အီရန်နဲ့ တင်းမာနေချိန်မှာ ပါရှား ပင်လယ်ကွေ့ဆီ လေယာဉ်တင် သင်္ဘောအုပ်စု အမေရိကန် စေလွှတ်

အမေရိကန်ရဲ့ USS John C. Stennis လေယာဉ်တင် သင်္ဘောဦးဆောင်တဲ့ တိုက်ခိုက်ရေးရေယာဉ် အုပ်စုကို ပါရှားပင်လယ်ကွေ့ ဆီ ဦးတည်လို့ ခုတ်မောင်းနေပြီ ဖြစ်ပါတယ်။ ဒီသီတင်းပတ် မကုန်မီ ပါရှားပင်လယ်ကွေ့ဆီမှာ လေယာဉ်တင် သင်္ဘောပါ ရေယာဉ်အုပ်စုကို အမေရိကန်က တပ်ဖြန့််ချထားမှာ ဖြစ်ကြောင်း The Wall Street ဂျာနယ်က ဖော်ပြပါတယ်။ လက်ရှိမှာ ဒီလေယာဉ်တင် သင်္ဘောအုပ်ဟာ တရုတ်ကမ်းရိုးတန်းအလွန် ဖိလစ်ပိုင် ပင်လယ်မှာ စစ်ရေးလေ့ကျင့်နေတာ ဖြစ်ပါတယ်။ အီရန်ကမ်းလွန်ကို ဒီလေယာဉ်တင်သင်္ဘော ရောက်ရှိလာပြီးရင်တော့ ဒီရေပြင်ဧရိယာမှာ အမေရိကန်လေယာဉ်တင် သင်္ဘော တပ်ချထားခြင်း မရှိတဲ့ ရှစ်လတာကာလ အဆုံးသတ်မှာ ဖြစ်ပါတယ်။

ဒီ ပါရှားပင်လယ်ကွေ့မှာ အမေရိကန်ရေယာဉ်တင်သင်္ဘော မရှိခဲ့တဲ့ ဒီ ရှစ်လာတာကာလဟာ သမ္မတဟောင်း ကလင်တန်အစိုးရလက်ထက် ကုလသမဂ္ဂလက်နက်စစ်ဆေးမှုကို ပိတ်ဆို့တာကြောင့် အီရတ်ကို ဗုံးကြဲပြီးကတည်းကစပြီး နှစ် ၂၀ အတွင်း အရှည်ကြာဆုံးကာလပဲ ဖြစ်ပါတယ်။ ပင်တဂွန်အနေနဲ့ အမေရိကန်ရဲ့ စစ်ရေးကို ရုရှနဲ့ တရုတ်ဆီ အာရုံစိုက်ထားရတာကြောင့် အရှေ့အလယ်ပိုင်းဖက် စစ်မျက်နှာ မလှည့်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အိမ်ဖြူတော်က အီရန်ဟာ ထိပ်တန်းအမျိုးသားလုံခြုံရေး ခြိမ်းခြောက်နေတဲ့ နိုင်ငံလို့ ထပ်ဖန်တလဲ ပြောဆိုလာခြင်းနဲ့အတူ ပင်တဂွန်အနေနဲ့ ခုလို ပါရှားပင်လယ်ဖက် စစ်ရေးလှည့်လာတာ ဖြစ်ပုံရတယ်လို့ ဂျာနယ်က ရေးသားဖော်ပြပါတယ်။

ဒီလို လေယာဉ်တင်သင်္ဘော စေလွှတ်ဖို့ လုပ်လာတာဟာလည်း အီရန်နဲ့ တင်းမာမှုတွေ မြင့်သထက် မြင့်မားနေတဲ့ အချိန်ကာလမှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာ အမေရိကန်ဟအီရန်ရဲ့ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ ကုန်စည်ကူးသန်းမှုကဏ္ဍတွေအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ ဒီအတွက် တီဟီရန်ဖက်က လက်စားချေတုံ့ပြန်မှုတွေ လာလိမ့်မယ်လို့ အမေရိကန်ကို သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါမှာ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ဟောမုဇ်ရေလက်ကြားတစ်လျှောက် ရေနံတင်ပို့မှုအားလုံးကို ပိတ်ဆို့ပစ်မယ်လို့ ခြိမ်းခြောက်လာပါတယ်။

“အမေရိကန်အနေနဲ့ သိထားသင့်တယ်။ ကျုပ်တို့ရဲ့ ရေနံကို ကျုပ်တို့ဟာ ဆက်ရောင်းသွားမှာဖြစ်တယ်။ ဒါပေမယ့် အမေရိကန်ဟာ အီရန်ရဲ့ ရေနံတင်ပို့မှုကို ရပ်တန့််အောင် လုပ်လာတယ်ဆိုရင်တော့ ပါရှားပင်လယ်ကွေ့မှာ ဘယ်ရေနံတင်ပို့မှုမှာ ရှိစေမှာ မဟုတ်ဘူး။”လို့ သမ္မတ ရိုဟာနီက သတိပေးလိုက်တာ ဖြစ်ပါတယ်။

Rf; Kurdistan 24
Writer_မောင်သံဆင့် ( Daily Hot News )

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *