International News

စီရော်နယ်ဒို၏ မျိုးဗီဇကို ပေးပို့ပေးပါရန် လတ်စ်ဗီးဂတ်စ် ရဲတပ်ဖွဲ့ တရားဝင် ၀ရမ်းထုတ် တောင်းခံ

အမေရိကန် ပြည်ထောင်စု အခြေစိုက် လတ်စ်ဗီးဂတ်စ် ရဲတပ်ဖွဲ့သည် ဂျူဗင်တပ် တိုက်စစ်မှူးစီရော်နယ်ဒို၏မျိုးဗီဇ (ဒီအင်န်အေ) ကို ရရှိရန်အတွက် အီတလီ တရားစီရင်ရေးတာဝန်ရှိသူများထံသို့  တရားဝင် ၀ရမ်းပေးပို့ကာ တောင်းခံလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လတ်စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့သည် စီရော်နယ်ဒို၏အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရပါသည်ဟု အမှုဖွင့်တိုင်ကြားထားသော ကိုယ်ဟန်ပြမယ် ကက်သရင်း မာယော်ဂါထံမှနေ၍ သက်သေအဖြစ် ပေးပို့ထားသော အ၀တ်အစားများရှိ မျိုးဗီဇများနှင့် စီရော်နယ်ဒို၏မျိုးဗီဇတို့ ကိုက်ညီခြင်း ရှိ၊ မရှိကို တိုက်ဆိုင်စစ်ဆေးရန်အတွက် ယခုကဲ့သို့ ၀ရမ်းထုတ်တောင်းခံလိုက်ခြင်းဖြစ်ပြီး စီရော်နယ်ဒိုကမူ လက်ရှိအချိန်တိုင်သည်အထိ ၎င်းမှာ မာယော်ဂါကို အဒမ္မပြုကျင့်ခြင်း လုံးဝမရှိခဲ့ကြောင်း အခိုင်အမာ ငြင်းဆိုထားဆဲဖြစ်သည်။

မာယော်ဂါသည် စီရော်နယ်ဒိုမှာ သူမငြင်းဆန်နေသည့်ကြားမှနေ၍ အတင်းအကျပ် ဆွဲလှဲကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများရှေ့တွင် ထွက်ဆိုထားပြီး ယင်းသို့ပြုကျင့်ပြီးနောက် သူမ ရေချိုးခန်းဝင်နေချိန်တွင် စီရော်နယ်ဒိုကလာရောက်၍ ဒူးထောက်တောင်းပန်ခဲ့ကြောင်းလည်း မာယော်ဂါက ရှင်းပြထားသည်။

စီရော်နယ်ဒိုသည် လွန်ခဲ့သည့်ကိုးနှစ်ခန့်က နွေရာသီကာလ အပန်းဖြေခရီးအဖြစ် လတ်စ်ဗီးဂတ်စ်မြို့သို့ သွားရောက်ခဲ့ရာတွင် Rain(မိုး)အမည်ရ ညကလပ်တစ်ခု၌ မာယော်ဂါနှင့်ဆုံဆည်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့ဆုံတွေ့သည့်ည၌ပင်လျှင် စီရော်နယ်ဒိုက မာယော်ဂါကို ၎င်းတည်းခိုရာ Palms(ထင်းရှူးပင်များ)ဇိမ်ခံအပန်းဖြေရိပ်သာသို့ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်လိုက်ခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် အစောပိုင်း၌ ၎င်း၏အကျိုးဆောင်ရှေ့နေများနှင့်တိုင်ပင်၍ မာယော်ဂါကို ယခုကိစ္စရပ် မပေါက်ကြားစေရန် တာဝန်ယူရမည်ဟု ကတိတောင်းခံကာ နှုတ်ပိတ်ခအဖြစ် ပေါင် ၂၈၇,၀၀၀ ပေးထားခဲ့ပြီး လက်ရှိတွင် မျိုးဗီဇချင်းတိုက်ဆိုင်စစ်ဆေးရာ၌ ထပ်တူကျကြောင်း အဖြေတစ်ရပ် ထွက်ပေါ်လာခဲ့မည်ဆိုပါက လတ်စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့မှာ စီရော်နယ်ဒိုကို ဖမ်းဝရမ်းထုတ်ရန် စီစဉ်ဖွယ်ရှိနေသည်။

ref:The Voice

About the author

လက်ခတ်သံ

Leave a Comment