AA ၂ ဦး မိုင်းထောင်​ရင်းပေါက်​ကွဲ သေဆုံး





ကိုခိုင်ဇော်
Crd…ks


Unicode

ဒီဇင်ဘာလ (၆)ရက်ည ၂၂:၀၀ နာရီအချိန်မှာ ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာအုပ်စု ထိပ်တူးပေါက်တောင်တန်းအနီး ခန့်မှန်းမြေပုံညွန်း (ဒီတီ-၆၁၀၉၈၇)ဘူးသီးတောင်မှ ရသေ့တောင်သို့သွားသောကားလမ်းမအလယ်တွင် မြေမြုတ်ဗုံးတစ် လုံးပေါက်ကွဲပါတယ်။

သေဆုံးသူနှစ်ဦးရှိပြီး တစ်ဦးမှာ အူထွက် အရုပ်မပီ ဖြစ်နေတာတွေ့ခဲ့ရပြီး ကျန်တစ်ဦးရဲကျောပြင်မှာတော့ ဆေးမှင်ကြောင်ဖြင့် ARAKN ARMY ဆိုပြီး ရေးထိုးထားတာလည်းတွေ့ရပါတယ်။

Image may contain: one or more people and people sitting

သေဆုံးသူများဘေးတွင် မှိုင်းထောင်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများအပါအဝင် ဘတ္ထရီရီမုနှင့်ဝါယာကြိုးခွေတစ်ခု၊ တယ်လီဖုန်းတစ်လုံးအပြင် ပေ၂ဝအကွာအဝေးတွင် ပျက်စီးနေသော Canda ဆိုင်ကယ်တစ်စီးတို့ကို နယ်မြေခံရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှုးတို့မှတွေ့ရှိခဲ့ပါတယ်။

ကိုခိုင်ဇော်
Crd…ks

Image may contain: outdoor

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *