International News

စီရော်နယ်ဒိုက မန်ယူထံတွင် ကစားသမား ဘ၀ဖြတ်သန်းခဲ့သော ကာလအတွင်း နေထိုင်ခဲ့သော ဇိမ်ခံစံအိမ်ကို အရှုံးခံ၍ ပြန်ရောင်း

Written by LatKhat Than

ဂျူဗင်တပ် တိုက်စစ်မှူး စီရော်နယ်ဒို သည် မန်ယူထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ် ကာလအတွင်း နေထိုင် ခဲ့သည့် ဇိမ်ခံစံအိမ်ကို အရှုံးခံ၍ ပြန်ရောင်း ထုတ်လိုက်ပြီဖြစ်ကြောင်း (Daily Mail) က ဖော်ပြထားသည်။




credit:dvb news

unicode version

ဂျူဗင်တပ််် တိုက််််စစ်မှူး စီရော်နယ်််ဒို သည် မန်ယူထံတွင် ကစားသမားဘဝဖြတ်သန်းခဲ့စဉ်် ကာလအတွင်း နေထိုင််် ခဲ့သည့် ဇိမ်််ခံစံအိမ်််ကို အရှုံးခံ၍ ပြန်ရောင်း ထုတ်လိုက်ပြီဖြစ်ကြောင်း (Daily Mail) က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ယင်းဇိမ်ခံစံအိမ်ကို ၂၀၀၈ ခုနှစ်တွင် ပေါင် ၃ ဒသမ ၈၉၅ သန်း အကုန်အကျခံကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုပြန်လည်ရောင်းထုတ်ချိန်တွင် စီရော်နယ်ဒိုက ပေါင် ၃ ဒသမ ၂၅ သန်းသာရရှိခဲ့၍ ပေါင် ၆၄၅,၀၀၀ ရှုံးသွားခဲ့ခြင်းဖြစ်ကြောင်း ယင်းစံအိမ်ရောင်းချရေးတွင် ကြားခံဆက်သွယ်ညှိနှိုင်းပေးသူများက ထုတ်ဖော်အသိပေးသွားခဲ့သည်။

စီရော်နယ်ဒိုသည် မန်ယူကစားသမားဘဝဖြတ်သန်းမှုတစ်လျှောက်လုံးနီးပါးကို အသင်းပိုင်ဆိုင်သည့် ဝုဒ်ဖို့ဒ်အရပ်တွင်ရှိသော နေအိမ်တွင် နေထိုင်ခဲ့ပြီး ယခုရောင်းချလိုက်သည့် ချက်စ်ရှိုင်းယားအရပ်တွင်ရှိသော ဇိမ်ခံစံအိမ်ကို ရီးရဲလ်မက်ဒရစ်ထံသို့ မပြောင်းရွှေ့မီ တစ်နှစ်အလိုတွင်မှ စီရော်နယ်ဒိုက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒို လက်လွှဲရောင်းချလိုက်သော ချက်စ်ရှိုင်းယားအရပ်ရှိ စံအိမ်ကြီးတွင် အိမ်ခန်းကျယ်ငါးခန်း ပါရှိပြီး နေအိမ်တွင်း ရေကူးကန်၊ နေအိမ်တွင်း ကိုယ်ကာယလေ့ကျင့်ရေးစင်တာနှင့် နေအိမ်တွင်း ရုပ်ရှင်ရုံတို့ကိုလည်း နေအိမ်ဆောက်လုပ်သူများက တစ်ပါတည်းထည့်သွင်းပေးထားခဲ့သည်။

credit:dvb news

About the author

LatKhat Than

Leave a Comment