဲ့တဲ့ ဒီ အရောင်းအ၀ယ် သဘော တူညီမှုမှာ အစ္စရေးက ၎င်းရဲ့ လေယာဉ်အုပ်စုမှ အမေရိကန်လုပ် F-16 တိုက်လေယာဉ် တစ်ဒါဇင်ကို ခရိုအေးရှားထံ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

ခရိုအေးရှားနိုင်ငံဟာ ၎င်းရဲ့ ခေတ်မမီတော့တဲ့ ရုရှလုပ် MiG-31s တိုက်လေယာဉ်တွေ နေရာမှာ အစားထိုးဖို့ တင်ဒါခေါ်ထားတာ ဖြစ်ပြီး ဒီတင်ဒါကို ဂရိ၊ တောင်ကိုရီးယား၊ ဆွီဒင်နဲ့ အမေရိကန်တို့လည်း လျှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ခရိုအေးရှား ၀ယ်ယူချင်လာအောင် အစ္စရေးက တစ်ပတ်ရစ် F-16s တိုက်လေယာဉ်တွေမှာ ၎င်းတို့ တီထွင်ထုတ်လုပ်ထားတဲ့ ခေတ်မီ အီလက်ထရောနစ်စနစ်တွေ တပ်ဆင်ပေးပြီး အရောင်းဖြစ်အောင် လုပ်ဆောင်ခဲ့တာကြောင့် ထရမ့်အစိုးရဟာ အမျက်ထွက်ရကြောင်း အမည်မဖော်တဲ့ အစ္စရေးအရာရှိတွေကို ကိုးကားပြီး Channel 10 က သတင်းဖော်ပြပါတယ်။

F-16s လေယာဉ်တွေဟာ အမေရိကန်လုပ်ဖြစ်ပြီး အမေရိကန်ရဲ့ ခွင့်ပြုချက် မရဘဲ တတိယနိုင်ငံကို ပြန်လည်ရောင်းချခွင့်လည်း မရှိတာကြောင့် အစ္စရေးရဲ့ ခုလုပ်ရပ်ဟာ မမျှတတဲ့ အကျိုးဖော်ဆောင်မှုအဖြစ် အမေရိကန်က ယူဆသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလို အရောင်းအ၀ယ် ပိတ်ဆို့ခံရတာကြောင့် ခရိုအေးရှားဟာ ဒေါသတော်တော်လေး ထွက်ရပြီး ဒီအရေးကို အမေရိကန်နဲ့ အဖြေရှာဆွေးနွေးရန် အစ္စရေးကို တိုက်တွန်းထားကြောင်းလည်း ၎င်းအရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ဒီကိစ္စကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုနဲ့ ဘရပ်ဆဲလ်မှာ တွေ့ဆုံချိန်အတွင်း ဆွေးနွေးခဲ့ပါတယ်။
“ကျွန်တော်ကတော့ သဘောတူတယ်။ ဒါပေမယ့် ဒီအရောင်းအ၀ယ်ကို ကာကွယ်ရေးဝန်ကြီး မတ်တစ်က ကန့်ကွက်ထားတာဖြစ်တယ်။”လို့ ပွန်ပီယိုက ပြောကြောင်း Channel 10 က ကိုးကားဖော်ပြခဲ့ပါတယ်။

ဒီ တိုက်လေယာဉ်တွေ အရောင်းအ၀ယ်အတွက် ဇန်န၀ါရီလအတွင်းက နေတန်ယာဟုနဲ့ ခရိုအေးရှား ၀န်ကြီးချုပ်တို့က သဘောတူညီမှုရကြောင်း ကြေညာခဲ့တာ ဖြစ်ပြီး နောက်နှစ်လမှာ ခရိုအေးရှားရဲ့ ထိပ်တန်းကာကွယ်ရေးအဖွဲ့အစည်းက လက်ခံခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံဟာ ၎င်းရဲ့ လေတပ်မှာ အနားပေးထားတဲ့ အိုဟောင်းလေယာဉ်တွေကို ၀ယ်လက် လိုက်ရှာနေလျက်ရှိကြောင်း Hadashot TV သတင်းဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အစ္စရေးလေတပ်မှာ အနားပေးထားတဲ့ လေယာဉ်ဟောင်း အစင်းရေ ၃၀ ခန့် ရှိနေပါတယ်။

Rf; The Times of Israel
Writer_မောင်သံဆင့် ( Daily Hot News )

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *