“ရှမ်းပြည်နယ် တိုးတက်ရန် ငြိမ်းချမ်းရေးလို” ဟု မန်းတိုင်း ဝန်ကြီးချုပ်ပြော

ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက် ရန်အတွက် ငြိမ်းချမ်းရေးရ ဖို့လိုအပ်ကြောင်း မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ရှမ်းနှစ် သစ်ကူး အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

၂၁၁၃ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၅ လမ်း၊ ၆၅ လမ်း နှင့် ၆၆ လမ်းကြားရှိ ရှမ်းတိုင်းရင်းသား သာရေးနာရေး အသင်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း က ကျင်းပခဲ့သည်။

“ကျွန်တော် ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်တာ မြင်ချင်ပါတယ် ။ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့လိုပါတယ် ။ ဒါတွေ ကျွန်တော်တို့ ကြိုးစားသင့်တယ်” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရအနေဖြင့် အဓိကလုပ်ဆောင်နေသည့် အရာသည် အမျိုးသားရင်ကြားစေ့ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ဗမာစစ်စစ်ပါ ။ဒါပေမယ့် ကျွန်တော့ရင်ထဲမှာ အမြဲရှိနေတာက တိုင်းရင်းသားအားလုံးကို ချစ်တတ်တဲ့ ဗမာတစ်ဦးပါ ။ကျွန်တော် အသက်ရှင်နေသမျှကာလပတ်လုံး ကျွန်တော့ ညီကိုမောင်နှမတွေ အတွက်ပေးဆပ်သွားမယ်လို့ ကတိပေးပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

ref:The Fifth Wave News

နှစ်သက်ရင် Share သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *