ထရန့်နှင့်ကင်တို့၏ ဒုတိယအကြိမ် ထိပ်သီး ဆွေးနွေးပွဲ တရုတ်ထောက်ခံ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် တရုတ်နိုင်ငံသို့ ရုတ်တရက် အလည်အပတ် သွားရောက် သည့်ခရီးစဉ်မှာ ပြီးဆုံးပြီဖြစ်၍ အမိနိုင်ငံသို့ ပြန်လည် ထွက်ခွာလာပြီဖြစ်ကြောင်း၊ ဖြစ်နိုင်ဖွယ် အလားအလာရှိ သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒုတိယ အကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို တရုတ် အစိုးရက ထောက်ခံကြောင်း နိုင်ငံပိုင် သတင်းမီဒီယာက ထုတ်ပြန်သည်။

မစ္စတာထရန့်နှင့် မစ္စတာကင်တို့သည် ပြီးခဲ့သည့်နှစ် ဇွန်လက ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သော်လည်း နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်သည့် တိုးတက်မှုမှာ နှောင့်နှေးကြန့်ကြာနေသည်။

အဆိုပါခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုသည် အပြန်အလှန် ခရီးတစ်ဝက်သို့ ရောက်ရှိနေပြီဟု မျှော်မှန်းရကြောင်း တရုတ်သမ္မတရှီကျင်းပင်က ပြောကြားထားသည်ဟု ဆင်ဟွာသတင်းအေဂျင်စီက ထုတ်ပြန်သည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ အဓိက မဟာမိတ်ဖြစ်ပြီး အဓိကကျသော ကုန်သွယ်ရေးမိတ်ဖက်လည်းဖြစ်သည်။

နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့်ပတ်သက်၍ တိုးတက်မှုမရှိသည့်အပေါ် မစ္စတာကင်က စိုးရိမ်ပူပန် နေသော်လည်း မပြောင်းလဲဘဲ ရှိနေသော ဆွေးနွေးမှုများမှတစ်ဆင့် ငြိမ်းချမ်းစွာဖြေရှင်းခြင်းသည် ပြုံယမ်း၏ အခြေခံကျသောအနေအထားဖြစ်ကြောင်း ပြောကြားထားသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းမီဒီယာက ထုတ်ပြန်သည်။

credit:The Standard Time Daily

Leave a Reply

Your email address will not be published. Required fields are marked *