တပ်မတော်နဲ့ TNLA တာမိုးညဲမှာ တိုက်ပွဲဖြစ်ပြီး အရပ်သား (၄) ဦးဒဏ်ရာရ

ကွတ်ခိုင် ဒီဇင်ဘာ ၈

မနေ့ည က ကွတ်ခိုင်မြို့နယ် တာမိုးညဲမှာ တိုက်ပွဲဖြစ်ပွားလို့ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တာမိုးညဲကို နယ်မြေခံတပ်ရင်းကို TNLAက လာရောက်ပစ်ခတ်ရာကနေ တပ်မတော်နဲ့ TNLA အကြားတိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံထံကနေ သတင်းရရှိပါတယ်။

တိုက်ပွဲဟာ ည ၉ နာရီလောက်အထိဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မြို့ပေါ်ရပ်ကွက် ၂ ဧရိယာအတွင်းတည်ရှိနေတာကြောင့် ရပ်ကွက် ၂ ဒေသခံအရပ်သား ၄ ဦးကျည်ထိမှန်ခဲ့တယ်လို့သိရပါတယ်။

“တစ်ဦးကတော့ခေါင်းထိတဲ့အတွက် စိုးရိမ်ရတယ်လို့ပြောရမှာပဲ”လို့ တာမိုးညဲဒေသခံတစ်ဦးကပြောပါတယ်။

တာမိုးညဲမှာ အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေ့မှာပဲ ကွတ်ခိုင်မြို့အနီးမှာ တပ်မတော်နဲ့ TNLA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဉ်မှာ ဒေသခံအရပ်သားတွေထိခိုက်မှုမရှိခဲ့ပေမယ့် ရပ်ကွက် ၅ ကနေအိမ်တစ်လုံးထဲကို လက်နက်ကြီးကျည် မော်တာဆံ ၂ ဆံကျရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ပေါက်ကွဲမှုမဖြစ်ပွားခဲ့ပါဘူး။

ref:PN

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *