ၾသစေၾတးလ် နိုင်ငံက MQ-9 Reaper UAV များ ဝယ်ယူ တော့မည်

သြစတြေး လျနိုင်ငံသည် အလယ် အလတ် အမြင့်ပေတွင် အချိန်ကြာမြင့်စွာပျံသန်း နိုင်သည့် မောင်းသူမဲ့လေယာဉ် (Medium-Altitude Long-Endurance UAV) အဖြစ် Air 7003 Phase 1 စီမံကိန်းအတွက် လက်နက်တပ်ဆင် အသုံးပြုနိုင်သော MQ-9 Reaper ကို ဝယ်ယူအသုံးပြုသွားမည်ဟု သိရ ပါသည်။

အဆိုပါ မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များကို General Atomics Aeronautical System Inc. မှ တီထွင်ထုတ်လုပ်ထားခြင်းလည်းဖြစ်သည်။

Predator B ဟု လူသိများသော MQ-9 Reaper သည် မြေပြင်မှအမြင့်ပေ ၅၀၀၀ မှ အမြန်နှုန်း လေမိုင် ၁၄၀ KTAS ( Knots True Airspeed ) နှုန်းဖြင့် ၂၇ နာရီကျော်ကြာအောင် ပျံသန်းနိုင်မည်ဖြစ်သည်။ ထို့အပြင် ၎င်းသည် ၁၇၄၆ ကီလိုဂရမ်လေးသောဝန်များကို သယ်ဆောင်နိုင်စွမ်းရှိသည်ဟု General Atomics Aeronautical System ကုမ္ပဏီ၏ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။

ယခုအခါ သြစတြေးလျနိုင်ငံသည် ၎င်းတို့၏ တော်ဝင်လေတပ်တွင် ၂၀၁၇ ခုနှစ် သြဂုတ်လက အနားယူသွားခဲ့သော Israel Aerospace Industries (IAI) မှထုတ်လုပ်သော Heron 1 UAV များ၏နေရာတွင် အစားထိုးသုံးစွဲသွားမည်ဖြစ်ပါသည်။

သြစတြေးလျတော်ဝင်လေတပ်အနေဖြင့် Heron 1 UAV လေးစင်းကို ၂၀၁၀ ပြည့်နှစ်ကတည်းက အသုံးပြုခဲ့ကြခြင်းဖြစ့်ပြီး IAI ကလည်း Air 7003 Phase 1 စီမံကိန်းအတွက် ၎င်း၏Heron TP UAV အမျိုးအစားများကို ထပ်မံကမ်းလှမ်းထားခဲ့ကြောင်း သိရပါသည်။

သို့သော် MQ-9 Reaper သည် သြစတြေးလျနိုင်ငံ၏ ပထမဦးဆုံး လက်နက်တပ်ဆင် အသုံးပြုနိုင်ပြီး အဝေးထိန်းစနစ်ဖြင့် မောင်းနှင်ပျံသန်းနိုင်သော မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်စနစ်အတွက် အသင့် လျော်ဆုံးဖြစ်သည်ဟု သြစတြေးလျကာကွယ်ရေးဝန်ကြီး Christopher Pyne က ပြောကြားခဲ့ပါသည်။

ယခုအခါ Reaper မူကွဲများနှင့်ပတ်သက်သော ဈေးနှုန်းနှင့် ဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမေရိကန်အစိုးရနှင့် တွေ့ဆုံညှိနှိုင်းမှုများဆောင်ရွက်လျက်ရှိကြာင်းလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက jane.com သို့ ပြောကြားခဲ့ပါသည်။

IHL
ref:myanmarnews24

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *