Local News

ဆယ်ဖီ ရိုက်ပြီး ဖေ့ဘွတ် တွင် ကြွားချင်တဲ့ အမျိုးသမီး ဆရာဝန် ယောင်ဆောင်ကာ ဗဟို အမျိုးသမီး ဆေးရုံထဲ ဝင်ရောက်သည့် အတွက် အဖမ်းခံရ

လမ်းမတော်မြို့နယ်၊ ဗဟိုအမျိုး သမီးဆေး ရုံထဲသို့ ဆရာဝန် အယောင် ဆောင်ကာ ဝင်ရောက်လာသည့် အမျိုးသမီး (၁) ဦးကို ဒီဇင်ဘာလ (၇) ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗဟို အမျိုးသမီးဆေးရုံကြီး၊ (E) အဆောင်၊ အခပေးအထူးခန်း (၁၉)၌ ဆေးရုံ တက်ရောက်ကုသနေသော ဒေါက်တာသိင်္ဂီဝင်း၏ အခန်းအတွင်းသို့ ဒီဇင်ဘာလ (၇) ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ဆရာဝန်အယောင်ဆောင်လာသူ အမျိုးသမီး (၁) ဦး ရောက်ရှိနေကြောင်း ဖုန်းဆက်အကြောင်း ကြားသဖြင့် တာဝန်ကျသူနာပြု များမှ လိုက်လံရှာဖွေရာ အဆိုပါအယောင်ဆောင်ဝင်ရောက်လာသည့်အမျိုးသမီးအား အထူးခန်း(၂၂)၌ တွေ့ရှိရပြီး သူနာပြု အုပ် ရုံးခန်းသို့ ခေါ်ဆောင်စစ်မေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ရည်ရွယ်ချက်ကတော့ သူက ဖေ့စ်ဘုတ်မှာ ဆယ်ဖီ လုပ်ချင်တာပါ။ စိတ်မနှံ့သူလည်း မဟုတ်ပါဘူး။ အဲဒါလေး က သူ့ဝါသနာ လေးပေါ့။ အခုလိုဝင်လာတာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီလို့ သိရတယ်။ သူဝင်လာတာကို လူနာတွေက ပြောလို့ သတင်းပေးလို့ သိခဲ့တာ ပါ။ သူ့ယောက်ျားကလည်း သင်္ဘောသား တစ်ယောက်လို့ သိရတယ်” ဟု လမ်းမတော်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါ အမျိုးသမီးမှာ လသာမြို့နယ်(၄)ရပ်ကွက်တွင်နေထိုင်သည့် ရှင်နှောင်း၊ (၃၅)နှစ်ဖြစ်ပြီး ၎င်းထံမှ ဂျူတီကုတ်အင်္ကျီ ၁ ထည်၊ နားကြပ် ၁ ခု၊ ဒေါက်တာ ရှင်နှောင်း(ဗဟိုအမျိုးသမီးဆေးရုံကြီး) စာတမ်းပါ ရင်ထိုး (၁) ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်နှောင်း(ဖမ်းမိ)ကို လမ်းမတော်မြို့မရဲစခန်းက (ပ)၁၇၂/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ- ၁၇၁ (ပြည်သူ့ဝန်ထမ်းဝတ်ဆင်/ ကိုင်ဆောင်သောအဝတ်တန်ဆာများကို လိမ်လည်လိုသော ကြံရွယ်ချက် ဖြင့် ဝတ်ဆင်မှု) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

credit:

About the author

လက်ခတ်သံ

Leave a Comment